inputs
stringlengths
13
2.28k
targets
stringlengths
2
9.87k
language
stringclasses
1 value
language_code
stringclasses
1 value
annotation_type
stringclasses
2 values
user_id
stringclasses
21 values
မေးခွန်း- ၂၀၁၆ ခုနှစ်အတွက် ဗြိတိန်ရဲ့ နောက်ဆုံး Top Model ဆုကို ဘယ်သူရခဲ့လဲ အဖြေက
Chloe Keenan
Burmese
mya
re-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
ခွေးကြီးမျိုးစိတ် ၅ မျိုးကို အမည်ပေးပါ
Golden Retriever, Labrador Retriever, Poodle, Great Dane, နှင့် Boxers တို့ဖြစ်ကြသည်။
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
တိုက်တန်းနစ်ရဲ့ ပိုင်ရှင်အစစ်က ဘယ်သူလဲ။
RMS Titanic သည် အမှန်တကယ်တွင် အမေရိကန်တစ်ဦး ပိုင်ဆိုင်သည် ။ RMS Titanic သင်္ဘောကို ဗြိတိန်သင်္ဘောအဖြစ် မှတ်ပုံတင်ထားသော်လည်း ၎င်းကို အမေရိကန်သူဌေးကြီး John Pierpont (J.P.) Morgan က ပိုင်ဆိုင်ထားပြီး သူ၏ကုမ္ပဏီသည် White Star Line ၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ထားကာ ယုံကြည်စိတ်ချမှုကို ဆက်လက်ထိန်းသိမ်းထားသည်။ သူ၏ US Steel၊ General Electric နှင့် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း JP Morgan Chase & Co တို့လည်း ယနေ့အထိ ကြီးထွားနေဆဲဖြစ်သည်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ကင်ဆာ အကြောင်း အမေးအဖြေပုံစံ ရေးပြပါ။
ကင်ဆာက နာမည်ကြားတာနဲ့ ကြောက်စရာကောင်းတယ်။ ကိုယ်တိုင်မဟုတ်တောင် ကိုယ့်မိဘဆွေမျိုး၊ သူငယ်ချင်းတွေထဲမှာ ကင်ဆာနဲ့ စစ်ခင်းရတာတွေ အများကြီး ကြားဖူးလိမ့်မယ်။ တချို့တွေလည်း သေခြင်းတရားကို အနိုင်တိုက်နိုင်ပေမယ့် အများစုကတော့ အရှုံးပေးသွားကြရတယ်။ ကင်ဆာဆိုရင်ကို သေမိန့်ကျသလို ခံစားကြရတယ်မလား။ ကင်ဆာတွေက ကြောက်စရာကောင်းတာမှန်ပေမယ့် ကာကွယ်လို့လည်း ရတယ်။ ကင်ဆာတော်တော်များများကို ကျန်းမာတဲ့ အစားအသောက်အနေအထိုင်ပုံစံရယ်၊ ဆေးမှန်မှန်စစ်တာရယ်နဲ့ ကာကွယ်နိုင်တယ်။ တချို့ မျိုးရိုးနဲ့အများကြီးသက်ဆိုင်တဲ့ ကင်ဆာတွေတောင်မှ နေထိုင်စားသောက်မှုကိုသေချာလုပ်၊ ဆေးမှန်မှန်စစ်ပြီးတော့ ကာကွယ်သွားနိုင်တယ်။ အဲဒီထဲကမှ ထူးထူးခြားခြား ကာကွယ်ဆေးထိုးပြီး မဖြစ်အောင်ကာကွယ်လို့ရတဲ့ ကင်ဆာတွေလည်းရှိသေးတယ်။ ၁။ ကင်ဆာကို ကာကွယ်ဆေးထိုးလို့ရတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား ကင်ဆာဆိုတာ ဆဲလ်တွေ မူမမှန်ဖြစ်တာကြောင့် အထိန်းအကွပ်မဲ့ပွားကုန်ပြီး ခန္ဓာကိုယ်ကို ဒုက္ခပေးတာလို့ အကြမ်းဖျင်းပြောလို့ရတယ်။ ပြောရရင် အပြင်က ပြဿနာကြောင့်မဟုတ်ဘဲ ကိုယ်တွင်းက ပြဿနာကြောင်လို့ ပြောရမှာပေါ့။ အဲဒီမှာ ထူးထူးခြားခြား ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကင်ဆာတွေလည်းရှိတယ်။ အဖြစ်များတာက သားအိမ်ခေါင်းကင်ဆာနဲ့ အသည်းကင်ဆာပါ။ သားအိမ်ခေါင်းကင်ဆာက Human Papilloma Virus (HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်နိုင်ပြီး အသည်းကင်ဆာကတော့ Hepatitis B လို့ခေါ်တဲ့ အသည်းရောင်ဘီပိုးကြောင့် ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့ အဲဒီဗိုင်းရပ်စ်မကူးစက်အောင် ကာကွယ်ဆေးထိုးပြီး ကင်ဆာကို ကာကွယ်လို့ရတယ်။ ၂။ အကောင်ငယ်ပေမယ့် အဆိပ်ပြင်းတဲ့ HPV HPV က သားအိမ်ခေါင်းကင်ဆာတစ်ခုတည်းဖြစ်စေတာမဟုတ်ဘူး။ အမျိုးသမီးတွေမှာပဲ ဖြစ်စေတာလည်းမဟုတ်ဘူး။ သားအိမ်ခေါင်းအပြင် မိန်းမကိုယ်ကင်ဆာ၊ စအိုကင်ဆာတွေကိုလည်း ဖြစ်စေနိုင်တယ်။ အမျိုးသားတွေမှာဆိုရင် လိင်တံကင်ဆာဖြစ်နိုင်တယ်။ ဒါ့အပြင် အမျိုးသားရော အမျိုးသမီးရောမှာ လည်ချောင်းကင်ဆာနဲ့ လိင်အင်္ဂါကြွက်နို့တွေကိုလည်း ဖြစ်စေနိုင်တယ်။ ၃။ ဘယ်ကနေ ဘယ်လိုစဖြစ်တာလဲ HPV ဟာ လိင်ကနေတဆင့်ကူးစက်ပါတယ်။ HPV ပိုးရှိနေသူနဲ့ လိင်ဆက်ဆံတာ၊ ပါးစပ်နဲ့ ဆက်ဆံတာအကုန်လုံးမှာ HPV ကူးစက်နိုင်တယ်။ ထိုးသွင်းဆက်ဆံမှုမဟုတ်ဘဲ ပွတ်သပ်ပြီးအတွင်းကျကျ ထိတွေ့ရင်လည်း ကူးတယ်။ ပြဿနာက HPV ရှိနေပေမယ့်လည်း ရောဂါလက္ခဏာမပြဘဲ အဲဒီလူကနေတဆင့် တခြားသူတွေကို ပြန်ကူးစက်နိုင်တာပဲ။ လိင်အင်္ဂါကြွက်နို့မြင်နေရင်တော့ ဒါက ဖြစ်နေပြီဆိုတာ သိနိုင်တာပေါ့။ ဒါပေမယ့် အများစုမှာကျ လက္ခဏာမပြဘဲရှိနေနိုင်တယ်။ အရမ်းအဖြစ်များလို့ ကိုယ်က လိင်ကိစ္စရှိတယ်ဆိုရင်ကိုပဲ HPV က ကူးစက်နေနိုင်တယ်။ ၄။ ဘာလို့ကြောက်ဖို့ကောင်းတာလဲ HPV က ကူးစက်ပြီးပြီဆိုရင် လုံးဝအရှင်းပျောက်သွားအောင် ကုသဖို့ခက်တယ်။ အချိန်အကြာကြီး ဘာမှမဖြစ်ဘဲ ကိုယ်ခံအားကျတဲ့အခါကျမှ ရောဂါလက္ခဏာတွေစပြတာလည်း ဖြစ်နိုင်တယ်။ ကုပြီးလည်း အရှင်းပျောက်သွားတာမျိုးမဟုတ်ဘဲ နောက်တစ်ကြိမ်ပြန်ပြန်ဖြစ်နိုင်တယ်။ လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေထဲ အရမ်းကူးစက်မှုနှုန်းမြင့်တယ်။ ၅။ ဘယ်လိုလူတွေ ကူးစက်နိုင်လဲ လိင်ကိစ္စရှိတဲ့သူတိုင်း ကူးစက်နိုင်တယ်။ လိင်ဆက်ဆံဖော်များလေ ကူးစက်နိုင်ခြေပိုမြင့်လေပါ။ ကိုယ်က ဆက်ဆံဖော်မများပေမယ့် ကိုယ့်အဖော်က များတယ်ဆိုလည်း ကူးစက်နိုင်တယ်။ ကိုယ်ခံအားကျနေတဲ့သူတွေ ဥပမာ HIV/AIDS ဖြစ်နေသူတွေ၊ စတီးရွိုက်သောက်နေရသူတွေမှာ ပိုကူးစက်နိုင်ပြီး ရောဂါလက္ခဏာလည်းပိုပြတယ်။ ကြွက်နို့နဲ့ထိတွေ့ထားတဲ့နေရာတွေကို အကာအကွယ်မပါဘဲ ထိတွေ့မိတာတွေမှာလည်း ကူးစက်နိုင်တယ်။ ဥပမာ အများသုံး သန့်စင်ခန်းတွေ၊ ရေချိုးကန်တွေနဲ့ ရေကူးကန်လိုနေရာမျိုးတွေပါ။ ၆။ ကာကွယ်ခြင်းက အကောင်းဆုံးကုသခြင်းပါ အပေါ်မှာပြောထားသလိုပဲ HPV ဟာ ဖြစ်တဲ့အခါမှကုရင် ကုသရတာ တအားခက်ခဲတယ်။ HPV ကြောင့်ဖြစ်တဲ့ ကင်ဆာနဲ့ ကြွက်နို့တွေကို ကာကွယ်နိုင်ဖို့အတွက် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံဖော်အရေအတွက်ကိုလျှော့ပါ။ လူတိုင်းဟာ HPV ရှိနေနိုင်တယ်ဆိုတာကိုသတိရပါ။ အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးထိုးပါ။ ကင်ဆာကိုရော ကုသရအရမ်းခက်ပြီး ရုပ်ဆိုးပန်းဆိုးဖြစ်စေတဲ့ ကြွက်နို့ကိုပါ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတယ်။ ၇။ ကာကွယ်ဆေးအကြောင်း HPV ကာကွယ်ဆေးကို လိင်ဆက်ဆံမှုလုံးဝမရှိသေးချိန် အသက် ၉နှစ်လောက်ကနေ စထိုးလို့ရတယ်။ အသက် ၄၅နှစ်ထိ ထိုးလို့ရတယ်။ အသက် ၂၇ နောက်ပိုင်းမှာ ထိုးဖို့ကိုသိပ်ပြီး အကြံမပေးတော့ဘူး။ အသက် ၂၇ ကျော်ရင် လိင်ဆက်ဆံဖော်လည်းများလာပြီ။ ကာကွယ်ဆေးဖြစ်လို့ အရင်ကတည်းက ကူးစက်ခံထားရပြီးပြီဆိုရင် မထူးတော့ဘူးဖြစ်တာကြောင့်ပါ။ ဒါပေမယ့် ကူးစက်ခံရမှုမရှိသေးဘူး၊ လိင်ဆက်ဆံဖော်လည်းမများဘူး၊ ရောဂါလည်းမဖြစ်ဖူးသေးဘူး၊ ထိုးချင်တယ်ဆိုရင်တော့ ထိုးလို့ရပါတယ်။ ကိုယ်ဝန်ရှိနေရင်၊ ဒီကာကွယ်ဆေးနဲ့ ဓာတ်မတည့်ရင် မထိုးသင့်ပါဘူး။ ၂ကြိမ် ဒါမှမဟုတ် ၃ကြိမ်။ ဘယ်အမျိုးအစားလဲပေါ်မှာမူတည်တယ်။ ၁၄နှစ်အောက်တွေဆို ပထမအကြိမ်နဲ့ ၆လခြားပြီး ဒုတိယကြိမ်ထိုးရင်ရတယ်။ ၁၅နှစ်ကနေ နောက်ပိုင်းမှာ ပထမကြိမ်၊ တစ်လခြားပြီး ဒုတိယအကြိမ်နဲ့ ၆လမှာ တတိယကြိမ်ထိုးရမယ်။ အနည်းဆုံး ၁၀ နှစ်ကာကွယ်နိုင်တယ်။ အဲဒီထက်လည်း ပိုနိုင်တယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဆောင်းပါးကို အနှစ်ချုပ်ပါ။ အလက်စတာ ကွတ်ခ်သည် နည်းပြ၊ အသင်းဖော်များနှင့် ရွေးချယ်သူများ၏ အပြည့်အဝ ထောက်ခံမှုကို ရရှိနေဆဲဖြစ်ပြီး ၄ ပွဲတွင် အနိုင်မရသေးပေ။ ဒါပေမဲ့ ဒီနွေရာသီ Ashes ပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ဦးဆောင်ဖို့ မျှော်လင့်ချက်က အိမ်မှာ ဖြစ်ပျက်နေတာနဲ့ ဆက်စပ်နေတယ်။ ECB ဥက္ကဋ္ဌသစ် Colin Graves၊ အမှုဆောင်အရာရှိချုပ် Tom Harrison နဲ့ နောက်ဆုံး Cricket ဒါရိုက်တာလုပ်တဲ့လူတို့ရဲ့ ထင်မြင်ချက်တွေက Caribbean မှာရှိတဲ့ ဘယ်သူမဆို တွေးတာထက် အများကြီး ပိုအရေးပါတယ်။ Cook ဟာ ပြီးခဲ့တဲ့ နွေရာသီက သူ့ရဲ့ နောက်ဆုံး လေးပွဲမှာ ရခဲ့တဲ့ ရာစုဝက်ဂိုး သုံးပွဲဟာ အခုဆို အရေးမပါတော့ဘူး၊ သူဟာ အလုပ်အတွက် အကောင်းဆုံးလူဖြစ်တုန်းဆိုတာကို သက်သေပြဖို့ တိုက်ပွဲဟာ အရေးပါတဲ့ အချိန်ကို ချဉ်းကပ်လာနေလို့ပါ။ အင်္ဂလန်ကက်ပတိန် Alastair Cook ဟာ ၂၀၁၃ ခုနှစ် မေလကတည်းက စမ်းသပ်ရာသီတစ်ပွဲကို မသွင်းနိုင်ခဲ့တာကို စိတ်ပူနေခြင်းမရှိပါဘူး။ Cook ဟာ Test ရာသီတစ်ပွဲ မသွင်းနိုင်ခဲ့သော်လည်း အင်္ဂလန်ရဲ့ ဦးဆောင်ရာသီဖန်တီးသူအဖြစ် ဆက်လက်ရှိနေဆဲပါ။ အင်္ဂလန်နိုင်ငံ၏ ဒုတိယအကြိမ်မြောက် ပွဲစဉ်အတွက် ပြင်ဆင်နေသော ကွတ်ခ် နှင့် သူ၏ အသင်းဖော်များ။ ဤနေရာမှ စတင်မည့် ဒုတိယ စမ်းသပ်မှုသည် Cook အတွက် အတိအကျမဟုတ်သော်လည်း အခြား အင်္ဂလိပ်လူမျိုးများထက် စမ်းသပ်မှုရာစုများ ပိုမိုရရှိထားသော ၎င်း၏ အသက်မွေးမှုတွင် မည်သည့်အချိန်တွင်မဆို ၎င်းသည် ပြေးပွဲနှင့်အောင်ပွဲကို လိုအပ်သည်။ Graves နှင့် Harrison တို့က Paul Downton ကို အမှုဆောင် ဒါရိုက်တာအဖြစ်မှ ထုတ်ပယ်ရန် ဆုံးဖြတ်ချက်နှင့် ၎င်းကို အစားထိုးရန် "အချုပ်အခြာအာဏာ" အသစ်ရှာဖွေနေကြောင်း ကြေညာချက်သည် Cook နှင့် Peter Moores တို့ကို အရင်ကထက် ပို၍ ဖိအားပေးခဲ့သည်။ အဓိပ္ပာယ်အရတော့ ECB ရဲ့ အာဏာသစ်ဟာ Downton ရဲ့ စိတ်ဒဏ်ရာရတဲ့ ၁၄ လအတွင်း ပြုလုပ်ခဲ့တဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မပျော်နိုင်ပါဘူး။ ဒါတွေဟာ Moores ကို နည်းပြအဖြစ် ပြန်လည်ခေါ်ယူခြင်းနဲ့ Cook ရဲ့ ဆက်လက် ထောက်ခံမှုထက် ပိုကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ မရှိသလောက်ပါ။ အင်္ဂလန်သည် အန်တီဂွာတွင် အောင်ပွဲခံရန် မွန်တီပိုက်သွန်း၏ ဖရဲပင်ထက် ပိုမိုသေသော ကွင်းအား မလုပ်နိုင်ခဲ့သော်လည်း အနောက်အိန္ဒိယကို မနိုင်နိုင်ခဲ့ခြင်းကြောင့် ကျန်ရှိသည့် စမ်းသပ်ပွဲနှစ်ပွဲသည် အရေးကြီးခဲ့သည်။ Cook သည်ပထမဆုံးစမ်းသပ်မှု၏အများအပြားအတွက်တက်ကြွပြီးစိတ်ကူးဉာဏ်ရှိသော်လည်းသူသည်အဓိကအားဖြင့် စံပြကက်ပတိန်တစ်ဦးဖြစ်ပြီး အခုသူသည်စမ်းသပ်မှုတစ်ရာစုမရှိဘဲ ၃၃ ပွဲကစားထားသည်။ အဲဒီ ၃၃ ပွဲထဲက ၂၁ ပွဲမှာ သူဟာ ၂၅ ပွဲကို မကျော်နိုင်ခဲ့ဘူး။
Alastair Cook ဟာ စင်္ကာပူမှာ ၃၃ ပွဲကစားပြီး ၁ ရာစုဂိုးမသွင်းနိုင်ခဲ့ပါဘူး။ အသက် ၃၀ အရွယ် ဂျော့ချ်ဟာ အင်္ဂလန်ရဲ့ စက္ကန့် ၁၀၀ ကျော်မြောက် ကစားသမား ဖြစ်နေဆဲ ဖြစ်ပါတယ်။ Cook ဟာ သူ့နည်းပညာကို လေ့လာဖို့ သူ့ကိုယ်တိုင်ရဲ့ ဗီဒီယိုဟောင်းတွေကို ကြည့်နေတယ်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်က ဘယ်သူလဲ။
လူတစ်ဦးစီ၏ အသားတင် စုစုပေါင်းတန်ဖိုးကို ၎င်းတို့၏ အစီရင်ခံထားသော ပိုင်ဆိုင်မှုများ၊ ကြွေးမြီများနှင့် အခြားထည့်သွင်းစဉ်းစားမှုများအတွက် စာရင်းအင်းများပေါ်တွင် အခြေခံ၍ ခန့်မှန်းတွက်ချက်ပါသည်။ အဆင့်သတ်မှတ်ချက်သည် လူတစ်ဦးစီ၏ အသားတင်တန်ဖိုးကို US ဒေါ်လာဖြင့် ထုတ်ပြန်ထားပြီး ဤအဆင့်သတ်မှတ်ချက်များတွင် မင်းမျိုးမင်းနွယ်များ သို့မဟုတ် ချမ်းသာကြွယ်ဝသော အာဏာရှင်များ မပါဝင်ပါ။ ၂၀၂၃ ခုနှစ် သြဂုတ်လအထိ ကမ္ဘာ့အချမ်းသာဆုံး ၁၀ ဦးစာရင်း Elon Musk သည် Billionaires စာရင်းတွင် ပထမနေရာတွင် ရပ်တည်နေသည်။ သူသည် အသားတင်ပိုင်ဆိုင်မှု $239.3B ဖြင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သူသည် Telsa နှင့် SpaceX တို့မှ သူ၏ ကြွယ်ဝမှု၏ သိသာထင်ရှားသော အစိတ်အပိုင်းတစ်ခုကို ရရှိနေသည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
အောက်ပါဝါကျကို ဖြည့်ပါ။ တတိယနဲ့ စတုတ္ထ အိုလံပစ်တွေမှာ ဗြိတိသျှ အင်ပါယာ အသင်းကို ကိုယ်စားပြုပါတယ်။
၁၉၂၇ ခု လန်ဒန်ပြိုင်ပွဲမှာ အသင်းတစ်သင်း ကြေးတံဆိပ်ရခဲ့တယ်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မိန်းမတွေကို ဘာလို့နေရာပိုပေးနေရတာလဲ၊ လိင်တန်းတူညီမျှရေးအရဆို အတူတူပဲ ဖြစ်ရမှာမဟုတ်ဘူးလား (မိန်းမနေရာမှာ မျိုးနွယ်စု၊ တခြားနိုင်ငံမှာဆို လူမည်း၊ လူညို၊ အာရှသား စသဖြင့် ထည့်ကြည့်လို့ရပါတယ်)
ဘာဖြစ်လို့ တန်းတူညီမျှရေးအကြောင်းပြောပြီး အတူတူမထားနိုင်ဘဲ ပိုအခွင့်အရေးပေးနေရလဲဆိုတဲ့မေးခွန်းအတွက် အဖြေက "တစ်သက်လုံး အဖိနှိပ်ခံတွေ ဖြစ်လာလို့"ပါပဲ။ တခြားဟာဘာမှမပြောခင် သတိပေးချင်တာက အမေရိကားလို နိုင်ငံမှာတောင် အသက်ပြည့်တဲ့မိန်းမတွေ မဲပေးခွင့်ရတာ အခုမှ ၉၅နှစ်ပဲရှိပါသေးတယ်။ ၉၅နှစ်ဆိုတာ သမိုင်းကြောင်းအရကြည့်ရင် ဘာမှ ကြာသေးတာမဟုတ်ပါဘူး။ ဆီထည့်မောင်းလို့ရတဲ့ ကားပေါ်တာ နှစ်၁၃၀ရှိပါပြီ။ ဒီနေ့ခေတ်ကွန်ပျူတာတွေနဲ့ မတူပေမဲ့ အခြေခံရှေ့ပြေးကွန်ပျူတာကို တီထွင်နိုင်ခဲ့တာ နှစ်၂၀၀ကျော်ပါပြီ။ မိန်းမတွေ မဲပေးခွင့်ရတာကတော့ ၉၅နှစ်ပဲရှိပါသေးတယ်။ ဆိုလိုတာက မိန်းမတွေဟာ ခေတ်အဆက်ဆက်မှာ ဖိနှိပ်ခံခဲ့ရတယ်။ (ဒါကို မရှိဘူးလို့ ငြင်းတဲ့သူကတော့ ဦးနှောက်ပျက်နေတာပဲ) ဟိုးသမိုင်းဦးမတင်မီခေတ်တွေက ရှင်သန်ဖို့အတွက် ခွန်အားဟာ အရေးအပါဆုံးဖြစ်ခဲ့တဲ့အချိန်တွေမှာ ယောက်ျားတွေက ကြီးစိုးခဲ့တယ်။ အခုခေတ်မှာ ခွန်အားရှိမှ ရှင်သန်နေထိုင်လို့ရတဲ့ခေတ်မဟုတ်တော့တာမှာ ဘာလို့ ယောက်ျားတွေက ကြီးစိုးနေသေးတာလဲ။ အဖြေက ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရလို့ပါပဲ။ မြို့မှာနေတဲ့ တခြားသူတွေတော့ မပြောတတ်ဘူး။ သိပ်မကြာသေးတဲ့အချိန် ၂၀၁၇/၁၈မှာ "သမီးမိန်းကလေးဖြစ်နေလို့ သားတွေလို ပညာသင်ဖို့မလိုဘူး"ဆိုတဲ့ အတွေးအခေါ်ဟာ မြန်မာပြည်က နယ်မြို့တွေမှာ အမြစ်တွယ်နေတုန်းဆိုတာ မျက်ဝါးထင်ထင်တွေ့ခဲ့ရတယ်။ အဲဒီညီမလေးတွေနဲ့ စကားပြောတုန်းကဆို သူတို့မှာ ပညာလိုချင်လွန်းလို့ သင်တန်းရှိတဲ့ တခြားမြို့ကို အသွားတစ်ကြောင်းတင် ၃နာရီလောက်သွားပြီး ၆ခွဲလောက်အရောက် အိမ်ပြန်ရတာကို "မိန်းမပျက် ဖြစ်သွားမယ်"ဆိုတာမျိုးနဲ့ မိဘကိုယ်တိုင်က ဖိနှိပ်ပြီး သားတွေကိုကျ ကြိုက်ရာပညာသင်ခွင့်ပေးခဲ့တယ်။ ဒါတွေဟာ ခုချိန်ထိလည်း ရှိနေဦးမှာပဲ။ ဒါမျိုးတွေကို လျစ်လျူရှုပြီး မြန်မာပြည်မှာ ကျား/မခွဲခြားမှုမရှိဘူးပြောနေတာဟာ အတော်လေးကို ဉာဏ်တိမ်ရာကျတယ်။ ပြီးတော့ ဒါဟာ သိသာထင်ရှားတဲ့ ဥပမာ တစ်ခုတည်းကို ပြတာ။ အခုချိန်ထိ ထိလွယ်ရှလွယ်ဖြစ်နေသေးတဲ့ ခေါင်းစဉ်တွေဖြစ်တဲ့ ရာသီသွေးအကြောင်းတွေ၊ ဘုန်းနိမ့်တာတွေ၊ မိန်းမအောက်ပိုင်းအဝတ်ဆို အိမ်ရှေ့မလှန်းရတာတွေ အများကြီး ကျန်သေးတယ်။ (ယောက်ျားအောက်ပိုင်းအဝတ်လည်း မလျှော်ခင် သူတို့ အင်္ဂါနဲ့ ထိထားတာပဲ၊ မိန်းမအောက်ပိုင်းအဝတ်လည်း မလျှော်ခင် မိန်းမ အင်္ဂါနဲ့ထိထားတာပဲ၊ ဘာကွာသွားလို့လဲ) ဒီလို အကြောင်းအရာခေါင်းစဉ်အမျိုးမျိုးမှာ "ထောင်အပြင် တန်းမရှိဘူး" ဆိုတဲ့ လောဂျစ်အစုတ်အပဲ့နဲ့ မိန်းမတွေဟာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး နေရာတိုင်းမှာ ဖိနှိပ်ခံရတယ်။ (အခုခေတ်မှာ ယောက်ျားလေးလည်း တန်းရှိပါတယ်နော်) ဒီတော့ ဒီဟာကို ပြောင်းလဲဖို့ အခွင့်အရေးတန်းတူညီမျှဖြစ်ကြဖို့ သွားတဲ့အခါ ပိုဖိနှိပ်ခံရတဲ့သူတွေကို ပိုအခွင့်အရေးပေးရတယ်။ ဒါကြောင့်ပဲ အမျိုးသမီးသီးသန့် ပညာသင်ဆုတွေ၊ အမျိုးသမီးဘာညာတွေ ပေါ်လာရတာပဲ။ ဒီလောက် အားထုတ်ပြီး ပိုပြီးသီးသန့် အခွင့်အရေးပေးနေတာတောင်မှ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုက မပျောက်သွားသေးပဲကိုး။ ဒီနေရာမှာ အများစုပြောကြတာက "မိန်းမတွေကိုယ်တိုင်က ဖိနှိပ်နေတာပဲ"ပေါ့။ မှန်တယ်၊ မိန်းမတွေကိုယ်တိုင်က ကျား/မခွဲခြားရေးမှာ ထိပ်ဆုံးက ပါကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ဖိုဝါဒီကြီးစိုးတဲ့ လူမှုပတ်ဝန်းကျင်မှာ ကြီးပြင်းလာရလို့ပဲ။ ငယ်ငယ်ကတည်းက "ဟဲ့ မိန်းကလေးဟာ ဘယ်လိုမနေရဘူး"ဆိုတဲ့ စကားမျိုးနဲ့ အဆုံးမခံလာရပြီး နောက်ဆုံး ဆေးလိပ်သောက်၊ အရက်သောက်ရင်တောင် (ကိုယ့်ခန္ဓာကိုယ်ပဲ ကိုယ်ဒုက္ခပေးတဲ့ ကိစ္စမှာတောင်) "အောက်ပိုင်း အင်္ဂါမတူဘူး"ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ "မိန်းမတန်မဲ့"ဆိုပြီး ပိုအရှုံ့ချခံရတယ်မဟုတ်လား။ မိန်းမ ဆေးလိပ်သောက်တော့ ဘာဖြစ်လဲ၊ မိန်းမ အရက်သောက်တော့ ဘာဖြစ်လဲ၊ သေချာ အပ်ကျမတ်ကျ စဉ်းစားကြည့်ရင် တခြားဘာ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်မှ ရှိမနေဘဲ "နင့်မှာ ကျားအင်္ဂါ မပါလို့"ဆိုတဲ့ ဘူတာဆီပဲဆိုက်သွားကြတာမဟုတ်လား။ တခြားအမြစ်တွယ်နေတဲ့ အသုံးတွေဖြစ်တဲ့ "မိန်းမလို မိန်းမရ"တို့ "ယောက်ျားကြီးတန်မဲ့"တို့ဆိုတာလည်း ခွဲခြားတဲ့ အသုံးတွေပဲ။ နောက်တစ်ချက်က မိန်းမတွေကိုယ်တိုင်က နောက်မှာ နေရတာကို ကြိုက်ကြတာ၊ လုံလောက်ပြီလို့ ခံယူကြတာ။ ဒါကတော့ Sheryl Sandberg လို မိန်းမတောင် ဖြစ်တာဆိုတော့ ကိုယ်တွေလို တတိယကမ္ဘာက ဖိနှိပ်ခံတွေ ဖြစ်တာလည်း မထူးဆန်းဘူးပေါ့။ ဒါဟာလည်း ဖိုဝါဒီကြီးစိုးမှုရဲ့ ရလဒ်ပါပဲ။ တစ်ခုခုလုပ်ကြရင် "မိန်းမတွေ ပါနေသားပဲ၊ ရှေ့မထွက်တာပဲ"ရှိတာလေ ဆိုတာ ကျေနပ်စရာအဖြေမဟုတ်ပါဘူး။ မိန်းမတွေထဲလည်း ဖိနှိပ်မှုတွေ ကင်းစင်ရင် ရှေ့ထွက်ချင်တဲ့သူတွေ အများကြီးရှိမှာပဲ၊ ရှိနေတာပဲ။ ဒါကို တစ်ခါတလေမဟုတ်ဘဲ အမြဲစဉ်ဆက်မပြတ် နေရာပေးနေရမှာက ကျား/မတန်းတူညီမျှမှု လိုချင်ပါတယ် ပြောနေတဲ့သူတွေလုပ်ရမယ့် အလုပ်ပဲ။ ဒီကိစ္စမှာ "ဒါပေမဲ့"ဆိုတာ မရှိဘူး။ ဒီလိုမျိုး အဖက်ဖက်က မိန်းမတွေကို နှိမ်တဲ့ လူမှုပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့အခါ မိန်းမတွေကိုယ်တိုင်ဟာလည်း ဖိုဝါဒီကြီးစိုးမှုရဲ့ သားကောင်တွေ ဖြစ်သွားကြပြီး ကိုယ့်လိင်ကိုယ်ပြန်ဖိနှိပ်ကြတော့တာပဲ။ တချို့ အတော်လေး အတွေးအမြင်ပွင့်လင်းတဲ့ အမျိုးသမီးတွေတောင်မှ "ငါဟာ feminist"ဆိုတာကို ရဲရဲ မပြောရဲကြဘူးလေ။ တချို့ဆို ငါက feminist မဟုတ်ဘူး၊ gender equality ပဲကြိုက်တာဆိုတာမျိုး လာကြသေးတယ်။ A feminist is just someone who believes in feminism. Feminism is literally "the advocacy of women's rights on the basis of the equality of the sexes." So, go figure. Feminism ဆိုတာ ယောက်ျားမုန်းတာလည်း မဟုတ်ဘူး။ (ကိုယ်ဆို ကိုယ့်ယောက်ျားကိုလည်း တအားချစ်၊ ပုံထဲက တစ်ယောက်ကိုလည်း တအားချစ်၊ ဤကား စကားချပ်) အခုလောလောလတ်လတ် ဘာဘီကားကို feminism ကြောက်ရောဂါရှိသူတွေက "ကျားမုန်းတီးရေး"လို့ တံဆိပ်ကပ်ကြတယ်။ တကယ်တော့ အဲဒီထဲမှာ Ken တွေဟာ အပြင်လောကရဲ့ မိန်းမတွေပဲ။ အပြင်မှာ တစ်သက်လုံး မိန်းမတွေကို အဆင်တန်ဆာသဘောထားခဲ့တဲ့ ဖိုဝါဒီတွေဟာ သူတို့ကိုယ်သူတို့ အဲဒီအနေအထားမှာ ပြန်မြင်လိုက်ရတဲ့အခါ ဖြစ်သွားတဲ့ ခံစားချက်တွေက အတော်တရားကျစရာကောင်းတယ်။ နောက်တစ်ချက်ရှိသေးတယ်။ "ဟိုတယ် feminism"၊ ရေပေါ်ဆီ အမျိုးသမီးဝါဒီများပေါ့၊ ဝီးမန်းအန်ပါးဝါးမန့်ခေါင်းစဉ်တပ်ပြီး ရန်ပုံငွေတွေဖြုန်း၊ ဟိုတယ်မှာ ပွဲတက်လုပ်၊ တကယ်ဖိနှိပ်ခံနေရတဲ့ မိန်းမတွေ အသံလည်းမပါဘဲ "ငါဟဲ့ အမျိုးသမီးထူးချွန်ရေးစီစဉ်သူ"ဆိုပြီး ကြွေးကြော်ကြတာမျိုး။ အဲဒီလိုပွဲတွေဟာ သူတို့စိတ်အာသာပြေရုံ ဖြေဖျောက်နေကြတာ၊ တကယ်တမ်း ကျား/မတန်းတူဖြစ်ရေးအတွက် ဘာမှ အကျိုးမပြုဘူး။ ပြီးတော့ အဲဒီဝီးမန်းအန်ပါးဝါးမန့် တစ်ဖက်စွန်းတွေဟာ အစွန်းရောက်သွားတဲ့အခါ "မိန်းမတွေ မီးဖိုချောင်မဝင်ရဘူး"ဖြစ်ကုန်ရော။ တကယ်တော့ မိန်းမတွေဟာ မီးဖိုချောင် မဝင်ရတာလည်း မဟုတ်ဘူး၊ မီးဖိုချောင် ဝင်ရတာလည်း မဟုတ်ဘူး။ လိင်ပေါ်အခြေခံတဲ့ ခွဲခြားခြင်းမရှိတဲ့ ကမ္ဘာမှာ "မိန်းမတွေဟာ မီးဖိုချောင်ထဲ ဝင်ချင်ရင် ဖိနှိပ်မှုမရှိဘဲ ဝင်လို့ရပြီး မဝင်ချင်ရင် ဖိနှိပ်မှုမရှိဘဲ မဝင်ဘဲနေလို့ရရမယ်"။ ဟင်းချက်ရတာ ဝါသနာပါလို့ မီးဖိုချောင်တဲ့ဝင်တဲ့ မိန်းမဟာ အဖိနှိပ်ခံမဟုတ်ဘူး။ ဒါပေမဲ့ လင်ရော မယားရော အတူတူငွေရှာတဲ့ အလုပ်လုပ်ပြီး အိမ်အလုပ်အကုန် မိန်းမပဲလုပ်ရရင်တော့ ဒါဟာ အဖိနှိပ်ခံဖြစ်တယ်။ သဘောတရားက ရှင်းရှင်းလေးပဲ။ နောက်ဆုံးတစ်ချက်က ဖိုဝါဒီကြီးစိုးတဲ့လောကဟာ မိန်းမတွေကိုပဲ ဖိနှိပ်တာမဟုတ်ဘူး။ မိန်းမတွေ ခံရသလောက် မဆိုးပေမဲ့ ယောက်ျားလေးတွေအပေါ်လည်း သက်ရောက်မှုရှိတယ်။ "ယောက်ျားတန်မဲ့နဲ့ မျက်ရည်ကျစရာလား"တို့၊ "မင်းယောက်ျားဖြစ်ပြီး ဒါလောက်တောင် မလုပ်ရဲဘူးလား"တို့၊ "ယောက်ျားဖြစ်ပြီး ပန်းရောင်ဝတ်လာတယ်"တို့ဆိုတာ ယောက်ျားတွေအပေါ်ဖိနှိပ်တာပဲ။ ကိုယ်တစ်ဦးတည်းရဲ့ ဖြစ်တည်မှုကို လျစ်လျူရှုပြီး ဖိနှိပ်တဲ့ ပတ်ဝန်းကျင်ရဲ့ အလိုအတိုင်း "ယောက်ျားနဲ့တူအောင်" နေပေးရတဲ့အခါ ကိုယ့်ခံစားချက်အတိုင်း အပြည့်အဝ လူဖြစ်ခွင့်မရတော့ဘူး။ ယောက်ျားဖြစ်လို့ မျက်ရည်မကျရဘူးဆိုတာ ဘယ်နားအဓိပ္ပာယ်ရှိနေလဲ။ ဒါကိုတောင် ဖိုဝါဒီကြီးစိုးမှုရဲ့ ရလဒ်လို့ မမြင်ဘဲ ယောက်ျားတွေဟာ မိန်းမတွေနဲ့ မတူ ဘယ်သို့ဘယ်ညာဆိုပြီး လက်ချာရိုက်တဲ့ ဖိုဝါဒီတွေက သပ်သပ်ရှိသေးတာ၊ (ခန္ဓာကိုယ်တည်ဆောက်ပုံ / ခွန်အား မတူတာ မှန်တယ်လေ၊ ကျန်တာကတော့ ယောက်ျားတွေ တော်ရုံ မငိုကြဘူးဆိုတာ မငိုရဘူးဆိုတဲ့ ဖိနှိပ်မှုကြား ကြီးလားကြလို့မဟုတ်ဘူးလား) အလုပ်အကိုင်ဆိုလည်း "စာရင်းကိုင်က မိန်းမတွေအလုပ်" ဘာညာစသဖြင့် ခွဲခြားလိုက်တဲ့အခါ အဲဒီအလုပ်ကို တကယ်စိတ်ပါတဲ့ ယောက်ျားတွေအတွက်လည်း အခွင့်အရေး ဆုံးရှုံးရရော။ (ဒီလိုခွဲခြားမှုအတွက် မိန်းမတွေနဲ့ LGBTQ+ တွေ ဆုံးရှုံးရတာကတော့ ပြောစရာကို မလိုတော့ဘူးပေါ့။) အဆုံးသတ်ကတော့ ဒီလို အဖက်ဖက်က သိသိသာသာ၊ မသိမသာ ဖိနှိပ်ခံရတာများတဲ့အတွက် တန်းတူညီမျှရေးကို သွားတဲ့အခါ တစ်သက်လုံး ဖိနှိပ်ခံလာရတဲ့သူတွေကို ပိုပြီး ဦးစားပေးရတာဖြစ်တယ်။ (ပိုပြီးဦးစားပေးတယ်ဆိုတာ အလုပ်ခွင်တွေမှာ ကျား/မ ရာနှုန်းသတ်မှတ်တာ၊ ပညာသင်ဆုမှာ အမျိုးသမီးဆို ပိုဦးစားပေးတာ၊ ဘာလုပ်လုပ် မိန်းမတွေပါဝင်မှုကို ထည့်တွက်တာလိုမျိုးကို ပြောတာ။ ဘားမိစ် အန်ဒရူးတိတ်ဝမ်းနာဘီတွေ ပြောသလို ယောက်ျားကပဲ ငွေရှင်းရမယ်ဆိုတဲ့ အဆိပ်အတောက်မျိုး မဟုတ်ဘူး) ဒူးလောက်တင်မှ ရင်လောက်ကျဆိုသလို ဒီလောက် "ပိုပေး"နေရတာတောင် ခေတ်အဆက်ဆက် အရိုးစွဲနေတဲ့အမြင်တွေကြောင့် ကျား/မတန်းတူညီမျှရေးကိုရဖို့ဆိုတာ အဝေးကြီးမှ အဝေးကြီးမှာပဲရှိသေးတယ်။ လူမည်းတွေကို ဘာလို့ပိုနေရာပေးရလဲဆိုတာလည်း ဒီသဘောပဲ။
Burmese
mya
re-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
ပိရမစ်တွေကို ဘာကြောင့် ဆောက်တာလဲ။
ပိရမစ်များကို နတ်ဘုရားများအတွက် ဘုရားကျောင်းများအဖြစ်လည်းကောင်း၊ ဖာရိုဘုရင်များကို ဂူသွင်းရန်အတွက်လည်းကောင်း တည်ဆောက်ခဲ့ကြသည်။ ရှေးခေတ်အီဂျစ်လူမျိုးများက ဖာရိုဘုရင်များသည် သေပြီးနောက်နောက်ဘဝသို့ သွားကြမည်ဟု ယုံကြည်ကြသည်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
မာလာရှမ်းကောချက်နည်း
မာလာရှမ်းကော ငရုတ်သီး ဆီသပ်ရန် ပါ၀င်ပစ္စည်းများ • စီချွမ့်ငရုတ်ကောင်း - စားပွဲတင်ဇွန်း ၃ ဇွန်း • နတ်နတ်ပွင့် - ၇ ပွင့် • ကရဝေးရွက် - ၅ ရွက် • သစ္ဂ်ကြပိုးခေါက် - ၄ ခု • လီမ္မော်ခွံခြောက် - ၁ ခု • ဇာလိဖိုလ်သီး - ၁ ခု (ခြစ်တံဖြင့် အမှုန့်များ ခြစ်ထည့်ပေးပေးပါ) • ဂျင်း - ၇ ပြား • ဖာလာစေ့ - စားပွဲတင်ဇွန်း တ၀က် • ငရုတ်သီးခြောက်နီ - ၅ တောင့် (လက်မ၀က်ရွယ်များ ပိုင်းဖြတ်ပါ) -------------------------------- 📝မာလာရှမ်းကော ချက်ရန် ပါ၀င်ပစ္စည်းများ • ငရုတ်သီးဆီမွှေး - စားပွဲတင်ဇွန်း ၄ ဇွန်း • ကြက်သွန်ဖြူ - ၄ မွှာ (နှုတ်နှုတ်စဉ်းပါ) • ငရုတ်သီးခြောက်နီ - ၁၀ ခု (လက်မ၀က် ရွယ်များပိုင်းဖြတ်ပါ) • ဆား - စားပွဲတင်ဇွန်း ၁ ဇွန်း • အသားမှုန့် - စားပွဲတင်ဇွန်း ၁ ဇွန်း • အချိုမှုန့် - စားပွဲတင်ဇွန်း တ၀က် • မြေပဲနီ - ၁ ထုပ် (အကျက်) • နှမ်း - စားပွဲတင်ဇွန်း ၂ ဇွန်းစာ (အပေါ်မှ ဖြူးရန်) • ကြက်သွန်မြိတ် - စည်း၀က် (၁ လက်မအရွယ်များပိုင်းဖြတ်ပါ) • နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ) 📝မာလာရှမ်းကော ပါ၀င်သည့် အစာပလာများ • ပုဇွန်ထုပ် - ၂၀ ကျပ်သား (သန့်စင်ပေးထားပါ) • ခေါက်ဆွဲခေါက် - ၁ ထုပ် (ပြုတ်ထားပေးပြီ ပြန်ဆယ်ထားပါ) • ကြက်အူချောင်း(အစို) - ၅ ချောင်း (အချောင်း လှီးထားပါ) • ငါးသားလုံး - ၁၀ လုံး (ထက်ခြမ်းခြမ်းပါ) • ငါးတို့ဟူး - ၄ ခု (အရှည်အတုံးများ လှီးဖြတ်ပါ) • ကြာစွယ် - ၁ ခု (အခွံနွှာပြီ ပါးပါးလှီးပါ) • အာလူး - ၂ လုံး (အခွံနွှာပြီ ပါးပါးလှီးပါ) • အပ်မှို - ၁ စည်း (အမြစ်ပိုင်း လှီးဖြတ်ပါ) • ဂေါ်ဖီ - တစိတ် (ပိုင်းဖြတ်ပါ) • မှိုနားရွက် - လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ) • ပဲလိပ် - လက်တဆုပ်စာ (ရေစိပ်ထားပြီ ထပ်ခြမ်းခြမ်းပါ) • ပြောင်းဖူး - ဖူးဝက် (ပြုတ်ပြီ အတုံးတုံးထားပါ) • ကြက်သွန်မြိတ် - ၂ စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ) • မုန့်ညှင်းစိမ်း - ၁ စည်း (၁ လက်မရွယ်များ ပိုင်းဖြတ်ပါ) • ကန်စွန်းရွက် - စည်း၀က် (ပိုင်းဖြတ်ပေးပါ) • နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ) -------------------------------- 📝မာလာ ငရုတ်သီးဆီသပ် ချက်နည်း ၁။ အရင်ဆုံး ဒယ်ထဲ ဆီ (၄၀၀ ဂရမ်)ကို ထည့်ပါ။ ၂။ ဆီပူလာလျှင် ဂျင်း၊ စီချွမ့်ငရုတ်ကောင်း၊ နတ်နတ်ပွင့်၊ ငရုတ်သီးခြောက်၊ ဖာလာ၊ ကလဝေရွက်၊ သစ်ဂျပိုး၊ လီမ္မော်ခွံ၊ ဇာလိဖိုလ်သီးမှုန့် တို့ကို ထည့်ပြီ ၁မိနစ်ခန့် ဆီသပ်ပေးပါ။ ၃။ ပြီလျှင် ငရုတ်သီးခြောက်နီများ ထည့် ၁မိနစ်ခန့် ထပ်ဆီသပ်ပါ။ ၄။ ထို့နောက် ဇကာဖြင့် ဟင်းခတ်အမွှေးအကြိုင် အားလုံးကို ဖယ်ထားလိုက်ပါ။ ၅။ ဒယ်ထဲမှ ငရုတ်သီးဆီသပ်ကို ဒီအတိုင်းထားပါ။ -------------------------------- မာလာရှမ်းကော ချက်နည်း ၁။ ခုနက ငရုတ်သီးဆီသပ်ထားသော ဒယ်ထဲသို့ ကြက်သွန်ဖြူများထည့်ဆီသပ်ပေးပါ။ ၂။ ပြီလျှင် ငရုတ်သီးဆီမွှေး၊ ငရုတ်သီးခြောက်နီများထည့်ပြီး ၁ မိနစ် ဆီသပ်ပါ။ ၃။ ပြီနောက် ပုဇွန်ထုပ်၊ ကြက်သွန်မြိတ် များကို ထည့်ပြီး ရောမွှေပေးပါ။ ၄။ ပြီလျှင် (ကြက်အူချောင်း၊ ငါးသားလုံး၊ ငါးတို့ဟူး၊ ဂေါ်ဖီ၊ ပဲလိပ်၊ မှိုနားရွက်၊ ပဲထပ်) တို့ကို ထည့်ပေးပြီ ရေ(၂၀၀မီလီလီတာ)ခန့် ထည့်ပေးပြီ အဖုံးအုပ်ပြီ ခဏတည်ထားပါ။ ၅။ ရေခမ်းခါနီး (ခေါက်ဆွဲ) ၊ ကြာစွယ်၊ ပြောင်းဖူး၊ အာလူး၊ အရသာအတွက် (ဆား၊ အသားမှုန့်၊ အချိုမှုန့်) တို့ကို ထည့်ပြီ နောက်ထပ် ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ် တည်ထားပါ။ ၆။ ထို့နောက် ကန်စွန်းရွက်၊ မုန့်ညှင်းရွက်၊ အပ်မှိုတို့ကို ထပ်ထည့်ပေးပါ။ ရ။ နောက်ဆုံးမှ မြေပဲထည့်၊ ရောမွှေ။ အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်၊ နှမ်းများ ဖြူးပေးပါ။ ၈။ အရသာရှိစွာဖြင့် မာလာရှမ်းကော ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ။
Burmese
mya
re-annotations
beb4087b8a0aec2ae260281f6868d760561b3991152bd3dd13b845e4568c4578
တိုင်ဖုန်းမုန်တိုင်း Nina အကြောင်းပြောပြပါ။
၁၉၇၅ခုနှစ်မှာ တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်က Banqiao ဆည် ရေကြီးမှုကို ဖြစ်ပေါ်စေခဲ့တဲ့ မုန်တိုင်းကြီးဖြစ်ပါတယ်။ အနည်းဆုံးလူပေါင်း ၂၂၉၀၀၀ ခန့် သေဆုံးစေခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံအထိရှိခဲ့ပါတယ်။ ထိခိုက်ခံစားခဲ့ရတဲ့ဒေသတွေက ထိုင်ဝမ်နိုင်ငံ၊ တရုတ်နိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေ ဖြစ်ပါတယ်။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
တရုတ်စာမှာ စာလုံး ဘယ်နှစ်လုံး ရှိလဲ။
ခေတ်သစ် တရုတ် အဘိဓာန်မှာ စာလုံး ၂၀၀၀၀ လောက်ရှိပါတယ်။
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
အိမ်ပိုင်ဆိုင်ခြင်းနှင့် အိမ်ငှားရမ်းခြင်းတွင် ဘယ်ဟာပိုကောင်းလဲ။
အိမ်ဝယ်ရန် သို့မဟုတ် ငှားရန် ဆုံးဖြတ်ချက်သည် ရွေးချယ်မှုတစ်ခုစီတွင် အားသာချက်များနှင့် အားနည်းချက်များ ရှိသဖြင့် တစ်ယောက်နှင့်တစ်ယောက်မတူနိုင်ပါ။ ငှားရမ်းခြင်းသည် အများအားဖြင့် ပို၍စျေးသက်သာပြီး စျေးကြီးသောနေရာများတွင် နေထိုင်သူများ သို့မဟုတ် မကြာခဏရွှေ့ပြောင်းရန် လိုအပ်သူများအတွက် သင့်လျော်ပါသည်။ အိမ်ပိုင်ဆိုင်ခြင်းက ပိုစျေးကြီးပြီး အခြေချနေရန်လိုအပ်ပေမယ့် ရေရှည်မှာ ငွေကြေးအရ ပိုအကျိုးရှိတတ်ပါတယ်။
Burmese
mya
re-annotations
58047946f650e5de056f912e41583ba9ee7dd4bda69d6eb1a340708f8a716f31
၂၀၁၅ ရွေးကောက်ပွဲ ၌ မည်သည့်ပါတီက အနိုင်ရခဲ့သလဲ
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည်ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာ၈၆ရာခိုင်နှုန်း (အောက်လွှတ်တော်တွင် ၂၃၅ နေရာ နှင့်အမျိုးသားလွှတ်တော်တွင် ၁၃၅ နေရာ) ဖြင့်အနိုင်ရရှိခဲ့သည်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
Bob Marley ရဲ့ No Woman No Cry ဆိုတဲ့သီချင်းနဲ့ ပတ်သက်ပြီး လူတွေ အထင်လွဲနေ ကြတဲ့ တစ်ခုက ဘာလဲသိလား
Reggae အဆိုတော် Bob Marley ရဲ့ No Woman No Cry သီချင်းဟာ အများထင်သလို လောကမှာ "မိန်းမတွေမရှိရင် ငိုစရာမလိုဘူး" ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ အဲ့ဒီသီချင်းအမည် "No Woman No Cry" ဟာ Bob Marley နေထိုင်ရာ Jamaica က ဒေသန္တရ စကားပြောသလိုမျိုး "မိန်းကလေးရယ် မငိုပါနဲ့"​ လို့ အဓိပ္ပါယ်မျိုးနဲ့ အမျိုးသမီးတွေကို ဝမ်းမနည်းစေဖို့ အားပေးထားတဲ့ သီချင်းပါ။
Burmese
mya
re-annotations
cb9cb96c96687d80a63f87d50451dcdbb5a9e1158d6331541d42d7ac09485ded
GraphQL in software engineering RESTful API တွေရှိနေရက်နဲ့ ဘာလို့ Facebook (Meta) က GraphQL ကိုတီထွင်ခဲ့တာလဲ။ GraphQL ကိုဘယ်လိုအခြေအနေတွေမှာ အသုံးပြုသင့်တာလဲ။ GraphQL အကြောင်းကို အရိုးရှင်းဆုံး နားလည်အောင် ရေးပြပါ။
( အောက်ပါ အကြောင်းအရာကို CodeHub with Harry မှ blogger Harry Yan ရဲ့ Aug, 2023 က content တပုဒ်မှ ကောက်နှုတ်ဖော်ပြထားပါတယ် ) GraphQL စာအုပ်ဆိုင်တခုမှာ စာအုပ်သွားဝယ်တယ်လို့ မြင်ယောင်ကြည့်ပါ။ ကိုယ်လိုချင်တဲ့ စာအုပ်က မြသန်းတင့်ရဲ့ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများဆိုတဲ့ စာအုပ်။ ဒါပေမယ့် အဲဒီဆိုင်က စာအုပ်တအုပ်ဝယ်ရင် လိုချင်တဲ့တအုပ် တင်မကပဲ အဲစာအုပ်တင်ထားတဲ့ စင်ပေါ်မှာ ရှိသမျှ အကုန် ဝယ်ရမယ်လို့ ပြောပါတယ်။ REST API တွေရဲ့ ပြဿနာက ဒါပါပဲ။ GraphQL ဆိုတာ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး Meta က တီထွင်ခဲ့တဲ့ API query language တခုဖြစ်တယ်။ သမရိုးကျ Rest API တွေမှာ မလိုချင်တဲ့ data တွေ အပိုပါလာတာ၊ ဒါမှမဟုတ် data တွေ လိုချင်သလောက် မရသေးလို့ နောက်ထပ်တခါ ထပ်တောင်းရတာစတဲ့ အခက်အခဲတွေ ကြုံရပါတယ်။ GraphQL ရဲ့အိုင်ဒီယာကတော့ client တွေကို သူတို့လိုအပ်တဲ့ data ကိုသာ အတိအကျ တောင်းယူခွင့်ပေးပြီး ဒီပြဿနာတွေကို ဖြေရှင်းလိုက်ဖို့ပါပဲ။ ရှေ့တခေါက် API တွေအကြောင်း ပြောကြတုန်းက စားပွဲထိုး ဥပမာနဲ့ ရှင်းပြခဲ့ပါတယ်။ REST API တွေက menu စာအုပ်ထဲက ဟင်းပွဲကို လက်ညိုးထိုးမှာလို့ရတဲ့ သဘောဖြစ်ပြီး GraphQL ကတော့ လိုချင်တဲ့ ဟင်းလျာကို ပါဝင်ပစ္စည်း အတိအကျနဲ့ ချက်ခိုင်းလို့ရတဲ့ ပုံစံလို့ ကျွန်တော်တို့ပြောခဲ့ဖူးပါတယ်။ GraphQL ရဲ့ အဓိကအကျဆုံး အစိတ်အပိုင်းက "Schema" ဖြစ်တယ်။ Schema ဆိုတာ client တွေအနေနဲ့ server ဆီက ဘယ် data တွေ ရနိုင်တယ်။ ဘယ်လိုတောင်းယူနိုင်တယ်ဆိုတာကို ဖော်ပြထားတဲ့ သတ်မှတ်ချက်တွေပါပဲ။ ဒါကြောင့် schema ကို စားသောက်ဆိုင်တခုရဲ့ ရွေးချယ်နိုင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ တူတယ်လို့ တွေးကြည့်နိုင်တယ်။ client တွေအနေနဲ့ လိုအပ်တဲ့ data နဲ့ လိုချင်တဲ့ response ရဲ့ အသွင်သဏ္ဍာန်ကို server ဆီ "Query" တွေပေးပို့ပြီး တောင်းဆိုကြပါတယ်။ ဒါကြောင့် Query ဆိုတာ ကိုယ်လိုချင်တဲ့ ဟင်းပွဲအကြောင်းကို စားပွဲထိုးဆီကတဆင့် မီးဖိုချောင်ကို အသိပေးစေတာလို့ နားလည်ထားနိုင်တယ်။ client ဆီက Query တွေကိုဖတ်ပြီး response အတွက် လိုအပ်တဲ့ data တွေကို database ထဲက ဘယ် table မှာရှာပေးရမလဲ၊ ဘယ် API တွေကိုတဆင့်ပြန်ခေါ်ပေးရမလဲဆိုတာကို သိနိုင်အောင် server မှာ "Resolver" လို့ခေါ်တဲ့ဟာ ရှိပါတယ်။ ဒီတော့ resolver ဆိုတာ တောင်းဆိုလာတဲ့ ပါဝင်ပစ္စည်းတွေကို ဘယ်ကရှာရမယ်၊ ဘယ်လိုပေါင်းစပ်ရမယ်ဆိုတာ နားလည်တဲ့ စားဖိုမှူးကောင်းတယောက်နဲ့ တူပါတယ်။ server က "Response" တခုတည်ဆောက်ပြီး data တွေကို client တောင်းဆိုတဲ့ပုံစံအတိုင်း အတိအကျ ပြန်ပို့လိုက်တယ်။ ဒီ response တွေက client ကလိုချင်တဲ့အတိုင်း စီစဥ်ပေးလိုက်တဲ့ စပရှယ် ဟင်းလျာတွေဖြစ်တယ်။ GraphQL ရဲ့ အားသာချက်တွေကို ကြည့်ကြရအောင်ပါ။ GraphQL နဲ့ဆိုရင် ဆက်စပ်နေတဲ့ data တွေကို query တခုတည်းမှာတင် တောင်းလို့ရစေတဲ့အတွက် server နဲ့ client device အကြား အသွားအပြန်ခရီး အကြိမ်အရေအတွက်ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ကျွန်တော်တို့ CodeHub ရဲ့ website မှာ blog တွေ ဝင်ဖတ်တယ်လို့ ဆိုပါစို့။ blog object တခုမှာ စာရေးသူရဲ့ id ပဲထည့်ထားမှာဖြစ်တယ်။ ဒါပေမယ့် Blog View မှာတော့ author ရဲ့ id ကိုပြမှာ မဟုတ်ပဲ author ရဲ့ နာမည်၊ ဖြစ်နိုင်မယ်ဆိုရင် profile ပုံစသဖြင့် ပြထားချင်တဲ့အတွက် CodeHub ရဲ့ frontend developer တွေအနေနဲ့ backend ကို author api တခေါက်ထပ်ခေါ်ရဦးမှာပါ။ ဒါကြောင့် blog data စုံဖို့ဆိုရင် request response နှစ်စုံ ရှိသွားပါမယ်။ ဒီနေရာမှာ CodeHub ကို စင်ကာပူ၊ ဂျပန်နဲ့ အမေရိကန် ၃ နေရာ ဖြန့်ထားတာဖြစ်တဲ့အတွက် မြန်မာပြည်က စာဖတ်သူတွေဆိုရင် ကြာချိန် ပျမ်းမျှ 800 microsecond ဝန်းကျင်ရှိပါလိမ့်မယ်။ GraphQL နဲ့ဆိုရင်တော့ blog နဲ့ author ကို query တခေါက်တည်းမှာ တောင်းလို့ရစေတဲ့အတွက် ကြာချိန်ကို ထက်ဝက်လျှော့ချလိုက်နိုင်ပါတယ်။ GraphQL ရဲ့နောက်ထပ်အားသာချက်က မလိုအပ်တဲ့ data တွေ ပါမလာစေတာ ဖြစ်တယ်။ GraphQL အစား REST API မှာပဲ blog နဲ့ author ကို ပေါင်းထည့်ထားလိုက်မယ်ဆိုပါစို့။ အဲလိုဆိုရင် Blog Service အနေနဲ့ Author Service ကို လှမ်းခေါ်ပြီး data တောင်းနေရမှာဖြစ်လို့ client ကသာ author အချက်အလက်တွေ တကယ်မသုံးဘူးဆိုရင် မလိုအပ်ပဲ resource အလေအလွင့် ဖြစ်စေတယ်။ ဒါ့အပြင် Blog Service ကိုလည်း Author နဲ့ချည်သလို ဖြစ်သွားတဲ့အတွက် Blog ရဲ့ flexibility ကို ထိခိုက်ပါသေးတယ်။ GraphQL ရဲ့ performance က REST နဲ့စာရင် သိသိသာသာ ပိုကောင်းတယ်ဆိုပေမယ့် REST API တွေ ရဲ့ အစားထိုးစရာတခုတော့ မဟုတ်ပါဘူး။ အားနည်းချက်တွေထဲက တခုအနေနဲ့ GraphQL မှာ client တယောက်ချင်းစီက သူတို့လိုအပ်သလို query တွေပို့ပြီး တောင်းယူ​နေမှာဖြစ်လို့ data တွေ cache ထားချင်တဲ့အခါ REST ထက်ပိုအာရုံများရပါတယ်။ ဒါကြောင့် backend service တခုကို တည်ဆောက်တော့မယ်ဆိုရင် ကိုယ်ဖြေရှင်းချင်တဲ့ ပြဿနာကို တိတိကျကျ ပိုင်းဖြတ်ပြီး လိုအပ်ချက်နဲ့ ကိုက်ညီမယ့် communication စတိုင်ကို ရွေးချယ်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ software engineering ရဲ့ graphQL အကြောင်း ဖြစ်ပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဒူဘိုင်းမြို့သည် မည်သည့်အရာများဖြင့် နာမည်ကျော်ကြားသနည်း။
ဒူဘိုင်းသည် ချမ်းသာကြွယ်ဝမှု နှင့် ဈေးကြီးပြီး လူကြိုက်များသော ဇိမ်ခံခရီးသွားနေရာတစ်ခုအဖြစ် ကျော်ကြားပြီး ၎င်း၏ စားသောက်ဖွယ်ရာများ၊ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်အချို့ဖြင့်သာမက ကုလားအုတ်စီးခြင်းတို့ကြောင့်လည်း ကျော်ကြားပါသည်။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
ကမ္ဘာမှာ နာမည်အကြီးဆုံး ကားတံဆိပ် တွေက ဘာတွေလဲ။
၁။ BMW ၂။ အော်ဒီ ၃။ Porsche
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
Orchestrator in Web Frameworks
Orchestrator component ကို Laravel မှာ HTTP Kernel အနေနဲ့ မြင်ရပါတယ်။ request-response pipeline တခုလုံးကို တာဝန်ယူ စီမံပေးတဲ့ ဗဟိုချက်အနေနဲ့ တည်ဆောက်ထားပြီး request/response model တည်ဆောက်တာ၊ middleware stack တာနဲ့ route assisting စတဲ့ တာဝန်တွေကို လုပ်ဆောင်ပါတယ်။ Application intelligence ရှိတာဖြစ်လို့ အပိုဆောင်းအနေနဲ့ path နဲ့ query parameter တွေကိုဖတ်ပြီး dynamic routing နဲ့ conditional middleware တွေကိုပါ လုပ်ပေးနိုင်ပါတယ်။ ExpressJS မှာ HTTP Kernel နဲ့ တိုက်ရိုက်နှိုင်းပြစရာ မရှိပေမယ့် App object က Orchestrator ရဲ့ တာဝန်တွေဖြစ်တဲ့ res နဲ့ resp object တွေတည်ဆောက်တာ၊ routing လုပ်တာ အစရှိတဲ့ လုပ်ဆောင်ချက်တွေကို တာဝန်ယူပါတယ်။ ဒါပေမယ့် Application intelligence ရှိတာဖြစ်လို့ အပိုဆောင်းအနေနဲ့ path နဲ့ query parameter တွေကိုဖတ်ပြီး dynamic routing နဲ့ conditional middleware တွေကိုပါ လုပ်ပေးနိုင်ပါတယ်။ ExpressJS မှာ HTTP Kernel နဲ့ တိုက်ရိုက်နှိုင်းပြစရာ မရှိပေမယ့် App object က Orchestrator ရဲ့ တာဝန်တွေဖြစ်တဲ့ res နဲ့ resp object တွေတည်ဆောက်တာ၊ routing လုပ်တာ အစရှိတဲ့ လုပ်ဆောင်ချက်တွေကို တာဝန်ယူပါတယ်။ ဒါပေမယ့် Application intelligence မပါဝင်တဲ့အတွက် Laravel လို feature တွေအသင့်သုံး မရနိုင်ပါဘူး။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေး ကြေညာစာတမ်းကို ဘယ်အချိန်က အတည်ပြု လက်ခံခဲ့တာလဲ။
၁၇၇၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့
Burmese
mya
re-annotations
58047946f650e5de056f912e41583ba9ee7dd4bda69d6eb1a340708f8a716f31
မင်းရဲ့အရောင်က ဘာလဲဆိုတာ မင်းဘယ်လိုသိလဲ။
သင်၏အခြေခံအရောင်ကိုဆုံးဖြတ်ရန် မိတ်ကပ်မလိမ်းဘဲ သင့်အသားအရေကို ခွဲခြမ်းစိတ်ဖြာပါ။ သဘာဝ သို့မဟုတ် အလင်းရောင်ကို အသုံးပြုပါ။ အလင်းရောင်သည် အရောင်များ၏အသွင်အပြင်ကို ပြောင်းလဲနိုင်သည်။ အရောင်ဖျော့သော၊ ကြားနေရောင်ကို ၀တ်ဆင်ပါ သို့မဟုတ် ပြင်ပအရောင်များ အနှောင့်အယှက်မဖြစ်စေရန် သင့်ပခုံးတစ်ဝိုက်တွင် အဖြူရောင် မျက်နှာသုတ်ပုဝါကို ထားပါ။ မှန်ထဲမှာ မင်းမျက်နှာကို ကြည့်လိုက်ပါ။ သင်မြင်ရတဲ့ ထင်ရှားတဲ့အရောင်တွေက ဘာတွေလဲ။ နေတန်း၏လှည့်စားခြင်းကို မခံရပါစေနှင့်။ လူမျိုး သို့မဟုတ် အသားအရောင်မခွဲခြားဘဲ အသားအရည်အများစုတွင် အဝါရောင်၊ အနီရောင်၊ ပန်းရောင် သို့မဟုတ် အပြာရောင်များ ရှိလိမ့်မည်။ သင့်မျက်နှာပေါ်ရှိ အရောင်ကို သတ်မှတ်ရာတွင် အခက်အခဲရှိပါက သင့်လက်ကောက်ဝတ်အတွင်း သို့မဟုတ် သင့်ဗိုက်ကိုကြည့်ပါ။ သင်၏အခြေခံအသားအရေအရောင် (ရင့်သည် သို့မဟုတ် နုသည်) ကိုဆုံးဖြတ်ပြီးနောက် သင့်ဆံပင်နှင့် မျက်လုံးအရောင်ကို စဉ်းစားပါ။ ဤအရောင်သုံးမျိုး—အသားအရည်၊ ဆံပင်နှင့် မျက်လုံးသည် သင်၏ကိုယ်ပိုင်အရောင်ဖြင့် ဖန်တီးထားပြီး အဝတ်အစားနှင့် အလှကုန်ကို ရွေးချယ်သည့်အခါ ထည့်သွင်းစဉ်းစားသင့်သည်။ သင့်အသားအရေကို ချော့မောစေသော အရောင်များသည် များသောအားဖြင့် သင့်ဆံပင်နှင့် မျက်လုံးကို အရောင်ခြယ်ခြင်းတို့ဖြင့် ကြည့်ကောင်းသော်လည်း အမြဲတမ်းတော့ မဟုတ်ပါ။ ဒီလိုအခြေအနေမျိုးမှာ သင့်အသားအရေနဲ့ အသင့်တော်ဆုံးအရောင်ကို ရွေးချယ်ပါ။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
Bob Marley ရဲ့ No Woman No Cry ဆိုတဲ့သီချင်းနဲ့ ပတ်သက်ပြီး လူတွေ အထင်လွဲနေတာတခုက ဘာလဲသိလား
Reggae အဆိုတော် Bob Marley ရဲ့ No Woman No Cry သီချင်းဟာ အများထင်သလို လောကမှာ မိန်းမတွေမရှိရင် ငိုစရာမလိုဘူး ဆိုတဲ့ အဓိပ္ပါယ် လုံးဝ မဟုတ်ပါဘူး။ တကယ်တမ်းတော့ အဲ့ဒီသီချင်းမူရင်းအမည်ကိုက "No Woman Nah Cry" ဖြစ်ပြီး အမျိုးသမီးတွေကို ဝမ်းမနည်းစေဖို့ အားပေးထားတဲ့ သီချင်းပါ။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
"ဝေးသွားတဲ့အခါ" သီချင်းကို ဘာလို့ ထူးအိမ်သင် အုတ်ဂူမှာ ထွင်းထားတာလဲ။
အဆိုတော်ထူးအိမ်သင်ရဲ့ အုတ်ဂူထက်မှာ “ဝေးသွားတဲ့အခါ” သီချင်းကို ဂီတနုတ်စ်တွေနဲ့တကွ ရေးထွင်းထားပြီး မကွယ်လွန်ခင်ကတည်းက မိသားစုကိုမှာကြားထားခဲ့တာ ဖြစ်ပါတယ်။ ကိုငှက်ရဲ့ "ဝေးသွားတဲ့အခါ" သီချင်းဟာ မြန်မာသီချင်းတွေအားလုံးထဲမှာ တီထွင်ဖန်တီးရအခက်ဆုံး သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီအိုရီအားဖြင့်အရှုပ်ထွေးဆုံး Jazz ဂီတအမျိုးအစားဖြစ်ပြီး ထူးအိမ်သင်ကိုင်တိုင် အသက် ၂၀ မကျော်ခင်မှာ ရေးစပ်ခဲ့တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းစစ်စစ်ဖြစ်ပါတယ်။ နိုင်ငံခြားက ခက်ခဲတဲ့ ဂန္တဝင်သီချင်းကြီးတွေမှာတောင် ဂစ်တာကော့ဒ်ပေါင်း ၂၀ လောက်ပဲ ပါဝင်ပြီး "ဝေးသွားတဲ့အခါ" သီချင်းကတော့ ထူးခြားစွာနဲ့ ဂစ်တာကော့ဒ် ၄၀ လောက်ထိ ပါဝင်နေတာ ဖြစ်ပါတယ်။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
မာလာရှမ်းကောချက်နည်း
မာလာရှမ်းကောရုတ်သီး ဆီသပ်ရန် ပါ၀င်ပစ္စည်းများ • စီချွမ့်ငရုတ်ကောင်း - စားပွဲတင်ဇွန်း ၃ဇွန်း • နတ်နတ်ပွင့် - ရခု • ကလဝေရွက် - ၅ရွက် • သစ္ဂ်ပိုး - ၄ခု • လီမ္မော်ခွံခြောက် - ၁ခု • ဇာလိဖိုလ်သီး - ၁ခု (ခြစ်တံဖြင့် အမှုန့်များ ခြစ်ထည့်ပေးပေးပါ) • ဂျင်း - ၇ပြား • ဖာလာ - စားပွဲတင်ဇွန်း တ၀က် • ငရုတ်သီးခြောက်နီ - ၅ခု (လက်မ၀က်ရွယ်များ ပိုင်းဖြတ်ပါ) -------------------------------- 📝မာလာရှမ်းကော ချက်ရန် ပါ၀င်ပစ္စည်းများ • ငရုတ်သီးဆီမွှေး - စားပွဲတင်ဇွန်း ၄ဇွန်း • ကြက်သွန်ဖြူ - ၄မွှာ (နှုတ်နှုတ်စဉ်းပါ) • ငရုတ်သီးခြောက်နီ - ၁၀ခု (လက်မ၀က် ရွယ်များပိုင်းဖြတ်ပါ) • ဆား - စားပွဲတင်ဇွန်း ၁ဇွန်း • အသားမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း • အချိုမှုန့် - စားပွဲတင်ဇွန်း တ၀က် • မြေပဲနီ - ၁ထုပ် (အကျက်) • နှမ်း - စားပွဲတင်ဇွန်း ၂ဇွန်းစာ (အပေါ်မှ ဖြူးရန်) • ကြက်သွန်မြိတ် - စည်း၀က် (၁လက်မအရွယ်များပိုင်းဖြတ်ပါ) • နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ) 📝မာလာရှမ်းကော ပါ၀င်သည့် အစာပလာများ • ပုဇွန်ထုပ် - ၂၀ ကျပ်သား (သန့်စင်ပေးထားပါ) • ခေါက်ဆွဲခေါက် - ၁ထုပ် (ပြုတ်ထားပေးပြီ ပြန်ဆယ်ထားပါ) • ကြက်အူချောင်း(အစို) - ၅ချောင်း (အချောင်း လှီးထားပါ) • ငါးသားလုံး - ၁၀လုံး (ထက်ခြမ်းခြမ်းပါ) • ငါးတို့ဟူး - ၄ခု (အရှည်အတုံးများ လှီးဖြတ်ပါ) • ကြာစွယ် - ၁ခု (အခွံနွှာပြီ ပါးပါးလှီးပါ) • အာလူး - ၂လုံး (အခွံနွှာပြီ ပါးပါးလှီးပါ) • အပ်မှို - ၁စည်း (အမြစ်ပိုင်း လှီးဖြတ်ပါ) • ဂေါ်ဖီ - တစိတ် (ပိုင်းဖြတ်ပါ) • မှိုနားရွက် - လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ) • ပဲလိပ် - လက်တဆုပ်စာ (ရေစိပ်ထားပြီ ထပ်ခြမ်းခြမ်းပါ) • ပြောင်းဖူး - ဖူးဝက် (ပြုတ်ပြီ အတုံးတုံးထားပါ) • ကြက်သွန်မြိတ် - ၂စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ) • မုန့်ညှင်းစိမ်း - ၁စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ) • ကန်စွန်းရွက် - စည်း၀က် (ပိုင်းဖြတ်ပေးပါ) • နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ) -------------------------------- 📝မာလာ ငရုတ်သီးဆီသပ် ချက်နည်း ၁။ အရင်ဆုံး ဒယ်ထဲ ဆီ(၄၀၀ ဂရမ်)ကို ထည့်ပါ။ ၂။ ဆီပူလာလျှင် ဂျင်း၊ စီချွမ့်ငရုတ်ကောင်း၊ နတ်နတ်ပွင့်၊ ငရုတ်သီးခြောက်၊ ဖာလာ၊ ကလဝေရွက်၊ သစ်ဂျပိုး၊ လီမ္မော်ခွံ၊ ဇာလိဖိုလ်သီးမှုန့် တို့ကို ထည့်ပြီ ၁မိနစ်ခန့် ဆီသပ်ပေးပါ။ ၃။ ပြီလျှင် ငရုတ်သီးခြောက်နီများ ထည့် ၁မိနစ်ခန့် ထပ်ဆီသပ်ပါ။ ၄။ ထို့နောက် ဇကာဖြင့် ဟင်းခတ်အမွှေးအကြိုင် အားလုံးကို ဖယ်ထားလိုက်ပါ။ ၅။ ဒယ်ထဲမှ ငရုတ်သီးဆီသပ်ကို ဒီအတိုင်းထားပါ။ -------------------------------- မာလာရှမ်းကော ချက်နည်း ၁။ ခုနက ငရုတ်သီးဆီသပ်ထားသော ဒယ်ထဲသို့ ကြက်သွန်ဖြူများထည့်ဆီသပ်ပေးပါ။ ၂။ ပြီလျှင် ငရုတ်သီးဆီမွှေး၊ ငရုတ်သီးခြောက်နီများထည့်ပြီး ၁ မိနစ် ဆီသပ်ပါ။ ၃။ ပြီနောက် ပုဇွန်ထုပ်၊ ကြက်သွန်မြိတ် များကို ထည့်ပြီး ရောမွှေပေးပါ။ ၄။ ပြီလျှင် (ကြက်အူချောင်း၊ ငါးသားလုံး၊ ငါးတို့ဟူး၊ ဂေါ်ဖီ၊ ပဲလိပ်၊ မှိုနားရွက်၊ ပဲထပ်) တို့ကို ထည့်ပေးပြီ ရေ(၂၀၀မီလီလီတာ)ခန့် ထည့်ပေးပြီ အဖုံးအုပ်ပြီ ခဏတည်ထားပါ။ ၅။ ရေခမ်းခါနီး (ခေါက်ဆွဲ) ၊ ကြာစွယ်၊ ပြောင်းဖူး၊ အာလူး၊ အရသာအတွက် (ဆား၊ အသားမှုန့်၊ အချိုမှုန့်) တို့ကို ထည့်ပြီ နောက်ထပ် ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ် တည်ထားပါ။ ၆။ ထို့နောက် ကန်စွန်းရွက်၊ မုန့်ညှင်းရွက်၊ အပ်မှိုတို့ကို ထပ်ထည့်ပေးပါ။ ရ။ နောက်ဆုံးမှ မြေပဲထည့်၊ ရောမွှေ။ အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်၊ နှမ်းများ ဖြူးပေးပါ။ ၈။ အရသာရှိစွာဖြင့် မာလာရှမ်းကော ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
နာမည်ကို ကွင်းစ ကွင်းပိတ်နဲ့ ရေးရင် မြန်မာစာမှာ ဘယ်လိုသက်ရောက်မှုရှိလဲ။
မြန်မာစာမှာ သက်ရှိထင်ရှားမရှိတော့သည့် သူများ၏ နာမည်များကို စာရေးသားတဲ့အခါ ကွင်းစ ကွင်းပိတ် ( ) ခံပြီး ရေးသားလေ့ရှိကြပါတယ်။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ အသုဘရှုဖိတ်ကြားလွှာများတွင် သေဆုံးသူရဲ့ နာမည်ကို ကွင်းစ ကွင်းပိတ် ( ) ခံပြီး ရေးလေ့ရှိတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
ဘာလို့ Muhammad Ali ကို ကမ္ဘာ့အကြီးဆုံး လက်ဝှေ့သမားလို့ခေါ်တာလဲ။
လက်ဝှေ့သမားကောင်းတွေ အများကြီးရှိခဲ့ပေမဲ့ အများက Muhammad Ali ကို အကြီးကျယ်ဆုံးလို့ထင်ကြတယ်။ ဒါက အားကစားသမားတစ်ဦးအနေနဲ့ သူရရှိခဲ့တဲ့ အောင်မြင်မှုနဲ့ ကြိုးဝိုင်းအပြင်က လူမှုရေး ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ သူရရှိခဲ့တဲ့ အောင်မြင်မှုကြောင့်ဖြစ်လောက်တယ်။ ဗီယက်နမ်စစ်ပွဲမှာ ပါဝင်ဖို့ ဆန္ဒပြခဲ့ပေမဲ့လည်း လက်မခံခဲ့ပါဘူး။ (အဲဒီနောက်မှာ ထိပ်တန်း လက်ဝှေ့သမားဆုတွေ ဆုတ်ခွာခံခဲ့ရပါတယ်။) လူ့အခွင့်အရေး လှုပ်ရှားမှုအတွင်းမှာ အာဖရိကန် အမေရိကန်တွေအတွက် လူမျိုးရေးဂုဏ်ယူမှုကိုအပြင်းအထန် ထောက်ခံသူပါ။ အစ္စလာမ်ဘာသာကို ပြောင်းလဲခဲ့ပါတယ်။ သူ့နာမည်ကို လူတွေကို ခေါ်ဆိုဖို့ အတင်းအကြပ်ပြုလုပ်ခဲ့ပါတယ်။ ဂီတအလုပ်တွေအတွက် ဂရမ်မီဆုနှစ်ခုရခဲ့ပြီး စာရေးဆရာတယောက်လည်း ဖြစ်လာခဲ့တယ်။ မိုဟာမက်အလီနောက်လိုက်ကြတဲ့ အောင်မြင်တဲ့ လက်ဝှေ့သမား အများအပြားကလည်း သူ့ကို စိတ်ဓာတ်ခွန်အားအဖြစ် မှတ်ယူကြလေ့ရှိတယ်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
မေးခွန်း - ၂၀၁၆ ခုနှစ်ကဗြိတိန်ရဲ့ Top Model ပထမဆုကိုဘယ်သူရခဲ့လဲ။ အဖြေက:
ခလိုင်း ကင်းနန် (Chloe Keenan)
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
အောက်ပါပြက်လုံးကို ရှင်းပြပါဦး။ ဘီးလေးဘီးနဲ့ ပျံသန်းနေတဲ့ အရာက ဘာလဲ။ ဖြေ- အမှိုက်တင်ကား။
သင်ဟာ ၄ဘီးနဲ့fliesဆိုတဲ့စကားလုံးကိုကြားရင် flies ဆိုတာကလေယျာဉ်ပျံ ဒါမှမဟုတ် Superman လိုလေပေါ်မှာပျံသန်းတာကိုတွေးမိမှာပါ။ Flies ဆိုတာက ယင်ကောင်တွေကိုဆိုလိုတာမှန်းတွေးမိမှာမဟုတ်ပါဘူး။ အမှိုက်ကားကဘီးလေးဘီးရှိပြီးယင်ကောင်တွေလဲအများကြီးရှိမှာပါ။ ဘာလို့လဲဆိုတော့ယင်ကောင်တွေကအမှိုက်ကိုကြိုက်တယ်လေ။ နောက်ပြီး ပျော်ရွှင်မှုအတွက် ဒီမှာ မြင်ရတာက ပျံသန်းနေတဲ့ အမှိုက်ကားတစ်စီးပါ။ ဗီဒီယို
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
အာသာဖြေတာကြောင့် အားနည်းတတ်လား
အမျိုးသားရော အမျိုးသမီးရောမှာ တကိုယ်ရည်အာသာဖြေခြင်းနဲ့ပတ်သက်လို့ ကြားဖူးတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါလိမ့်မယ်။ ဝက်ခြံထွက်တယ်။ လိင်အင်္ဂါတွေကို အားနည်းစေတယ်။ ကလေးရဖို့ခက်စေတယ်။ အားနည်းစေတယ်။ မျက်တွင်းကျစေတယ် စသဖြင့် အများကြီးပဲ။ အဲဒီထဲက အမေးများတာတစ်ခုက အာသာဖြေရင် အားနည်းတတ်လားဆိုတာပါ။ ကျားရော မရော ဒီမေးခွန်းကို မေးကြတယ်။ အာသာဖြေတာကြောင့် အားနည်းတတ်တယ်ဆိုတာ မဟုတ်ပါ။ အာသာဖြေတဲ့အခါ ဟော်မုန်းတွေထွက်တယ်။ စိတ်ကိုနေလို့ကောင်းစေတယ်၊ ခန္ဓာကိုယ်က relax ဖြစ်ပြီး လျော့ရဲသွားတယ်။ စိတ်ဖိစီးမှုနည်းပါးသွားလို့ အိပ်ချင်သွားတယ်။ ဆာသွားတယ်။ အစားစားချင်သွားတယ်။ ဒါက ဟော်မုန်းတွေကြောင့် လူက relax ဖြစ်သွားပြီးဖြစ်တာတွေ။ အားနည်းသွားလို့မဟုတ်ဘူး။ အထူးသဖြင့် အာသာဖြေတယ်ဆိုတာ မကောင်းမှုတစ်ခုလို့ တွေးကြပြောကြမြင်ကြတဲ့သူတွေမှာ ဒါဟာ အပြစ်လုပ်နေတာပဲလို့ တွေးမိတော့ ပိုပြီးပင်ပန်းသလို ခံစားရတယ်။ ဒါပေမယ့်တစ်ခုတော့ရှိတယ်။ အရာရာတိုင်းက တန်ဆေးလွန်ဘေးပါပဲ။ အာသာဖြေတာ မပင်ပန်းပါဘူး၊ အားမနည်းပါဘူးဆိုပြီး အလွန်အကျွံဆော်နေရင်တော့လည်း အားနည်းတာ၊ လိင်အင်္ဂါတွေထိခိုက်မိတာနဲ့ လိင်ဆက်ဆံဖို့ စိတ်မဝင်စားတာတွေဖြစ်နိုင်တယ်။ လုပ်လို့ရတယ် ဘာမှကြောက်နေစရာမရှိ။ ဒါပေမယ့် အလွန်အကျွံတော့မလုပ်ကြနဲ့။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ကမ္ဘာမှာ နာမည်အကြီးဆုံး ကားတံဆိပ် သုံးခုကို ဖော်ပြပါ။
၁။ BMW ၂။ အော်ဒီ ၃။ Porsche
Burmese
mya
re-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
မေးခွန်း - ရေဆူသည့်အမှတ်သည် ၁၀၀ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး si ယူနစ်ဖြင့် ဖော်ပြပါ အဖြေက:
၃၇၃.၁၅ ကယ်လ်ဗင်
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
ရေကျက်အေး ဆိုတာ ဘာလဲ
စက်ရုံထုတ် PH7 တွေကို ပုံမှန် မသောက်ဖြစ်တဲ့ နေရာ တော်တော်များများမှာ ကျန်းမာရေးနဲ့ ညီညွတ်စေရန်အတွက် ရေကို ကျိုချက်ပြီး အအေးခံ သောက်သုံးလေ့ရှိကြတယ်။ အဲ့ရေကို ရေကျက်အေး လို့ခေါ်တယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
အောက်ပါ ဟာသကို ရှင်းပြပါဦး။ ဘာလို့ Elsa ကို ပူဖောင်းတစ်လုံး မပေးတာလဲ? ဖြေ- သူမက ပူဖောင်းကိုလွှတ်လိုက်မယ်။
ရှင်းပြချက်- Frozen ရုပ်ရှင်ကို ကြည့်ဖူးလား။ Elsa က အဓိက ဇာတ်ကောင်ပါ။ သူမရဲ့အကျော်ကြားဆုံးသီချင်းကတော့ "Let It Go" ပါ။ ပူဖောင်းကို လွှတ်လိုက်ရင် လေထဲမျောပါသွားမယ်၊ အဲဒီနောက်မှာ ပူဖောင်းကို ခင်ဗျား မရတော့ပါဘူး။ ဒီတော့ Elsa ကို ပူဖောင်းတစ်လုံး မပေးနဲ့၊ မဟုတ်ရင် သူ လွှတ်ချလိုက်လိမ့်မယ်။ ဗီဒီယို
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
အောက်ပါပြက်လုံးကို ရှင်းပြပါဦး။ Bill board က ဘယ်ဘာသာစကားနဲ့ပြောလဲ။ A: လက်ဟန် ဘာသာစကား။
ရှင်းလင်းချက် - ဘီလ်ဘုတ်ဆိုသည်မှာ လမ်းဘေးနှင့် အဆောက်အအုံထိပ်တွင် တွေ့ရသော ကြော်ငြာဆိုင်းဘုတ်များထဲမှ တစ်ခုဖြစ်သည်။ ဤပြက်လုံးသည် sign ဟူသောစကားလုံးက်ိုလှည့်ပြီး ကစားသည်။ Sign ဆိုသောစကားလုံးသည် အများပြည်သူ၊ ပုံနှိပ်ကြေငြာချက် (လမ်းပြအမှတ်အသား၊ ရပ်မှတ်အမှတ်အသား၊ လမ်းပြအမှတ်အသား၊ ၎င်း၏မျက်နှာစာပေါ်ရှိစတိုးဆိုင်အမည်စသည်တို့) ကိုဆိုလိုနိုင်သည်။ သို့မဟုတ် sign language ၏ပထမဆုံးအပိုင်းလည်းဖြစ်နိုင်သည်။ အမူအရာပြ ဘာသာစကားသည် အကြားအာရုံ ချို့ယွင်းသူများ ဆက်သွယ်ရန် အသုံးပြုသော ဘာသာစကားဖြစ်သည်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
အောက်ပါ မေးခွန်းကိုဖြေပါ။ Law and Order (သို့) ဥပဒေနဲ့ အမိန့်မှာ Ben Stone နေရာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားက ဘယ်သူလဲ။
မိုက်ကယ် မိုရီယာတီ (သို့) Michael Moriarty
Burmese
mya
re-annotations
b466cff514d056b52c8c75a0e058d1cda748c7fe0f5760924ce918c36c53ad35
ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံးနိုင်ငံက ဘယ်နိုင်ငံလဲ။
ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှုစာရင်း 2023 ခုနှစ်တွင် ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံးနိုင်ငံသည် Iceland ဖြစ်ပြီး 2008 ခုနှစ်ကတည်းက ထိုပထမနေရာကို ရယူထားခြင်းဖြစ်သည်။ ဒိန်းမတ်၊ အိုင်ယာလန်၊ နယူးဇီလန်နှင့် သြစတြီးယားတို့သည် အငြိမ်းချမ်းဆုံးသော ထိပ်တန်းငါးနိုင်ငံကို ရယူထားသည်။ 2023 ခုနှစ်တွင် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းမှုအနည်းဆုံးနိုင်ငံသည် အာဖဂန်နစ္စတန်ဖြစ်ပြီး ထိုနေရာကိုကို ရှစ်နှစ်ဆက်တိုက် သိမ်းပိုက်ထားသည်။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
Data State များ
Data State လို့ ပြောလိုက်ရင် အရင်ဆုံး မျက်စိထဲမှာ မြင်မိတာ State Machine တွေ သင်ခဲ့တုန်းက Turnstile ဥပမာပါပဲ။ ငွေအကြွေစိထည့်ပြီး တွန်းဝင်လို့ရတဲ့ ဂိတ်တွေပေါ့။ အဲဒီအကြောင်း သိချင်ရင် Infinite State Machine ဆိုပြီး ရှာလိုက်ပါ။ Wiki မှာလဲ ဖတ်လို့ရပါတယ်။ Current State က Locked ဖြစ်နေမယ်။ အဲဒါကို Coin ထည့်လိုက်မယ်ဆိုရင် နောက် State က Unlocked ဖြစ်သွားတဲ့ State ပါ။ Unlocked ဖြစ်သွားတဲ့အတွက် အသုံးပြုသူအနေနဲ့ တွန်းဝင်သွားလို့ရပါမယ်။ Unlocked State မှာ Push လုပ်ပြီး တွန်းဝင်သွားတဲ့အတွက် နောက် State က Locked ဖြစ်တဲ့အတွက် Turnstile က locked ဖြစ်သွားပါမယ်။ ဒါကတော့ Infinite State Machine ကို စသင်ပြီဆိုတာနဲ့ နမူနာပေးတဲ့ ပုံစံပါ။ အမှန်တကယ် လက်တွေ့မှာရော ဘယ်လိုတွေ သုံးကြမလဲ။ ဒါကတော့ အသုံးပြုချင်တဲ့ နည်းပညာရဲ့အပေါ်မူတည်ပါလိမ့်မယ်။ ကျွန်တော်ကတော့ Data Intensive ဖြစ်တဲ့ Service တွေအတွက် ရည်ရွယ်ပြီး ဆက်ပြောပါမယ်။ Data Intensive Application များနှင့် State များ ကျွန်တော်တို့မှာ Online Shop တစ်ခု ရှိတယ်ဆိုကြပါစို့။ အဲဒီမှာ အရင်ဆုံး လုပ်ရမှာ Data Entry ပါ။ အဲဒီအတွက် အသေးစိတ်တော့ မပြောတော့ပေမယ့် ရှင်းပြလို့ မြင်သာအောင်တော့ ပုံစံချထားပါတယ်။ Staff က Stock Entry လုပ်တယ်ဆိုပါစို့။ Business Requirement အရ Data Entry ကို တစ်ကြိမ်တည်းထည့် တစ်ခါတည်း Publish လုပ်တဲ့ ပုံစံသွားလို့မရဘူးဆိုပါစို့။ အဲဒီအခါ ကျွန်တော်တို့အနေနဲ့ Draft လုပ်လို့ရတဲ့ Feature ကို ထည့်ပေးရပါမယ်။ အဲဒီအပြင် အဲဒီ​ Draft မှာ နောက်ပြန် Replay လုပ်ချင်တဲ့ Feature လဲ ထည့်ပေးရမယ် ဆိုပါစို့။ အဲဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ Data State တွေကို လေ့လာလို့ရနိုင်ပါတယ်။ အခုချထားတာက နမူနာပုံစံပါ။ လက်တွေ့မှာတော့ ဒီထက် စဉ်းစားစရာတွေ အများကြီး ရှိပါတယ်။ Staff က Stock Entry လုပ်တယ်။ Action အနေနဲ့ Draft နှစ်ခါ၊ Save တစ်ခါနဲ့ Publish တစ်ခါ လုပ်ပါတယ်။ ကျွန်တော်တို့ Draft တွေကိုတော့ Main Stock Table ထဲ မထည့်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ Stock Table ထဲမှာ ရှုပ်မှာစိုးလို့ပါ။ အဲဒီအတွက် History Table တစ်််ခုဖန်တီးပြီး Row အလိုက် မှတ်ထားပါတယ်။ အဲဒီအပြင် Replay ပါ လုပ်ချင်အတွက် Snapshot တွေလဲ သိမ်းထားပါတယ်။ ထုံးစံအတိုင်း created_at, updated_at, deleted_at ဆိုတာတွေတော့ ရှိမှာပေါ့။ State တစ်ခုချိန်းသွားတဲ့ Action တွေက Trigger လုပ်လို့လိုပါတယ်။ အဲဒီမှာ ပါတဲ့ State တွေကို ခွဲခြားကြည့်မယ်ဆိုရင် - Linear States - Non-linear States ဆိုပြီး တွေ့ရပါလိမ့်မယ်။ Linear States Linear States တွေရဲ့ အဓိက ကျတဲ့အချက်ကတော့ ရှေ့ကိုပဲ သွားနေတာပါ။ နောက်ပြန်လှည့်လို့မရပါဘူး။ (SE အရ အခေါ်အဝေါ်တူချင်မှ တူပါမယ်။ ကျွန်တော် မမှတ်မိတော့လို့ပါ)​ လူတစ်ယောက် မွေးလာတာ၊ ကျောင်းတက်တာ၊ အလုပ်လုပ်တာ၊ အိုသွားတာ စသည်ဖြင့် အစဉ်လိုက် နောက်ပြန်မလှည့်ပဲ သွားတာမျိုးကို Linear State လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ Data Table တွေမှာ မှတ်ရင်တော့ Encapsulated State အနေနဲ့ Hard Coded လုပ်ပြီး ချိန်းသွားတာမျိုးနဲ့ မှတ်လို့ရပါတယ်။ Non-linear States Non-linear States တွေကတော့ Business Requirement တွေအပေါ်မှာ မူတည်တာ များပါတယ်။ Drafted State ဆိုရင် Non-linear State လို့ ခေါ်လို့ရပါတယ်။ အဲဒီအပြင် ကျွန်တော်တို့ Approved ဆိုတဲ့ State မှာတင် Manager Approved လား၊ GM Approved လား၊ CEO Approved လားဆိုပြီးကွဲပါသေးတယ်။ အဲဒီလို Linear မဟုတ်တဲ့ အပြန်အလှန်သွားနေတဲ့ ပြောင်းလဲနေတဲ့ State တွေကို Non-linear State​ တွေလို့ ခေါ်လို့ရမယ်ထင်ပါတယ်။ (ဒီနေရာမှာ Dynamic States တွေလို့လဲ ပြောလို့ရမယ်ထင်တယ်။ SE အရ​ ဘယ်လိုခေါ်လဲဲ ကျွန်တော် မမှတ်မိတော့လို့ပါ) Classification of States State တွေကို တစ်ခြားနည်းတစ်ခုနဲ့ ခွဲကြည့်မယ်ဆိုရင် - Business States - Technical States ဆိုပြီးခွဲလို့ရပါသေးတယ်။ Business States ကတော့ အချိန်ပြည့် အပြောင်းအလဲရှိနေတဲ့ State တွေကို ပြောတာပါ။ ဉပမာ — approved ဆိုပါစို့။ approved_by_sales_person ဆိုတာလဲ ရှိနိုင်သလို approved_by_sales_admin ဆိုတာလဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် business requirement အရ approved_by_sales_person ဆိုတာကို ဖြုတ်လိုက်တာလဲ​ ဖြစ်နိုင်သလို approved_by_manager ဆိုတာ ထပ်ထည့်နေတာလဲ​ ဖြစ်နိုင်ပါတယ်။ အစီအစဉ်ပြောင်းသွားတာလဲ ဖြစ်နိုင်ပါတယ်။ အဲဒီလို business requirement အရ အချိန်ပြည့် ပြောင်းလဲနေတဲ့ state တွေကို business states တွေလို့ ကျွန်တော် ယူဆပါတယ်။ Architecture သမားအနေနဲ့ business state တွေဆိုတာ အမြဲတမ်းပြောင်းလဲနေမယ်လို့ သိထားဖို့လိုပါတယ်။ အဲဒါကို မင်းက အချိန်ပြည့် ပြောင်းနေတာပဲလို့ သွားအပြစ်တင်လို့မရပါဘူး။ business မှာ profit making အရ အမျိုးမျိုး ပြောင်းလဲ ထိုးဖောက်နေမှာ ထုံးစံပဲဖြစ်ပါတယ််။ ကိုယ်တွေကသာ အမြဲပြောင်းလဲနေမယ်လို့ သဘောထားပြီး ပြင်ဆင်တည်ဆောက်ထားဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ technical state တွေပါ။ created_at တို့ updated_at တို့ deleted_at တို့စတာတွေက technical states တွေလို့ ဆိုနိုင်ပါတယ်။ Mapping between business states and technical states Business state တွေက အချိန်ပြည့် ပြောင်းလဲနေမှာ ဖြစ်တဲ့အတွက် Data တွေကို ကိုင်တွယ်တဲ့အခါ Consistency Issue ရှိလာပါတယ်။ အဲဒီအတွက် အပြောင်းအလဲမရှိတဲ့ technical states တွေနဲ့ ဒေတာတွေကို ကိုင်တွယ်ရပါတယ်။ အဲဒီမှာ business states တွေနဲ့ technical states တွေကြားမှာ Mapping လုပ်ဖို့ လိုလာပါတယ်။ တစ်ခုခု အပြောင်းအလဲရှိရင် အဲဒီ Mapping တွေကို ချိန်းလိုက်တာနဲ့ Data Consistency ရှိရှိ ရှေ့ဆက်သွားနိုင်အောင် ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီအပိုင်းကတော့ Architecture အပိုင်းမှာ အတော်လေးကို ခက်ခဲတဲ့အပိုင်းလို့ ပြောရပါမယ်။ Deterministic ဖြစ်အောင် သေသေချာချာ Mapping ချနိုင်ဖို့ လိုပါတယ်။ Business States တွေက Non-deterministic တွေ ဖြစ်ပါတယ်။ ဒါပေမယ့် Technical States တွေကတော့ Deterministic ဖြစ်ဖို့ လိုကိုလိုပါတယ်။ ဉပမာ အနေနဲ့ ပြောရမယ်ဆိုရင် approved ဆိုတဲ့ states ကိုပဲ ရှေ့ဆက်လေ့လာကြည့်ပါမယ်။ approved_by_sales_person ဆိုတဲ့ business state ကို technical state အရ approved ဆိုတဲ့ state ရယ်၊ user ရယ်၊ အဲဒီ user ရဲ့ role​ ရယ်တွဲပြီး Mapping လုပ်ထားဖို့ လိုပါတယ်။ audit အနေနဲ့ပဲ မှတ်မလား၊ history အနေနဲ့ပဲ မှတ်မလား မှတ်ထားဖို့ လိုပါတယ်။ အဲဒီနေရာမှာ approved_by_sales_admin ဆိုတာလေး ပြောင်းချင်တယ်ဆိုရင် user ရဲ့ role ကို ချိန်းလိုက်ရုံပါပဲ။ ဒါကတော့ တကယ့် business system ကြီးတွေကို Design ချတဲ့အခါ စဉ်းစားစရာတွေ အများကြီး ရှိပါတယ်။ State Dependencies State တစ်ခုနဲ့ တစ်ခု ကူးပြောင်းတဲ့အခါ State Dependencies တွေ လိုလာပါတယ်။ ဒီနေရာမှာလဲ - Linear Dependency - Non-linear Dependency ဆိုပြီး နှစ်မျိုးခွဲလို့ရပါတယ်။ Linear Dependency တွေကတော့ ရှင်းပါတယ်။ Approved ပြီးမှ Disbursed သွားလို့ရမယ်ဟာမျိုးတွေပါ။ Non-linear Dependeny တွေမှာတော့ Multiple Dependency နဲ့ Complex Dependency ဆိုပြီး နှစ်မျိုးရှိပါတယ်။ State တစ်ခုဟာ State နှစ်ခု (သို့)​နှစ်ခုထက် ပိုပြီး Dependent ဖြစ်နေရင် Multiple Dependency လို့ခေါ်နိုင်ပြီး State တစ်ခုဟာ State တစ်ခုကို မှီချင်လဲမှီမယ်၊ မမှီချင်လဲမမှီဘူး၊ နှစ်ခုမှာ တစ်ခုကို မှီချင်မှီမယ် မမှီချင် မမှီဘူးဆိုတာတွေကတော့ Complex Dependency လို့ ခေါ်နိုင်ပါတယ်။ Complex Dependency တွေကတော့ SaaS တွေ ရေးတဲ့အခါမှာ ကြုံလာရနိုင်ပါတယ်။ Complex Dependency ဆိုတဲ့အတိုင်း Architecture ချတဲ့နေရာမှာလဲ အင်မတန် Complex ဖြစ်ပါတယ်။ Before & After ဒါကတော့ State တစ်ခုကို မချိန်းခင်နဲ့ ချိန်းပြီးတဲ့အချိိိန် ဘာတွေ လုပ်ပေးရမလဲ သတ်မှတ်တာတွေပါ။ Rules တွေ ဖြစ်နိုင်တယ်။ Process တွေ ဖြစ်နိုင်တယ်။ filter တွေ ဖြစ်နိုင်တယ်။ အစုံဖြစ်နိုင်ပါတယ်။ State Lock/Unlock ဒါကတော့ State တစ်ခုနဲ့ တစ်ခုကြားမှာ Lock နဲ့ သွားမယ်ဆိုရင် ဒီတစ်ခု မချိန်းပဲ နောက်တစ်ခု သွားလို့ရမှာ မဟုတ်ပါဘူး။ Unlock ဆိုရင်တော့ သွားလို့ရပါမယ်။ အဲဒီ Lock/Unlock တွေဆိုတာကို Flow နဲ့လဲ တွဲလို့ရပါတယ်။ Flow လို့ ပြောလိုက်ရင် Orchestration တွေပါ ပါလာမှာ ဖြစ်တဲ့အတွက် အများကြီး မပြောတော့ပါဘူး။ Service Oriented Architecture and Data States Service Oriented Architecture တွေမှာ Data State​ တွေက သိပ်ကို အရေးပါပါတယ်။ Service တစ်ခုနဲ့ တစ်ခုကြား Contract တွေ သတ်မှတ်ရတဲ့အခါ ဘယ် Data ကတော့ဖြင့် ဘယ် state မှာ ငါကလက်ခံမယ်ဆိုတာမျိုးတွေ သေသေချာချာ သတ်မှတ်ဖို့ လိုပါတယ်။ မဟုတ်ရင် Service တွေဟာ တစ်ခုနဲ့တစ်ခု မပြတ်တော့ပဲ ပုံမှန် Monolith ရေးတာထက်ကို ပိုပြီးရှုပ်ထွေးသွားနိုင်ပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
HTTP in software engineering က ဘာလဲ။ HTTP ကို ကွန်ပျူတာတွေအကြားက ဘာသာစကားလို့ ဘာကြောင့် တင်စားကြတာလဲ။ HTTP နဲ့ REST API တူသလား။
အင်တာနက် ကွန်ယက်ကြီးထဲမှာ ဖုန်း၊ ကွန်ပျူတာ စသဖြင့် မတူညီတဲ့ device တွေက ဘီလီယံနဲ့ချီပြီး ရှိကြပါတယ်။ ဒီ device တွေအကြား အချင်းချင်း ဆက်သွယ်ဖို့ တူညီတဲ့ language တခုခု ရှိမထားဘူးဆိုရင် ကွန်ယက်ကြီးက သူတလူ ငါတမင်းနဲ့ အမှိုက်ပုံကြီးတခုလို ဖြစ်နေပါလိမ့်မယ်။ HTTP ကို ကျွန်တော်တို့ ဒီရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့ကြတာပါ။ ကမ္ဘာရဲ့ ဒီဖက်ခြမ်းမှာရှိတဲ့ ဖုန်းကနေ တခါမှ မမြင်ဖူးတဲ့ ​မြောက်အမေရိကတိုက်က device တခုကို လှမ်းဆက်သွယ်တဲ့အခါ အချင်းချင်း နားလည်ကြဖို့ဆိုရင် ဘယ်လိုအချက်ပြမယ်၊ ဘယ်စကားလုံးက ဘာကိုဆိုလိုပါတယ် စသဖြင့် ကြိုဇာတ်တိုက်ထားရပါလိမ့်မယ်။ ဒါကိုပဲ protocol လို့ခေါ်တာဖြစ်တယ်။ အချင်းချင်း တခါမှမမြင်ဖူးတဲ့ လူနှစ်ယောက် ရုပ်ရှင်ရုံရှေ့ ချိန်းထားကြတယ်လို့ မြင်ယောင်ကြည့်ပါ။ ငါအနီလေး ဝတ်လာခဲ့မယ်။ ငါ့ကိုတွေ့ရင် လက်ထောင်ပြလိုက်၊ ဒါဆို ငါ နင့်ဆီလျှောက်လာခဲ့မယ်လို့ ကြိုညှိထားတယ်လို့ ဆိုပါစို့။ ဒါက protocol ရဲ့သဘောဖြစ်တယ်။ device နှစ်ခုကို စက်ရုံတခုတည်းက ထုတ်ထားတာ ဖြစ်ဖို့ မလိုသလို သူတို့ချင်း ဆက်သွယ်နိုင်ဖို့ သီးသန့် ညှိနှိုင်းစရာလည်း မလိုပါဘူး။ ဒီလိုမျိုး device တိုင်းက နားလည်နိုင်အောင် ကြိုတင် သဘောတူထားတဲ့ protocol တွေထဲမှာမှ HTTP protocol ကတော့ နာမည်အကျော်ဆုံးနဲ့ အင်တာနက်ပေါ် နေရာအယူထားဆုံး protocol တခုဖြစ်တယ်။ HTTP အကြောင်းပြောရင် client - server မော်ဒယ်အတွဲက မပါမဖြစ်ပါပဲ။ device တခုက HTTP protocol ကိုသုံးပြီး နောက်ထပ် device တခုကို ဆက်သွယ်တယ်လို့ ဆိုပါစို့။ စဆက်သွယ်တဲ့ device ကို client လို့ ခေါ်ကြပါတယ်။ မှတ်ထားရမှာက ကိုယ့်ဘက်က စဆက်သွယ်ချင်ရင် ဆက်သွယ်နိုင်ဖို့ လိုအပ်တာတွေကို ပြင်ဆင်ထားရပါမယ်။ ဆက်သွယ်ခံရတဲ့ device ကိုတော့ server လို့သတ်မှတ်ကြပါတယ်။ ဒီနေရာမှာလည်း ခုနကလိုပဲ ဆက်သွယ်ခံချင်ရင် ဆက်သွယ်ခံနိုင်အောင် ပြင်ဆင်ထားဖို့ လိုအပ်ပြန်ပါတယ်။ HTTP ကမ္ဘာမှာ ကိုယ့်ဖက်က စဆက်သွယ်နိုင်ဖို့အတွက် device ပေါ်မှာ HTTP client ရှိထားဖို့ လိုအပ်ပါတယ်။ HTTP client က connection တည်ဆောက်တာနဲ့ စီမံခန့်ခွဲတာ၊ request တည်ဆောက်တာနဲ့ ပေးပို့တာ၊ response ကိုစောင့်ကြည့်ပေးတာ စသဖြင့် တာဝန်ယူပြီး Chrome, Safari, Firefox စတဲ့ Browser တွေက အတွေ့ရများဆုံး HTTP client တွေပဲဖြစ်တယ်။ ဒါတင်မကပဲ terminal ကနေ တိုက်ရိုက်သုံးနိုင်တဲ့ curl စတဲ့ CLI HTTP client တွေရှိသလို Android OS နဲ့အတူ ပါရှိတဲ့ Apache လို Client Library အနေနဲ့လည်း တွေ့ရနိုင်တယ်။ HTTP server အကြောင်း မပြောခင်မှာ server ဆိုတဲ့ အသုံးအနှုန်းအကြောင်း အရင်နားလည်ထားစေချင်ပါတယ်။ software တခုလည်ပတ်ဖို့ လိုအပ်တဲ့ hardware ကို physical host လို့ခေါ်ပြီး အဲဒီ hardware ကို server လို့ခေါ်တယ်။ တခါ server ဆီရောက်လာမယ့် request တွေကို hardware ရဲ့ port တခုခုမှာ မပြတ်စောင့်ကြည့်နေနိုင်ဖို့ software တွေလိုအပ်ပြီး အဲဒီ software တွေကိုတော့ web server လို့ခေါ်ကြပါတယ်။ Apache နဲ့ Nginx တို့က နာမည်ကျော် web server software တွေပေါ့။ ဒါပေမယ့် အဲဒီ web server တွေက ကြားခံသက်သက်သာဖြစ်ပြီး request ကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်တဲ့ အစိတ်အပိုင်းတွေ မဟုတ်ပါဘူး။ တကယ်တမ်း web server တွေဆီက request ကို လက်ခံပြီး စိစစ်ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ကတော့ C++, Java, PHP စတဲ့ programming language တွေနဲ့ server-side program တွေကိုတည်ဆောက်ရပါတယ်။ ဒီတော့ HTTP ကမ္ဘာမှာ server လို့ပြောရင် ကြားခံဖြစ်တဲ့ Web Server ကလည်း HTTP protocol ကိုနားလည်ဖို့ လိုအပ်သလို server program ကလည်း HTTP ကိုနားလည်ပြီး request တွေဖြည့်ဆည်းပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့ HTTP protocol ကိုအသုံးပြုပြီး ဆက်သွယ်မှုတခု ပြုလုပ်ခဲ့ရင် ဒါကို request ပို့တယ်လို့ ခေါ်ဝေါ်ကြောင်း သိလောက်ရောပေါ့။ HTTP request တခုမှာ server ပေါ်က ဘယ် resource ကိုဆိုလိုကြောင်း ညွှန်းတဲ့ url နဲ့ အဲဒီ resource ကိုဘာလုပ်ချင်တယ်ဆိုတဲ့ HTTP verb (ဥပမာ GET, POST) တို့ပါဝင်ကြတယ်။ server ဖက်က ဒီ request ကို လက်ခံရရှိတဲ့အခါ စိစစ်ပြီး အကြောင်းပြန်လိုက်တာကို response ပြန်တယ်လို့ ခေါ်တယ်။ အဲဒီ response မှာ တောင်းဆိုလာတဲ့ request က ပြီးမြောက်လား၊ ငြင်းခံရသလား ဒါမှမဟုတ်ပဲ နောက်တနေရာကို ထပ်တောင်းဆိုရမလား စသဖြင့် နားလည်စေမယ့် HTTP Status Code တခု ပါပါမယ်။ browser တွေမှာ မြင်နေရကျ 404 Not Found ဆိုတာ တောင်းဆိုလိုက်တဲ့ resource ကို server မှာရှာမတွေ့တဲ့အတွက် request မအောင်မြင်ပါလို့ အကြောင်းပြန်လိုက်တဲ့ သဘောပါပဲ။ ဒီတော့ request တခု အောင်မြင်သည်ဖြစ်စေ၊ အငြင်းခံရသည်ဖြစ်စေ server ဖက်က response ပြန်ကိုပြန်မှာဖြစ်လို့ request ရဲ့ အခြေအနေကို သိချင်ရင် status code ကိုသာ ဖတ်ရမှာဖြစ်တယ်။ ရှေ့တခေါက်မှာ RESTful API တွေအကြောင်း ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ HTTP protocol ကို device တွေပေါ်က application program တွေကြား အချက်အလက် ဖလှယ်ဖို့အတွက် သုံးတာဖြစ်လို့ HTTP ကို application protocol လို့လည်း ရည်ညွှန်းကြပါတယ်။ ဥပမာ Facebook Mobile App က posts ဆိုတဲ့ url မှာ GET ဆိုတဲ့ HTTP verb အသုံးပြုပြီး Facebook Server ဆီက post တွေ လှမ်းတောင်းယူနိုင်တယ်။ ဒါပေမယ့် GET အစား DELETE နဲ့ကော post တွေ တောင်းယူနိုင်အောင် Facebook Server က ပြင်ထားပေးလို့ မရဘူးလားလို့ မေးရင် ရပါတယ်လို့ ဖြေရပါလိမ့်မယ်။ ဒါပေမယ့် အဲလို​လုပ်ချင်သလိုသာ လုပ်ကြမယ်ဆိုရင် အင်္ဂလိပ် စကားချင်း အတူတူ တမြို့မှာ အဓိပ္ပါယ်တမျိုး ဆိုသလို ဖြစ်တော့မှာပေါ့။ ဒါကြောင့် REST ရဲ့ အခြေခံ အိုင်ဒီယာက HTTP ကို ကမောက်ကမတွေ မလုပ်ကြပဲ စနစ်တကျ အသုံးပြုကြဖို့ ကြပ်မတ်ထိန်းသိမ်းထားဖို့ ဖြစ်တယ်။ HTTP က application protocol သာဖြစ်တဲ့အတွက် သူ့မှာ program တွေကြား ဖလှယ်ကြတဲ့ အချက်အလက်တွေကို ဘယ်လိုဖော်ပြမယ်ဆိုတဲ့ သတ်မှတ်ချက်တွေတော့ မပါဝင်ပါဘူး။ ဖော်ပြဖို့အတွက် ရွေးချယ်စရာတွေထဲမှာ Json နဲ့ XML နှစ်ခုက လူသုံးအများဆုံးဖြစ်တယ်။ ဥပမာ Facebook Server အနေနဲ့ Facebook App ဆီက posts အတွက် GET request ကိုလက်ခံရတဲ့အခါ response နဲ့အတူ post တွေ ပြန်ထည့်ပေးမှာဖြစ်တယ်။ ဒါပေမယ့် post တွေကို JSON နဲ့ပေးသလား။ XML နဲ့ပေးမှာလား ဆိုတာကတော့ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်အောင် ရွေးချယ်နိုင်တာဖြစ်တဲ့အတွက် ဆန္ဒရှိရင် REST အစား HTTP နဲ့ XML ကိုပူးတွဲအသုံးချတဲ့ SOAP API တွေလည်း တည်ဆောက်နိုင်သေးတယ်။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
ပထမဝါကျ- ကျွန်တော် Francis Bacon ရဲ့ ပုံရိပ်တွေကို ဖန်တီးခဲ့ပါတယ် Sidney Nolan ရဲ့ ရှုခင်းထဲမှာ Jean Cocteau ရဲ့ စတန့်ကားတွေနဲ့ စေ့ဆော်ပြီး ဖန်တီးခဲ့တာပါ။ ဝါကျ (၂) ဂျင်းကိုကက်တိုမှ စေ့ဆော်မှုရသည့် စတန့်များဖြင့် ဆစ်ဒနီနိုလန်၏ ရှုခင်းတွင် ဖရန်စစ်ဘက်ကွန်၏ ပုံရိပ်များကို ဖန်တီးခဲ့ပါသည်။ မေးခွန်း၊ ပထမဝါကျနဲ့ ဒုတိယဝါကျက တူညီတဲ့ အဓိပ္ပါယ်ကို ဖော်ပြလား? ဟုတ်လား၊ မဟုတ်ဘူးလား။
ပထမဝါကျနဲ့ ဒုတိယဝါကျက တူညီတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်
Burmese
mya
re-annotations
a526d4ebf48a8a3f26fabace71bb105991114b0133aa24fa7f01e883f9a33097
ညဘက် အိပ်မပျော်ရင် ဘာလုပ်ရမလဲ။
ညဘက် ကောင်းမွန်စွာ အိပ်ပျော်စေရန် ကျွန်ုပ်တို့သည် ကျန်းမာသော အလေ့အကျင့်များ ဖန်တီးရန်နှင့် အိပ်ရေးဝဝ အိပ်စက်ရန် လုပ်ဆောင်သင့်ပါသည်။ သွားတိုက်ခြင်းသည် သွားကျန်းမာရေးကို ကောင်းမွန်စေသလို ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်ခြင်းသည် နေ့ဘက်နိုးကြားမှုကို မြှင့်တင်ဖို့ လုပ်ဆောင်နိုင်တဲ့ အရာတွေလည်း ရှိပါတယ်။ ဤအကြံပြုချက် ခုနစ်ချက်သည် သင့်အား ပိုမိုကောင်းမွန်သော အိပ်စက်ခြင်းအတွက် ကျန်းမာသော အလေ့အထများ ဖန်တီးရန် ကူညီပေးနိုင်ပါသည်။ အချိန်ဇယားတစ်ခုသတ်မှတ်ပါ။ : အိပ်ရာဝင်ရန် တိကျသောအချိန်ကို သတ်မှတ်ပါ။ ဤအလေ့အကျင့်တစ်ခုပြုလုပ်ခြင်းက သင်အိပ်ချိန်ကိုခြေရာခံပြီး အချိန်ဇယားကိုထိန်းသိမ်းရန် ကူညီပေးပါလိမ့်မည်။ အိပ်ယာဝင်ခြင်းနှင့် တစ်ချိန်တည်းတွင်ထခြင်းသည် ကောင်းမွန်သော အိပ်စက်ခြင်း-နိုးထခြင်းများကို သတ်မှတ်ပေးသည်။ တစ်ရေးအိပ်ခြင်းကို ကန့်သတ်ပါ။ : သင်တစ်ရေးတစ်မောအိပ်ပါက ညနေ ၃ နာရီထက်မပိုဘဲ နေ့စဥ်တစ်နာရီထက်မပိုစေဘဲ တစ်ချိန်တည်းတွင်ပြုလုပ်ရန်ကြိုးစားပါ။ နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်တာက ညဘက်မှာ အိပ်ပျော်ဖို့ ခက်ခဲစေနိုင်ပါတယ်။ တစ်ရေးတစ်မောအိပ်စက်ခြင်းအားလုံးသည် မကောင်းကြသည်မဟုတ်ပါ၊ လေ့လာမှုများအရ တိုတောင်းသောတစ်ရေးတစ်မော (၁၅-၂၀ မိနစ်) သည် နေ့စဥ်နေထိုင်မှုနှင့် အခြားအလုပ်များတွင် စိတ်ခံစားချက်၊ နိုးကြားမှုနှင့် စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြခဲ့သည်။ သဘာဝအလင်းရောင်တွင် အချိန်ဖြုန်းပါ။ : အလင်းသည် ကျွန်ုပ်တို့၏အတွင်းပိုင်းနာရီကို သတ်မှတ်ပေးသည်။ လေ့လာမှုများက နေ့ခင်းဘက်တွင် သဘာဝအလင်းရောင်ကို ထိတွေ့မှုအားကောင်းသော အိပ်စက်ခြင်းနှင့် ဆက်စပ်နေသည်။ အပြင်မထွက်နိုင်ရင် အလင်းကုထုံးသေတ္တာအနီးမှာ ထိုင်ပြီး အလင်းကုထုံးကို စဉ်းစားပါ။ လေ့လာမှုများက အလင်းကုထုံးဖြင့် လှုပ်ရှားမှုနှင့် မလှုပ်ရှားနိုင်သော လက္ခဏာများ ပိုမိုကောင်းမွန်လာနိုင်ကြောင်း လေ့လာမှုများက အကြံပြုထားသည်။ လေ့ကျင့်ခန်းလုပ်ပါ။ : လေ့ကျင့်ခန်းသည် ဟန်ချက်ညီမှု၊ လှုပ်ရှားသွားလာမှုနှင့် နေ့စဉ်လူနေမှုဘ၀လှုပ်ရှားမှုများကို ထိန်းသိမ်းရန် ကူညီပေးနိုင်သည်။ ၎င်း၏ အကျိုးကျေးဇူးများစွာရှိသည့်အနက် လေ့ကျင့်ခန်းသည် ကောင်းမွန်စွာ အိပ်စက်ခြင်းကို အားပေးသည်။ လေ့ကျင့်ခန်းလုပ်ပြီးရင် သင့်ခန္ဓာကိုယ်က အပူချိန်၊ adrenaline နဲ့ နှလုံးခုန်နှုန်းကို ထိန်းညှိနိုင်စေဖို့ နာရီအနည်းငယ် အချိန်ပေးပါ။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားပြီး ည ၈ နာရီနောက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါ။ ကဖင်း နီကိုတင်းနှင့် အရက်ကို ရှောင်ပါ။ : ကော်ဖီသည် နေ့ခင်းဘက် အိပ်ငိုက်ခြင်းကို ကူညီပေးနိုင်သော်လည်း ကဖိန်းနှင့် နီကိုတင်းတို့သည် အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်သော စိတ်ကြွဆေးများဖြစ်သည်။ နေ့ခင်းဘက် ဒါမှမဟုတ် ညဘက်မှာ ရှောင်ပါ။ အရက်သည် သင့်အား အိပ်ပျော်စေရန် ကူညီပေးနိုင်သော်လည်း သင့်ခန္ဓာကိုယ်က အရက်ကို စီမံဆောင်ရွက်ပေးသောကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သက်တောင့်သက်သာနေပါ။ : စိတ်အေးလက်အေး အနားယူခြင်းက စိုးရိမ်ပူပန်မှုတွေကို လျော့ပါးစေပြီး ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ စိတ်အပန်းပြေစေတဲ့ ဓလေ့ထုံးတမ်းတွေကို အလေ့အထဖြစ်အောင်လုပ်ပြီး သီချင်းနားထောင်တာ ဒါမှမဟုတ် အေးအေးဆေးဆေး ရေချိုးပေးပါ။ အိပ်ရာထဲမှာ ရုပ်မြင်သံကြား မကြည့်ပါနဲ့။ အိပ်ခန်းအပူချိန်ကို ထိန်းညှိပါ။ : အေးသော အပူချိန်သည် အိပ်ပျော်ရန် ပိုကောင်းသော်လည်း အပူချိန်လွန်ကဲမှုကို ရှောင်ရှားရန် ကြိုးစားပါ။ အေးလွန်းသော သို့မဟုတ် ပူလွန်းသောပတ်ဝန်းကျင်များသည် ကောင်းမွန်စွာအိပ်စက်ရန် အဆင်မပြေပါ။ အပူချိန်ကို ထိန်းညှိပေးခြင်းသည် သင်၏ စိတ်ကို ပြေလျော့စေပြီး အိပ်ပျော်စေသော ခံစားချက်ကို ကူညီပေးပါလိမ့်မည်။
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
Disney World မှာ ဘာပျော်စရာတွေလုပ်ရမလဲ။
Pirates of the Caribbean : Johnny Depp ပါဝင်သရုပ်ဆောင်ထားသည့် အောင်မြင်သောရုပ်ရှင် franchise အပြီးတွင် Disney သည် ဆယ်စုနှစ်များစွာကြာ ဆွဲဆောင်မှုရှိသောနေရာများတွင် အသစ်အဆန်းအချို့ကို ထည့်သွင်းခဲ့ပြီး ယခင်ကထက် ပိုကောင်းလာခဲ့သည်။ Soarin' : Soarin' သည် Epcot ၏ကမ္ဘာအနှံ့အပြားစီးကားဖြစ်ပြီး လုံးဝလက်လွတ်မခံသင့်ပါ။ ဆွဲဆောင်မှု၏ အထူးပြုလုပ်ချက်များနှင့် မှော်ဆန်သော မြင်ကွင်းကျယ် 180 သည် သင်ပျံသန်းနေသကဲ့သို့ခံစားရစေသည်။ Soarin' သည် Disney ၏ လူကြိုက်အများဆုံး စီးနင်းမှုများထဲမှ တစ်ခုဖြစ်သည်။ Expedition Everest : Animal Kingdom သည် Kilimanjaro Safaris ကဲ့သို့ ၎င်း၏ သက်ရှိတိရစ္ဆာန်ဆွဲဆောင်မှုများကြောင့် လူသိများသော်လည်း ဤနေရာတွင်လည်း စိတ်လှုပ်ရှားဖွယ်ရာ အပျော်စီးခြင်းများစွာရှိသည်။ ပန်းခြံ၏အကြီးဆုံးဆွဲဆောင်မှုဖြစ်သော Expedition Everest ၏စီးနင်းမှုသည် ရှေ့နှင့်နောက်သို့ ရွေ့လျားပြီး သင်၏ adrenaline စုပ်ယူမှုကို ရရှိစေမှာ သေချာပါသည်။ ရဲတိုက် : Hollywood Studios ၏ Twilight Zone-themed Tower of Terror သည် လက်မလွတ်သင့်ပါ။ အထူးပြုလုပ်ချက်များနှင့် ထိတ်လန့်ဖွယ်ကောင်းသည့် အပြင်အဆင်များသည် ဤစိတ်လှုပ်ရှားဖွယ်စီးနင်းမှုကို အတိုင်းအတာအသစ်တစ်ခုအဖြစ် အမှန်တကယ်ယူဆောင်လာစေသည်။ ရေပန်းဥယျာဉ် : ဧည့်သည်အချို့သည် Disney ၏ ရေပန်းဥယျာဉ်နှစ်ခုဖြစ်သည့် Blizzard Beach နှင့် Typhoon Lagoon ကို လုံးလုံးလျားလျား မမြင်နိုင်ပါ။ Blizzard Beach နှင့် Typhoon Lagoon နှစ်ခုစလုံးသည် အထူးသဖြင့် ပူပြင်းသောနေ့များတွင် လည်ပတ်သင့်သောနေရာများဖြစ်သည်။ ကျွန်ုပ်တို့သည် Typhoon Lagoon ၏ လှိုင်းလုံးရေကန်နှင့် ထူးခြားဆန်းကြယ်သော Blizzard ကမ်းခြေနှင့်ပတ်သက်သော အရာအားလုံးကို နှစ်သက်ကြပါသည်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
နေမကောင်းဖြစ်ရင်ဘယ်လိုကုရမလဲ
နေမကောင်းဖြစ်ပြီဆိုရင် ဆန်ပြုတ်လိုမျိုးအစာပျော့ပျော့တွေကို သောက်စရာမလိုပါဘူး။ ပုံမှန်စားနေကြ အစားအသောက်တွေကို ကိုယ်ခံအားကောင်းဖို့အတွက် မဖြစ်မနေများများစားသောက်ပေးသင့်ပါတယ်။ အဖျားအလွန်အကျွံတက်လာပါက ရေကိုမြန်မြန်ချိုးပေးခြင်းဖြင့်လည်း အဖျားတက်တာကိုသက်သာစေနိုင်ပါတယ်။ ပုံမှန်အဖျားလောက်ဘဲဆိုရင်တော့ ရေပက်တိုက်တာမျိုးလေးတော့ လုပ်ပေးလို့ရပါတယ်။ အရမ်းအဖျားမကြီးဘဲ လှုပ်ရှားနိုင်လောက်တဲ့အခြေအနေမျိုးရှိတယ်ဆိုရင်တော့ အိပ်ယာထဲမှာ အမြဲနေခြင်းထက် မိမိအလွယ်ကတူလုပ်နိုင်တဲ့ မပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းက ရောဂါကိုပိုမိုသက်သာစေနိုင်ပါတယ်။ ဒါ့အပြင်နေမကောင်းဖြစ်တဲ့သူအနေနဲ့ အာဟာရပြည့်ဝအောင်စားဖို့ လိုတဲ့အတွက်အစားအစာကို ချေးမများဘဲအာဟာရပြည့်ဝအောင် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်နှင့် ဗီတာမင်နှင့်သတ္ထုဓာတ်များပါဝင်အောင် မျှတစွာ စားသုံးသင့်ပါတယ်။
Burmese
mya
original-annotations
58047946f650e5de056f912e41583ba9ee7dd4bda69d6eb1a340708f8a716f31
ငါးကျည်းငါးပိချက် ဘယ်လိုချက်ရမလဲရှင့်
- ပထမဆုံး ငါးကျည်းကို ရေစင်စင်ဆေးပြီး တုံးထားပါ - နနွင်း၊ ငံပြာရည် နယ်ထားပါ - ကြက်သွန်ဖြူ၊ နီ ကြိတ်ထားပါ - ငရုတ်သီးစိမ်း ထောင်းထားပါ - ငါးပိ ကျိုပြီး အရည်စစ်ထားပါ - ဆီနည်းနည်းမှာ ကြက်သွန်ဖြူ၊ နီ ဆီသတ်ပါ - ငါးကျည်း တုံးထားတာ ထည့်ပါ - အနံ့မွှေးလာရင်ငရုတ်သီးစိမ်း ထည့်မွှေပါ - ငါးပိရည်စစ်ထားတာ ထည့်ပါ အပေါ့အငန်စိတ်ကြိုက်ဖြစ်ရင်တော့ ငါးကျည်းငါးပိချက်မွှေးမွှေးလေးရပါပြီရှင်
Burmese
mya
re-annotations
23735c132eb37af315d5db637e827d7a7d59ecb7ed9f1a5771451cc5f394fcdb
ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ
တခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။ ။ အောင်ချိမ့်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဘယ်ရုပ်ရှင်ကို Steven Spielberg က ထုတ်လုပ်ခဲ့ပြီး ၁၉၉၁ မှာ ထွက်ခဲ့တာလဲ။ အမေရိကန် အမြီး - အနောက်သို့ သွားသော ဖိုင်ဗယ် အပေါ်က ဘယ် category ထဲပါလဲ။
ရုပ်ရှင်တွေ။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဤဆောင်းပါးကို အခြေခံ၍ ဆောင်းပါးတစ်ပုဒ်ရေးသားပါ။ ချိုချိုမြိန်မြိန် အရသာရှိစေရန် ချောကလက်အဖြူကို ထည့်ပေးပါ။ ငရုတ်သီးထောပတ်ကိုရောပြီး အရသာကောင်းအောင် ရောမွှေပါ။ ပိုထူးခြားတဲ့ ပေါင်မုန့်တစ်လုံး ဖန်တီးဖို့ အာဟာရ မျိုးစုံကို စူးစမ်းပါ။ သကြားလုံး၊ သခွားသီး (သို့) မုန့်ချိုတွေရောပြီး အထူးအရသာတစ်ခု ဖန်တီးပါ။" ဆောင်းပါး:
ချောကလက်အရသာကို မကြောက်ပါနဲ့။ ရှောက်၊ မုန်လာဥနီ (သို့) ချောကလက်ဟာ သင့်ရဲ့ Rice Krispie ပေါင်မုန့်ကို ထူးခြားတဲ့ အရသာတစ်ခု ထပ်ဖြည့်ပေးလိမ့်မယ်။ ချောကလက်ကို ပြန်ပိတ်နိုင်တဲ့ ပလတ်စတစ်အိတ်ထဲထည့်ပြီး အခြမ်းတစ်ဖက်ကို ကတ်ကြေးနဲ့ လှီးပြီး အချိုရည်တွေပေါ်ကို သွန်ချလိုက်ပါ။ သင်ဟာ တကယ်ပဲ ချောကလက်အဖြူကို နှစ်သက်တယ်ဆိုရင် ချောကလက်နို့အစား ထမင်းလုံးတွေ အမြဲလုပ်လို့ရပါတယ်။ ချောမွေ့တဲ့ အမျိုးအစားကို သုံးပါ၊ (သို့) နောက်ထပ် ဆန်ပေါင်မုန့်တစ်ပွဲစာအတွက် အသားကျစ်တဲ့ အမျိုးအစားကို ရွေးပါ။ ချောကလက်နှင့် ထောပတ်ကို အရည်ပျော်အောင် လုပ်နေစဉ် မြေပဲထောပတ် စားပွဲတင်ဇွန်း ၂-၃ ဇွန်း (မီလီလီတာ ၃၀-၄၄) ကိုထည့်ပြီး ပုံမှန်လုပ်သလို ပေါင်မုန့်လေးတွေကို ပေါင်းလိုက်ပါ။ ပါတီအတွက် ပေါင်မုန့်လုပ်ရင် ဘယ်သူမှာမှ မြေပဲနဲ့ ဓာတ်မတည့်တာ မဖြစ်အောင် သေချာလုပ်ပါ။ Cheerios, Lucky Charms, Chex, Cocoa Krispies, Golden Grahams နဲ့ အခြား များပြားလှတဲ့ အာဟာရတွေဟာ သင့်ရဲ့ နောက်ပေါင်မုန့်အတွက် ကြီးကျယ်တဲ့ အခြေခံဖြစ်ပါလိမ့်မယ်။ ၄ ခွက် (၁၀၀ ဂရမ်) Rice Krispies ကို အခြားအစားအသောက်တစ်ခုအတွက် ထပ်တူညီတဲ့ ပမာဏနဲ့ အစားထိုးလိုက်ပါ။ ပေါင်မုန့်ဝိုင်းပါတီတစ်ခု လုပ်လို့ရတယ် အဲဒီမှာ လူတိုင်းဟာ သူတို့စိတ်ကြိုက် ပေါင်မုန့်ဝိုင်းကိုယူလာကြတယ် ဒီနောက်မှာ လူတိုင်းဟာ ထုံးစံဖြစ်တဲ့ Rice Krispie ပေါင်မုန့်ကို တစ်မျိုးစီလဲစားနိုင်ပါတယ်။ ချောကလက်နဲ့ ဖုံးအုပ်ပြီး အာဟာရတွေထဲ ပေါင်းစပ်ဖို့ ထောပတ်သီးထောင်းတွေ ထည့်တဲ့အခါ ဒါတွေကို ရောစပ်လိုက်ပါ။ ချောကလက် (သို့) မြေပဲအခြေပြု သကြားလုံးတွေဟာ ဒီလက်ဆောင်နဲ့ တကယ်ကို ကောင်းမွန်ပေမဲ့ သကြားလုံးအမှိုက်တွေ (သို့) Red Hot တွေလို သမရိုးကျမဟုတ်တဲ့ ဖြည့်စွက်စာတွေကို စမ်းဖို့မကြောက်ပါနဲ့။
Burmese
mya
re-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
ငါးကျည်းငါးပိချက် ဘယ်လိုချက်ရမလဲရှင့်
- ပထမဆုံးငါးကျည်းကိုရေစင်စင်ဆေးပြီးတုံးထားပါ - နနွင်းငံပြာရည်နယ်ထားပါ - ကြက်သွန်ဖြူနီကြိတ်ထားပါ - ငရုတ်သီးစိမ်းထောင်းထားပါ - ငါးပိကျိုပြီးအရည်စစ်ထားပါ - ဆီနဲနဲမှာကြက်သွန်ဖြူနီဆီသပ်ပါ - ငါးကျည်းတုံးထားတာထည့်ပါ - အနံ့မွှေးလာရင်ငရုတ်သီးစိမ်းထည့်မွှေပါ - ငါးပိရည်စစ်ထားတာထည့်ပါ အပေါ့အငန်စိတ်ကြိုက်ဖြစ်ရင်တော့ ငါးကျည်းငါးပိချက်မွှေးမွှေးလေးရပါပြီရှင်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Machine Learning မှာ သုံးတဲ့ data တွေအကြောင်းကို မြန်မာလို ရှင်းပြပေးပါ
တကယ်တော့ Data တွေက ပုံစံအမျိုးမျိုးနဲ့ ဖြစ်နေနိုင်ပါတယ်။ 💻Computer Science ဘက်ကကြည့်ရင် အကြမ်းဖျင်း Structured Data နဲ့ Unstructured Data ဆိုပြီး ၂ မျိုးရှိပါတယ်။ Data ပေါ်မူတည်ပြီး store ဖို့သုံ:တဲ့ Database ကလည်း ကွဲပြားမှု ရှိပါတယ်။ 🌈Structured Data က excel လို tables တွေနဲ့သိမ်းလို့ရတဲ့ tubular data တွေလို့ အလွယ်ပုံဖော်လို့ရပါတယ်။ Programming field မှာတော့ tables တွေကို Relations လို့ ခေါ်ကြပါတယ်။ mySQL DBMS ကတော့ Relational Database တွေကို manage လုပ်ရာမှာ SQL (Structured Query Language) က popular အဖြစ်ဆုံး ဖြစ်ပါတယ်။ 🌈Unstructured Data ကတော့ Structured Data မဟုတ်တာတွေ အားလုံးပါပါတယ်။ Text files တွေ၊ PDFs တွေ၊ Images တွေ၊ Audio files တွေ၊ Video files တွေ အစရှိသဖြင့် အမျိုးမျိုး ပါပါတယ်။ NoSQL အတွက်ဆိုရင်တော့ MongoDB တို့လို popular ဖြစ်တဲ့ database တွေရှိပါတယ်။ ...…........................................................................... 📈Statistics 📊ဘက်က ပြောကြမယ်ဆိုရင် အဓိကအားဖြင့် Numerical နဲ့ Categorical Data ဆိုပြီးကွဲတယ်။ 📝နံပါတ်တွေနဲ့ ဆိုင်တဲ့ Numerical Data မှာ ⭐ Discrete ဆက်စပ်မှု မရှိတဲ့ နံပါတ်တွေ ဥပမာ စျေးနှုန်းတွေ၊ အကြွေစေ့ငါးခါပစ်ရင် ကျမယ့် ခေါင်းအရေအတွက်တို့၊ ⭐ Continuous ရေတွက်လို့ မရပေမယ့် တိုင်းတာလို့ရတဲ့ နံပါတ်တွေ၊ သူ့မှာ ၂ မျိုး ထပ်ပြောလို့ရသေးတယ် ✨ Interval အစဉ်အတိုင်းရှိပြီး အပိုင်းလိုက်ခွဲလို့ရတာ။ ဥပမာ 📌 အပူချိန် -10, -5, 0, 5, 10 ဒီဂရီစင်တီဂရိတ် ✨ Ratio အစဉ်အတိုင်းလည်းရှိတယ်၊ အပိုင်းလိုက်လည်း ခွဲလို့ရတဲ့အပြင် absolute zero ရှိတဲ့ ဂဏန်းတွေ ဥပမာ 📌 အရပ်၊ အသက်၊ ကိုယ်အလေးချိန် 0, 5, 10, 15, ... စသဖြင့်ရှိပါတယ် 📝 non numerical values တွေဖြစ်တဲ့ အမျိုးအစားခွဲခြားတဲ့ Categorical Data မှာ ⭐ Nominal သီးသန့်ဖြစ်တည်တယ်၊ ရေတွက်လို့မရဘူး၊ အစဉ်အတိုင်းလည်းမဟုတ်ဘူး။ ဥပမာ 📌 Gender (male/ female), isMarried (yes/ no), သွားလည်ဖူးတဲ့နိုင်ငံတို့၊ ကျွမ်းကျင်တဲ့ ဘာသာစကား ⭐ Ordinal သီးသန့်ဖြစ်တည်တယ်၊ ရေတွက်လို့မရဘူး၊ ဒါပေမယ့် တစ်ခုပြီးမှ အစဉ်အတိုင်းရှိနေတဲ့ data မျိုးတွေ။ ဥပမာ 📌 ပညာရေးနောက်ခံ (elementary/ high school/ undergraduate/ graduate) ----------------------- Numerical Data နဲ့ Categorical Data တွေအပြင်ကို 📝 Time-series Data လို Sequential Data မျိုးတွေ ဥပမာ 📌 stock market prediction လိုမျိုးမှာ သုံးတဲ့ အချိန်နဲ့လိုက်ပြီး အပြောင်းအလဲရှိနေတဲ့ data မျိုးတွေ 📝 Text data တွေ ဥပမာ 📌 အလုပ်လျှောက်လွှာက experience လိုနေရာမျိုးက ရှင်းပြချက်တွေ၊ PDF အမျိုးမျိုးက parsed လုပ်ပြီးရလာတဲ့ data တွေ၊ social media ပေါ်က posts တွေ၊ comments တွေ၊ websites တွေက crawl ပြီးရလာတဲ့ စာတွေ၊ document files တွေ၊ 📝 Videos, Audios and Images တွေ၊ ဆိုပြီးတော့ Data တွေ အမျိုးမျိုးကို Machine Learning မှာ သုံးကြပါတယ်။ How data are put into the Machine Learning training!!! ---------------------------------------------------- Original data type က ဘယ်လိုမျိုးပဲ ဖြစ်နေပါစေ Machine Learning အတွက် သုံးတော့မယ်ဆို အဲ့ဒီ data တွေကို Numberical values တွေနဲ့ ကိုယ်စားပြုလို့ ရအောင် တစ်နည်းမဟုတ်တစ်နည်းနဲ့ အရင်ပြောင်းပစ်ကြပါတယ်။ multi-label classification မှာ comedy/ thriller/ romance ဟုတ်တယ်၊မဟုတ်ဘူး ဆိုတာကို၊ binary classification လုပ်တဲ့အခါမျိုးမှာ spam mail ဟုတ်တယ်၊ မဟုတ်ဘူး ကို 0/1 (zero/one) အဖြစ်၊ multi-class classification မှာ salary range(0-150000, 150000-400000, 400000-700000, 700000-100000), age range (0-10, 11-20, 21-30, 31-40) ကို 0,1,2,3 စသဖြင့် text တွေမှာဆိုလည်း Word Embedding methods တစ်နည်းနည်းနဲ့ သုံးပြီး စကားလုံးတွေကို ကိုယ်စားပြုတဲ့ numbers တွေ ပြောင်းပစ်ပါတယ်။ image မှာဆိုရင်တော့ grayscales တွေမှာဆို 0-255 တန်ဖိုးရှိတဲ့ pixel values တွေနဲ့ 1-Dimentional vector အဖြစ်၊ colored images တွေမှာဆို 0-255 အသီးသီးရှိတဲ့ 3-Dimentional vector အနေနဲ့ RGB pixel value တစ်ခုကို ကိုယ်စားပြုပြီး ပြောင်းလဲပစ်ပါတယ်။ audio တွေမှာ ဆိုရင် audio လှိုင်းတွေကို spectrogram အပြစ်ပြောင်းပစ်ရတယ်။ spectrogram မှာပါတဲ့ values တွေကို ML Algorithm ထဲ ထည့်ပြီး train ရတယ်။ သူက time အလိုက် အပိုင်းလေးတွေပိုင်းပြီး ထည့်ရတော့ Time-series data တစ်မျိုးလို့ ပြောလို့ရတယ်။ ------------------------------ data အမျိုးမျိုးက နောက်ဆုံးမှာ number တစ်ခုခု အဖြစ်နဲ့ ML training algorithm ထဲ ဝင် train ခံရပါတယ်။ number တွေမှာ အိမ်တန်ဖိုးတို့လို တန်ဖိုးရှိတဲ့ quantitative number တွေ ဖြစ်နိုင်သလို့၊ တတ်ကျွမ်းတဲ့ ဘာသာစကားတွေကို ကိုယ်စားပြုတဲ့ categorial values 1,2,3,4 လို တန်ဖိုးမရှိတဲ့ qualitative number တွေလည်း ဖြစ်နိုင်ပါတယ်။ ------------------------ အထက်ပါ အကြောင်းအရာများကို မရီရီချမ်းမြေ့ဝင်းရှိန် Sep 2020 ရေးထားတာမှ ကောက်နှုတ်ဖော်ပြထားပါတယ်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Andrea Quynhgiao Nguyen ဆိုတာ ဘယ်သူလဲ။
Andrea Quynhgiao Nguyen သည် အစားအစာနှင့် အချက်အပြုတ်ရေးရာ စာရေးဆရာတစ်ဦးဖြစ်သည်။ သူမကို ၁၉၆၉ ခုနှစ်တွင် ဗီယက်နမ်တွင် မွေးဖွားခဲ့ပြီး ဆိုင်ဂုံမြို့ ကျဆုံးချိန်တွင် မိသားစုဝင် ၇ ဦးနှင့်အတူ ထွက်ပြေးခဲ့ရသည်။ ၁၉၇၅ တွင် ကွန်မြူနစ် အုပ်ချုပ်မှုကနေ လွတ်မြောက်ဖို့ မိသားစုဟာ အားလပ်ရက်အတွက် လုံလောက်တဲ့ ပိုင်ဆိုင်မှုတွေနဲ့အတူ ရွှေ့ပြောင်းခဲ့ပေမဲ့ သူတို့နဲ့အတူ သူ့အမေရဲ့ ဟင်းချက်နည်းတွေ ပြည့်နေတဲ့ မှတ်စုစာအုပ်တစ်အုပ်ယူလာခဲ့တယ်။ ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ အခြေချခဲ့ပြီး သူတို့နဲ့ ရင်းနှီးနေတဲ့ အစားအစာတွေဝယ်ဖို့ ကြိုးစားပေမဲ့ ဟင်းလျာတွေဟာ အသင့်စားပြင်ဆင်ထုတ်လုပ်ထားပြီး သိပ်အရသာမရှိပါဘူး။ Nguyen ရဲ့အမေက သူတို့ရဲ့မိခင်နိုင်ငံက အစားအစာတွေကို ပြန်လည်ဖန်တီးဖို့ အကြံပြုခဲ့တယ်။ ဟင်းလျာတွေကို သူတို့ကိုယ်တိုင်ချက်ပြုတ်ရင်းပေါ့။ ဆန်ကလီမန်တီမြို့တွင် ကလေးဘဝကို ကုန်ဆုံးခဲ့ပြီးနောက် Nguyen သည် ကယ်လီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးတွင် ဘွဲ့လွန်ဘွဲ့၊ ဆက်သွယ်ရေးစီမံခန့်ခွဲမှုတွင် မဟာဘွဲ့ ရရှိခဲ့သည်။
Burmese
mya
re-annotations
58047946f650e5de056f912e41583ba9ee7dd4bda69d6eb1a340708f8a716f31
ကမ္ဘာသည် နေကိုလှည့်ပတ်နေကြောင်း မည်သူတွေ့ရှိသနည်း။
ကမ္ဘာသည် ၎င်း၏ဝင်ရိုးပေါ်တွင် လှည့်ပတ်နေပြီး နေကိုလှည့်ပတ်နေကြောင်း Nicholas Copernicus တွေ့ရှိခဲ့သည်။
Burmese
mya
original-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
Web Development မှာ Authentication, Authorization ဆိုတာ ဘယ်လိုမျိုးလဲ သေချာ ရှင်းလင်းစွာ ပြောပြပေးပါ
𝐀𝐜𝐜𝐞𝐬𝐬 𝐂𝐨𝐧𝐭𝐫𝐨𝐥 အင်တာနက်ပေါ်မှာ မီလီယံနဲ့ချီတဲ့ device တွေ ရှိနေတယ်။ အဲဒီ device တွေပေါ်မှာ သိမ်းထားတဲ့ ဖိုင်၊ ဓာတ်ပုံ၊ ဗီဒီယို စသဖြင့် resource တွေ၊ နောက်ပြီး run ထားတဲ့ program တွေရှိပါမယ်။ ဒါပေမယ့် အဲဒီထဲက ကြိုက်တဲ့ device ကို တံခါးသွားခေါက်ပြီး information တောင်းလို့ရတာမျိုးတော့ မဟုတ်ပါဘူး။ တကယ်လို့ ကိုယ်က public နဲ့ information မျှဝေချင်တယ်ဆိုရင် နည်းလမ်းတခုက ကိုယ့် device ကို လာရောက် ဆက်သွယ်ပြီး resource တွေရယူနိုင်ကြောင်း world wide web (www) ပေါ်ကတဆင့် ကြေညာထားဖို့ပါပဲ။ ဒါပေမယ့် အင်တာနက်ပေါ်မှာ ဘယ်ဟာမှ မလုံခြုံဘူး ဆိုတဲ့အတိုင်း Infrastructure, Network, Application layer အဆင့်ဆင့်မှာ secuirty mechanism တွေ ထားကြရပါတယ်။ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐬𝐞𝐜𝐮𝐫𝐢𝐭𝐲 Application layer security မှာ အဓိကကျတဲ့အရာ နှစ်ခုရှိပါတယ်။ ငါတို့ချင်း သိကြလား (Authentication) နဲ့ လုပ်ခွင့်ရှိလား (Authorization) တို့ပါပဲ။ ကိုယ့် Application ကို www ပေါ်မှာ ကြေညာပြီး public access ပေးထားလိုက်တဲ့အခါ url ကိုသိတဲ့ ဘယ်သူမဆို စက်ထဲက resource တွေကို အသုံးပြုခွင့်ရှိတဲ့သဘော ဖြစ်သွားပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် Application တွေဟာ user management (access control) ကိုစီမံထားရပါတယ်။ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜𝐚𝐭𝐢𝐨𝐧 Application ကောင်းတခုမှာ Access control ဆိုတာ မပါမဖြစ်လို့တောင် ပြောနိုင်တယ်။ User တွေကို registration လုပ်ခွင့်ပေးတယ်။ username နဲ့ password ကို database ထဲသိမ်းတယ်။ log in ဝင်ခွင့်ပေးတယ်။ sign out လုပ်ခွင့်ပေးတယ်။ လိုအပ်ရင် password change/reset လုပ်ခွင့်ပေးတယ်။ ဒီတော့ ကျွန်တော်တို့ program အနေနဲ့ ဆက်သွယ်လာတဲ့ သူတွေကို username နဲ့ password မှန်အောင်ပြော၊ မပြောရင် resource တွေသုံးခွင့်မပေးဘူးလို့ ယတိပြတ် ငြင်းလိုက်နိုင်တယ်။ ငါတို့ချင်း သိကြလား (Authentication) ဆိုတာ အဲဒါပါပဲ။ ဥပမာအနေနဲ့ Facebook, ChatGPT နဲ့ တခြား www ပေါ်က platform တွေကို ကြည့်မယ်ဆိုရင် အများစုက ခိုင်ခံ့တဲ့၊ မလှိမ့်တပတ် လုပ်ဖို့ မလွယ်ကူတဲ့ Authentication စနစ်တွေ ထည့်ဆောက်ထားတာ မြင်ရမှာပါ။ 𝐀𝐮𝐭𝐡𝐨𝐫𝐢𝐳𝐚𝐭𝐢𝐨𝐧 ဒါပေမယ့် ငါတို့ချင်း သိကြတယ်ဆိုတာနဲ့ပဲ user ကို ကိုယ့် resource တွေအကုန် ပေးသုံးလို့ဖြစ်ရဲ့လား။ ဒီမေးခွန်းရဲ့ အဖြေက ကိုယ်ဆောက်မယ့် platform အပေါ် မူတည်နိုင်ပေမယ့် ၉၉ ရာနှုန်းနီးပါးက ဟင့်အင်းပါ။ တကယ်လို့ Apple iCloud လိုမျိုး Storage platform မှာ log in ဝင်နိုင်တဲ့ user တိုင်းက တခြား user တွေသိမ်းထားတဲ့ ဓာတ်ပုံတွေပါ ကြည့်လို့ရနေမယ်ဆိုရင် အကုန်ဂွမ်းကုန်ပါလိမ့်မယ်။ ဒါကြောင့် လုပ်ခွင့်ရှိလား (Authorization) ကလည်း Application တွေမှာ မဖြစ်မနေ လိုအပ်တဲ့ အရာတခုဖြစ်တယ်။ Authorization ရဲ့သဘောကတော့ user တွေကို ပိုင်ရှင်၊ Admin၊ Auditor စသဖြင့် အထူးအခွင့်အရေးတွေ ပေးလိုက်တာဖြစ်ပြီး ကိုယ်နဲ့မဆိုင်တဲ့ resource တွေကို အသုံးပြုခွင့် ကန့်သတ်လိုက်တာပါပဲ။ ဥပမာ facebook မှာဆိုရင် ကိုယ်ရေးထားတဲ့ post တွေကိုပဲ edit လုပ်ခွင့်ရှိပါတယ်။ သူများ post ဆိုရင် edit လုပ်လို့မရ၊ ဖျက်လို့မရနိုင်ပဲ ဖတ်လို့သာ ရတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် Group Admin တွေဆိုရင် member တွေရဲ့ post ကိုပြင်လို့မရသည့်တိုင် ဖျက်လို့တော့ ရတာကို တွေ့ရပါလိမ့်မယ်။ ဒါက လုပ်ခွင့်ရှိလား (Authorization) ဆိုတဲ့ mechanism ရဲ့ ဥပမာတခုပါ။ လက်တွေ့ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜𝐚𝐭𝐢𝐨𝐧/𝐀𝐮𝐭𝐡𝐨𝐫𝐢𝐳𝐚𝐭𝐢𝐨𝐧 ဒီတော့ ​Authentication နဲ့ Authorization ကို ကျွန်တော်တို့ application တွေမှာ လက်တွေ့ ဘယ်လိုလုပ်ကြမလဲ။ အခုပြောသွားတာတွေက သီအိုရီပဲ ရှိသေးတာ မဟုတ်လား။ Authentication နဲ့ပတ်သက်လာရင် "ငါတို့ချင်း သိကြတယ်" လို့ အတည်ပြုနိုင်ဖို့အတွက် သိထားရမယ့် အခြေခံအကျဆုံး ၃ နည်းရှိပါတယ်။ 1. 𝐄𝐧𝐜𝐨𝐝𝐞𝐝 𝐄𝐱𝐜𝐡𝐚𝐧𝐠𝐞 ပထမနည်းလမ်းကတော့ resource တွေ လှမ်းယူတိုင်းမှာ username နဲ့ password ကို encoding လုပ်ပြီး ထည့်ပေးလိုက်တာပါပဲ။ server program အနေနဲ့ database မှာသိမ်းထားတဲ့ user စာရင်းထဲမှာ ကိုယ့် credential ကိုတွေ့တယ်ဆိုရင် ငါတို့ချင်း သိကြတယ်လို့ အတည်ပြုပြီး တောင်းဆိုလာတဲ့ resource တွေကို ပြန်ပေးလိုက်မှာဖြစ်တယ်။ ဒီနည်းရဲ့ အားသာချက်က အသုံးပြုဖို့ အရမ်းကို ရိုးရှင်းလွန်းတာပါပဲ။ အားနည်းချက်ကတော့ အခေါက်တိုင်းလိုလို ကိုယ့် username နဲ့ password ကို အင်တာနက်ပေါ်ကတဆင့် ပို့ပေးနေရတာက security ယိုပေါက်ကြီးဆိုတာ ပြောဖို့ မလိုပါဘူး။ ဒီနေရာကို နားမလည်ဘူးဆိုရင် ရှေ့တခန်းမှာ ပြောခဲ့တဲ့ အင်တာနက်အကြောင်းကို ပြန်နားထောင်ကြည့်သင့်ပါတယ်။ နောက်တချက်က အခေါက်တိုင်းလိုလို server အနေနဲ့ database ကိုဖတ်ပြီး အတည်ပြုရတဲ့အတွက် မလိုအပ်ပဲ ဖြုန်းတီးမှုတွေ ဖြစ်စေပါတယ်။ လက်တွေ့ဘဝမှာ database နဲ့ server ကို စက်တခုတည်းပေါ် ထားလေ့မရှိပဲ နောက်စက်တခုကို သွားမေးရတဲ့ ကြာချိန်တွေက ဒီနည်းလမ်းက ၃ ခုထဲမှာ လူသုံးအနည်းဆုံး ဖြစ်နေစေတယ်။ 2. 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐚𝐧𝐝 𝐜𝐨𝐨𝐤𝐢𝐞 ဒုတိယနည်းလမ်းကတော့ ငါတို့ချင်း သိကြတယ်လို့ တကြိမ် အတည်ပြုလိုက်ပြီးတဲ့အခါ user အတွက် id တခုထုတ်ပြီး server ပေါ်မှာ သိမ်းထားလိုက်ပြီး ဒါကို session လို့ခေါ်ပါတယ်။ user ကိုလည်း နောက်အခေါက်တွေမှာ username နဲ့ password အစား id ယူခဲ့ရင် ရပါပြီလို့ id ကို သိမ်းထားဖို့ ပြန်ပေးလိုက်တယ်။ id ကို browser ပေါ် cookie အဖြစ်သိမ်းထားမှာဖြစ်ပြီး id က,တရားဝင်နေသေးသရွေ့ နောက်အခေါက်တွေမှာ credential ပို့ဖို့ မလိုတော့ပဲ security ပြဿနာကို အတန်အသင့် ဖြေရှင်းလိုက်နိုင်ပါတယ်။ server အတွက်ဆိုရင်လည်း အတည်ပြုစာရင်းမှာ id ပါမပါ စစ်ကြည့်ရုံဖြစ်တဲ့အတွက် performance ပြဿနာ မရှိတော့ပါဘူး။ ဒါဆို ဘာပြဿနာရှိတာလဲ။ ပထမတချက်က user တွေက ရာနှုန်းပြည့် ယုံလို့ရတယ်ဆိုတာမျိုး မရှိတာပါပဲ။ cookie တွေက 4kb လောက်ပဲ သိမ်းထားနိုင်တဲ့ အားနည်းချက် ရှိသလို user ဖက်က အမှားလုပ်မိရင်ဖြစ်ဖြစ်၊ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ချင်ရင်ဖြစ်ဖြစ် cookie ကို ပြောင်းလိုက်ဖို့က သိပ်ခက်တဲ့ကိစ္စ မဟုတ်လို့ပါဘူး။ နောက်တချက်က လက်တွေ့မှာ server ဆိုတာ တခုတည်း ရှိတာ မဟုတ်ပါဘူး။ ဒီ server program ကိုပဲ ရာထောင်ချီအောင် run ထားကြပြီး request တွေကို ဖြန့်ဝေ လက်ခံကြတာပါ။ ဘယ်လိုဖြန့်ဝေမယ်ဆိုတာကို အထူး server တမျိုး (Load Balancer) ကတာဝန်ယူထားပြီး user တွေအနေနဲ့ ရွေးချယ်ခွင့် မရှိပါဘူး။ ဒါကြောင့် server တခုမှာ အတည်ပြုပြီး ဖြစ်ရင်တောင် နောက် server ဆီကို ရောက်သွားရင် id က အသုံးမဝင်တော့ပါဘူး။ ဥပမာ Netflix ဆိုရင် ရုပ်ရှင်ကြည့်လို့ရတဲ့ streaming program ချည်းကိုပဲ သန်းနဲ့ချီအောင် run ထားတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အတည်ပြုစာရင်းကို server တခုတည်းပေါ်မှာပဲ file အနေနဲ့ သိမ်းတတ်ကြတဲ့ ပုံစံကနေ ရှိသမျှ server အကုန်လုံးက ဝင်ကြည့်နိုင်တဲ့ in-memory cache တွေကို ပြောင်းသုံးလာကြပါတယ်။ သုံးမယ်ဆို သုံးလို့ရတဲ့ နည်းလမ်းဖြစ်ပေမယ့် သန်းနဲ့ချီတဲ့ user တွေကို မှတ်ရမယ်ဆိုရင် တတိယ နည်းလမ်း ရှိပါသေးတယ်။
Burmese
mya
re-annotations
58047946f650e5de056f912e41583ba9ee7dd4bda69d6eb1a340708f8a716f31
မွန်ကို့ကတ် (Mong Kok) နေရာသည် ၂၀၁၄ ခုနှစ် ဟောင်ကောင် ဆန္ဒပြပွဲများ၏ အဓိက ဆန္ဒပြရာ နေရာသုံးခုအနက် တစ်ခုဖြစ်သည်။ အပေါ်က စာကြောင်းကို ဆက်ရေးပေးပါ -
. ဆန္ဒပြသူများသည် ပြည်သူလူထုအနေဖြင့် နယ်မြေ၏ စီမံခန့်ခွဲရေး ဦးစီးမှူးရာထူးအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ပါဝင်ခွင့်ရှိစေရန် ဆန္ဒပြခဲ့ကြသည်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ကင်းမွန်အချိုချက် ချက်နည်းကို ပါဝင်ပစ္စည်းများနဲ့တကွ ပြောပြပါ
ကင်းမွန်အချိုချက်နည်း ပါဝင်ပစ္စည်းများ - 👉 ကင်းမွန်၊ သံပုရာသီး၊ ကြက်သွန်ဖြူ၊နီ၊ ဆီ၊ ခရုဆီ၊ ပဲငံပြာရည်၊ ငရုတ်ကောင်း၊ သကြား၊ ဆား၊ 🖋ပထမဆုံးအနေနဲ့ ကင်းမွန်ကို သန့်စင်ပါ။ အညှီနံ့ပျောက်စေဖို့ သံပုရာရည်ညှစ်ပြီး နယ်ပေးပါ။ 🖋 ပြီးတာနဲ့ ရေပြန်ဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူ၊ နီ ထောင်းပြီး ဆီသပ်ထားပါ။ 🖋 ခရုဆီ၊ ပဲငံပြာရည်၊ ငရုတ်ကောင်း၊ သကြား၊ ဆား၊ ထည့်ပြီး မွှေပါ။ ပြီးတဲ့အခါ ရေစစ်ထားတဲ့ ကင်းမွန်ကို ထည့်ပြီး လုံးပေးပါ။ 🖋ရေခန်းသွားတာနဲ့ အရသာရှိလှတဲ့ ကင်းမွန်အချိုချက်လေး ရပါပြီ။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဆူနီဆာ ကာဝရွန်ဂရောင်း (၂၉ ဇန်နဝါရီ ၁၉၇၂ မွေးဖွားသည်) ထိုင်းနိုင်ငံမှ မာရသွန်ပြိုင်ပွဲဝင်တစ်ဦး ဖြစ်သည်။ သူမသည် အမျိုးသမီး ၄ × ၁၀၀ မီတာ လက်ပတ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
၁၉၉၆ နွေရာသီ အိုလံပစ်မှာပေါ့။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ကျွန်ုပ်တို့၏ နေအဖွဲ့အစည်းတွင် အကြီးဆုံးဂြိုဟ်က ဘယ်ဂြိုလ်လဲ။
နေမှ ပဉ္စမမြောက် ဂျူပီတာသည် နေအဖွဲ့အစည်းတွင် အကြီးဆုံးဂြိုဟ်ဖြစ်ပြီး အခြားဂြိုလ်များ ပေါင်းစပ်ထားသည့်ထက် နှစ်ဆပို၍ ကြီးမားသည်။
Burmese
mya
original-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
လူတွေက Dinosaur World မှာ ဘယ်လောက်ကြာကြာနေလဲ။
Dinosaur World (ဒိုင်နိုဆောကမ္ဘာ) သည် နေရာတော်တော်များများတွင် ဖွင့်လှစ်ထားသည့် Dinosaur Models (ဒိုင်နိုဆောပုံစံ) အရွယ်အမျိုးမျိုးကို ပြသထားသည့် ပြတိုက်တမျိုးဖြစ်သည်။ ထိုနေရာတွင် များသောအားဖြင့် (ကျွန်တော်တို့သည်) လှည့်လည်ကြည့်ရှုလေ့လာရန် ၂-၃ နာရီခန့်ကြာတတ်သည်။ ပန်းခြံတစ်ခုလုံး လမ်းလျှောက်ကာ ဒိုင်နိုဆောအရိုးများကို ရှာဖွေကြသည်။ ကစားကွင်း၌လည်း ကစားကြပြီး ကျောက်မျက်ရတနာများလည်း တူးကြသည်။
Burmese
mya
re-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
လေ့ကျင့်ခန်းလုပ်ရင် ပိန်နိုင်တာသေချာလား
တကယ်တော့ လေ့ကျင့်ခန်းလည်းလုပ်၊ အစားအသောက်လည်းထိန်းဖို့ လိုတယ်။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ ကိုက်ညီတဲ့ လေ့ကျင့်ခန်းကို စနစ်တကျ မှန်မှန်လုပ်ဖို့လိုသလို၊ လိုအပ်တဲ့ အာဟာရအတွက်လည်း ပိုမသွားလိုမသွားအောင် စနစ်တကျ စားသောက်ဖို့လိုတယ်ရယ်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
web framework က Backbone Components တွေရဲ့ high level architecture ကို အကျယ်ရှင်းပြပေးပါ
Web Framework တခုရဲ့ architecture ကို High level ကြည့်မယ်ဆိုရင် Orchestrator, Request/Response Model, Routing System, Handler, Middleware ဆိုပြီး အဓိက ၅ ခု ရှိပါတယ်။ Orchestrator ရဲ့ တာဝန်က request-response cycle တခုလုံးကို စီမံ manage လုပ်ပေးဖို့ဖြစ်တယ်။ Request နဲ့ Response Model တွေက raw http တွေကို Web Program က နားလည်မယ့် object တွေအဖြစ် ပြောင်းယူထားတဲ့ model တွေဖြစ်ပါတယ်။ ပြောင်းလိုက်တဲ့ Request Object မှာ မူလ raw http ထဲပါလာတဲ့ header, body စတာတွေကို state အနေနဲ့ ပြန်ရယူနိုင်သလို လိုအပ်တဲ့ behavior တွေကိုပါ တပါတည်း ထည့်ဆောက်ပေးလိုက်ပါတယ်။ Handler တွေက business logic နဲ့ဆက်နွယ်တဲ့ လုပ်ဆောင်ချက်တွေကို ကိုင်ထားပြီး Middlware တွေကတော့ business logic နဲ့ တိုက်ရိုက် မပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို တာဝန်ယူကြတယ်။ Shopping mall တခုအနေနဲ့ တွေးကြည့်မယ်ဆိုရင် ပစ္စည်းတင်တဲ့စင်၊ စျေးခြင်း၊ ငွေရှင်းကောင်တာ၊ အရောင်းဝန်ထမ်း စတာတွေက business logic တွေဖြစ်ပြီး ဝင်ပေါက်မှာ လုံခြုံရေး စစ်တာနဲ့ mall ထဲက cctv တွေကိုတော့ စျေးဝယ်ရာမှာ တိုက်ရိုက်မပတ်သက်တဲ့ middleware တွေလို့ တွေးကြည့်နိုင်ပါတယ်။ client ဆီက Request ရောက်လာတဲ့အခါ ဘယ် url နဲ့ ဘယ်အခြေအနေတွေမှာဆိုရင် အဲဒီ Request ကို ဘယ် Handler ဒါမှမဟုတ် ဘယ် Middleware တွေက process လုပ်စေချင်သလဲဆိုတာကိုတော့ Routing system မှာ သတ်မှတ်ထားရပါတယ်။ တချို့ language တွေ ဥပမာ Go ဆိုရင် native ပါတဲ့ net/http module က Web Serving လုပ်နိုင်ပြီး NodeJS ဆိုရင်လည်း Web serving လုပ်နိုင်တဲ့ JavaScript's runtime ဖြစ်တယ်။ ဒါပေမယ့် php လိုမျိုး runtime ကော langauge ကောမှာ လုံလောက်တဲ့ Web serving capability မရှိဘူးဆိုရင်လည်း Apache (httpd) ဒါမှမဟုတ် Nginx တို့လို သီးသန့် Web server software တွေကို ဆင်ထားနိုင်ပါတယ်။ Java EE လို servlet နည်းပညာကို အခြေခံတဲ့ program တွေမှာဆိုရင်တော့ Tomcat, JBoss တို့လို Servlet container တွေကို တဆင့်ခံ အသုံးပြုပါတယ်။ Web server က raw http ကို လက်ဆင့်ကမ်းလိုက်တဲ့အခါ Program ရဲ့ Orchestrator က http string ကို Request Object အဖြစ်ပြောင်းလိုက်ပါတယ်။ ဒါပြီးရင် Orchestrator အနေနဲ့ Routing system ကိုဖတ်ပြီး register လုပ်ထားတဲ့ middleware တွေကိုရှာပါတယ်။ လိုအပ်တဲ့ middleware တွေက memory ထဲမရှိသေးဘူးဆိုရင် စဆောက်ပြီး စောစောက Request object ကို တခုချင်း process လုပ်စေပါတယ်။ Social Media App မှာဆိုရင် req တဲ့သူက Logged in ဝင်ထားတဲ့ User ဟုတ်မဟုတ် စစ်ဆေးတာ နောက်ပြီး User ရဲ့ location, session နဲ့ request ရောက်လာတဲ့ အချိန်ကို မှတ်တာ စတဲ့ business logic နဲ့ တိုက်ရိုက်မပတ်သက်တဲ့ Authentication, Session, Logging middleware တခုပြီး တခု လုပ်ကြပါတယ်။ registered ထားတဲ့ middleware တွေ ကုန်ပြီဆိုရင် Handler ဆီ forward လုပ်ပေးလိုက်ပါတယ်။ Handler က ဒီနေရာမှာ PostHandler ဖြစ်ပြီး Post တင်ခွင့်ရှိတဲ့သူ ဟုတ်မဟုတ် စစ်ဆေးတာ၊ Post မှာပါတဲ့ စာလုံးအရေအတွက် ကန့်သတ်ချက်ကို စစ်တာ၊ Post ကို Database ထဲ ထည့်သိမ်းတာ စတဲ့ business logic တွေကို ဆက်လုပ်ပါလိမ့်မယ်။ ဒါပြီးရင် သင့်တော်တဲ့ အချက်အလက်တွေ ဖြည့်ပြီး response model ကို ပြန်ပို့လိုက်ပါတယ်။ Response Model ကိုရတဲ့အခါ Orchestrator က Routing System ထဲမှာ response အတွက် register လုပ်ထားတဲ့ middleware တွေ ရှိမရှိ ထပ်ရှာပါတယ်။ မှတ်စရာ ရှိတာက request နဲ့ response အတွက် သတ်မှတ်ထားတဲ့ middleware တွေက ခေါက်ချိုးညီ (symmetric) ဖြစ်ဖို့ မလိုအပ်ပါဘူး။ တကယ်လို့ Routing system ထဲ register ထားတာ ရှိတယ်ဆိုရင် Response Model ကို လိုအပ်သလို process လုပ်စေပါတယ်။ အမှားအယွင်းမရှိ ပြီးသွားတဲ့အခါ orchestrator အနေနဲ့ Response Model ကို raw http အ​ဖြစ်ပြန်ပြောင်းပါတယ်။ raw http ကို Web server ဆီပြန်ပို့လိုက်ပြီး Web server က client ဆီ response ပြန်လိုက်တဲ့အခါ Request Response cycle တခုပြီးဆုံးပါတယ်။ ဒီ High level architecture ကို web framework တွေ ချဥ်းကပ်တည်ဆောက်ပုံ မတူကြပါဘူး။ ဘယ်အတိုင်းအတာထိ အသေးစိတ် ပေးထားသလဲဆိုတဲ့အပေါ် မူတည်ပြီး Web framework တွေက အရသာ ၂ မျိုးကွဲသွားပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဆောင်းပါးကို အနှစ်ချုပ်ပါ။ အိုင်ယာလန်သမ္မတနိုင်ငံ တောင်ပံကစားသမား ဂျိမ်းစ် မက်ကလီးယန်သည် ဒဏ်ရာကြောင့် တနင်္ဂနွေနေ့က ပိုလန်အသင်းနှင့် ယှဉ်ပြိုင်မည့် ယူရို ၂၀၁၆ ခြေစစ်ပွဲကို လွဲချော်နိုင်ဖွယ်ရှိကြောင်း စိုးရိမ်ပူပန်မှုကို လျော့ပါးစေခဲ့သည်။ မဟာဟိုက်မြို့က ဂန်နွန်ပန်းခြံက လေ့ကျင့်ခန်းကနေ ခြေဆတ်သွားပြီးနောက် မက်ကလင်းကို အင်္ဂါနေ့မှာ စကင်အတွက် ပို့လိုက်တယ်၊ နည်းပြ မာတင်အိုနေးကို လက်ချောင်းတွေဖြတ်ပြီး ထားခဲ့သူပါ။ သို့သော်လည်း ဝီဂန်ကွင်းလယ်လူက သူဟာ အုပ်စု D ပဋိပက္ခအတွက် အသင့်ရှိနေလိမ့်မယ်လို့ အတင်းပြောဆိုထားပြီး သူဟာ ဒီတစ်ပတ်နောက်ပိုင်းအထိ ပြန်မလေ့ကျင့်နိုင်တာတောင်ပါ။ ဂျိမ်းစ် မက်ကလင်းသည် အင်္ဂါနေ့က အိုင်ယာလန်သမ္မတနိုင်ငံ၏ ယူရို ၂၀၁၆ ပွဲစဉ်တွင် ပိုလန်နှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်နေစဉ် လေ့ကျင့်ခန်းမှ ထွက်ခွာသွားခဲ့သည်။ ဒါပေမဲ့ တောင်ပံကစားသမားက ဒဏ်ရာတွေ စိုးရိမ်မှုကို လျစ်လျှူရှုထားပြီး တနင်္ဂနွေနေ့က ဒဗ္ဗလင်မှာ ဖြစ်မယ့် အရေးပါတဲ့ ပွဲအတွက် အသင့်ရှိနေတယ်လို့ အခိုင်အမာပြောပါတယ်။ McClean က အိုင်ယာလန် လွတ်လပ်ရေး သတင်းစာကို ပြောသည်မှာ၊ 'ခြေကျင်းဝတ်က အဆင်ပြေပါတယ်။ လေ့ကျင့်ရာမှာ ကြိုးစားမယ်လို့ ပြောခဲ့ပေမဲ့ ကံဆိုးချင်တော့ ကုသမှုမလုပ်နိုင်ခဲ့ဘူး။ ကျွန်မ သွားပြီး စကင်လုပ်ကြည့်တော့ ကံကောင်းတာက ဒါက အရိုးနုတွေပါ ဒါက သီတင်းပတ်အဆုံးက ကစားပွဲအတွက် အချိန်မီ ရှင်းလင်းသင့်တယ်၊ ဒါက ကောင်းတဲ့သတင်းပါ။ ရေခဲတွေ အများကြီးနဲ့ ဒါကို အနားပေးလိုက်ပြီး မနက်မှာ ပြန်စစ်ကြည့်ကာ လေ့ကျင့်လို့ရမလား ကြည့်မယ်။ မဟုတ်ရင် ကစားပွဲမတိုင်ခင် လေ့ကျင့်ခန်း တစ်ကြိမ်၊ နှစ်ကြိမ် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။" ဒါပေမဲ့ O'Neill ဟာ ခြေကျင်းဝတ်နဲ့ ပေါင်ခြံပြဿနာနဲ့ ရုန်းကန်နေတဲ့ နောက်ခံလူ Stephen Ward နဲ့ ကွင်းလယ်လူ Darron Gibson တို့ကို ပူပန်နေတုန်းပါ။ McClean ဟာ ဒီရာသီမှာ Wigan အတွက် လိဂ်ပွဲ ၃၀ ကစားခဲ့ပြီး ၆ ဂိုးသွင်းယူထားပါတယ်။
James McClean ဟာ အင်္ဂါနေ့တုန်းက ခြေကျင်းဝတ်ဒဏ်ရာနဲ့ လေ့ကျင့်ခန်းက ထွက်ခဲ့တယ်။ အိုင်ယာလန်သမ္မတနိုင်ငံသည် ဥရောပယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ပိုလန်ကို တနင်္ဂနွေနေ့တွင် လက်ခံကျင်းပမည်ဖြစ်သည်။ ဒါပေမဲ့ McClean က သူ့ကြောက်ရွံ့မှုကို လျော့ပါးစေပြီး တိုက်ပွဲအတွက် အသင့်ဖြစ်ဖို့ အတင်း တောင်းဆိုတယ်။ ဒဏ်ရာရသူ Stephen Ward နဲ့ Darron Gibson တို့ရဲ့ ဂရုစိုက်မှုတွေ ရှိနေဆဲပါ။
Burmese
mya
re-annotations
50a0ca9c5f2488c69e8b2156a851808a46a1cc3961dd63a15e56b5555b93acc1
ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံးနိုင်ငံက ဘယ်နိုင်ငံလဲ။
ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှုညွှန်းကိန်း 2023 ခုနှစ်တွင် ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံးနိုင်ငံသည် Iceland ဖြစ်ပြီး 2008 ခုနှစ်ကတည်းက ယင်းရာထူးကို ရယူထားခြင်းဖြစ်သည်။ ဒိန်းမတ်၊ အိုင်ယာလန်၊ နယူးဇီလန်နှင့် သြစတြီးယားတို့သည် အငြိမ်းချမ်းဆုံးသော ထိပ်တန်းငါးနိုင်ငံကို ဖယ်ထုတ်ထားသည်။ 2023 ခုနှစ်တွင် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းမှုအနည်းဆုံးနိုင်ငံသည် အာဖဂန်နစ္စတန်ဖြစ်ပြီး ယင်းရာထူးကို ရှစ်နှစ်ဆက်တိုက် သိမ်းပိုက်ထားသည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
HTTP in software engineering HTTP ကို ကွန်ပျူတာတွေအကြားက ဘာသာစကားလို့ ဘာကြောင့် တင်စားကြတာလဲ။ HTTP နဲ့ REST API တူသလား။ HTTP အကြောင်း အရိုးရှင်းဆုံး နားလည်သွားအောင် ပြောပြပါ
အင်တာနက် ကွန်ယက်ကြီးထဲမှာ ဖုန်း၊ ကွန်ပျူတာ စသဖြင့် မတူညီတဲ့ device တွေက ဘီလီယံနဲ့ချီပြီး ရှိကြပါတယ်။ ဒီ device တွေအကြား အချင်းချင်း ဆက်သွယ်ဖို့ တူညီတဲ့ language တခုခု ရှိမထားဘူးဆိုရင် ကွန်ယက်ကြီးက သူတလူ ငါတမင်းနဲ့ အမှိုက်ပုံကြီးတခုလို ဖြစ်နေပါလိမ့်မယ်။ HTTP ကို ကျွန်တော်တို့ ဒီရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့ကြတာပါ။ ကမ္ဘာရဲ့ ဒီဖက်ခြမ်းမှာရှိတဲ့ ဖုန်းကနေ တခါမှ မမြင်ဖူးတဲ့ ​မြောက်အမေရိကတိုက်က device တခုကို လှမ်းဆက်သွယ်တဲ့အခါ အချင်းချင်း နားလည်ကြဖို့ဆိုရင် ဘယ်လိုအချက်ပြမယ်၊ ဘယ်စကားလုံးက ဘာကိုဆိုလိုပါတယ် စသဖြင့် ကြိုဇာတ်တိုက်ထားရပါလိမ့်မယ်။ ဒါကိုပဲ protocol လို့ခေါ်တာဖြစ်တယ်။ အချင်းချင်း တခါမှမမြင်ဖူးတဲ့ လူနှစ်ယောက် ရုပ်ရှင်ရုံရှေ့ ချိန်းထားကြတယ်လို့ မြင်ယောင်ကြည့်ပါ။ ငါအနီလေး ဝတ်လာခဲ့မယ်။ ငါ့ကိုတွေ့ရင် လက်ထောင်ပြလိုက်၊ ဒါဆို ငါ နင့်ဆီလျှောက်လာခဲ့မယ်လို့ ကြိုညှိထားတယ်လို့ ဆိုပါစို့။ ဒါက protocol ရဲ့သဘောဖြစ်တယ်။ device နှစ်ခုကို စက်ရုံတခုတည်းက ထုတ်ထားတာ ဖြစ်ဖို့ မလိုသလို သူတို့ချင်း ဆက်သွယ်နိုင်ဖို့ သီးသန့် ညှိနှိုင်းစရာလည်း မလိုပါဘူး။ ဒီလိုမျိုး device တိုင်းက နားလည်နိုင်အောင် ကြိုတင် သဘောတူထားတဲ့ protocol တွေထဲမှာမှ HTTP protocol ကတော့ နာမည်အကျော်ဆုံးနဲ့ အင်တာနက်ပေါ် နေရာအယူထားဆုံး protocol တခုဖြစ်တယ်။ HTTP အကြောင်းပြောရင် client - server မော်ဒယ်အတွဲက မပါမဖြစ်ပါပဲ။ device တခုက HTTP protocol ကိုသုံးပြီး နောက်ထပ် device တခုကို ဆက်သွယ်တယ်လို့ ဆိုပါစို့။ စဆက်သွယ်တဲ့ device ကို client လို့ သမုတ်ကြပါတယ်။ မှတ်ထားရမှာက ကိုယ့်ဖက်က စဆက်သွယ်ချင်ရင် ဆက်သွယ်နိုင်ဖို့ လိုအပ်တာတွေကို ပြင်ဆင်ထားရပါမယ်။ ဆက်သွယ်ခံရတဲ့ device ကိုတော့ server လို့သတ်မှတ်ကြပါတယ်။ ဒီနေရာမှာလည်း ခုနကလိုပဲ ဆက်သွယ်ခံချင်ရင် ဆက်သွယ်ခံနိုင်အောင် ပြင်ဆင်ထားဖို့ လိုအပ်ပြန်ပါတယ်။ HTTP ကမ္ဘာမှာ ကိုယ့်ဖက်က စဆက်သွယ်နိုင်ဖို့အတွက် device ပေါ်မှာ HTTP client ရှိထားဖို့ လိုအပ်ပါတယ်။ HTTP client က connection တည်ဆောက်တာနဲ့ စီမံခန့်ခွဲတာ၊ request တည်ဆောက်တာနဲ့ ပေးပို့တာ၊ response ကိုစောင့်ကြည့်ပေးတာ စသဖြင့် တာဝန်ယူပြီး Chrome, Safari, Firefox စတဲ့ Browser တွေက အတွေ့ရများဆုံး HTTP client တွေပဲဖြစ်တယ်။ ဒါတင်မကပဲ terminal ကနေ တိုက်ရိုက်သုံးနိုင်တဲ့ curl စတဲ့ CLI HTTP client တွေရှိသလို Android OS နဲ့အတူ ပါရှိတဲ့ Apache လို Client Library အနေနဲ့လည်း တွေ့ရနိုင်တယ်။ HTTP server အကြောင်း မပြောခင်မှာ server ဆိုတဲ့ အသုံးအနှုန်းအကြောင်း အရင်နားလည်ထားစေချင်ပါတယ်။ software တခုလည်ပတ်ဖို့ လိုအပ်တဲ့ hardware ကို physical host လို့ခေါ်ပြီး အဲဒီ hardware ကို server လို့ခေါ်တယ်။ တခါ server ဆီရောက်လာမယ့် request တွေကို hardware ရဲ့ port တခုခုမှာ မပြတ်စောင့်ကြည့်နေနိုင်ဖို့ software တွေလိုအပ်ပြီး အဲဒီ software တွေကိုတော့ web server လို့ခေါ်ကြပါတယ်။ Apache နဲ့ Nginx တို့က နာမည်ကျော် web server software တွေပေါ့။ ဒါပေမယ့် အဲဒီ web server တွေက ကြားခံသက်သက်သာဖြစ်ပြီး request ကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်တဲ့ အစိတ်အပိုင်းတွေ မဟုတ်ပါဘူး။ တကယ်တမ်း web server တွေဆီက request ကို လက်ခံပြီး စိစစ်ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ကတော့ C++ Java PHP စတဲ့ programming language တွေနဲ့ server-side program တွေကိုတည်ဆောက်ရပါတယ်။ ဒီတော့ HTTP ကမ္ဘာမှာ server လို့ပြောရင် ကြားခံဖြစ်တဲ့ Web Server ကလည်း HTTP protocol ကိုနားလည်ဖို့ လိုအပ်သလို server program ကလည်း HTTP ကိုနားလည်ပြီး request တွေဖြည့်ဆည်းပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့ HTTP protocol ကိုအသုံးပြုပြီး ဆက်သွယ်မှုတခု ပြုလုပ်ခဲ့ရင် ဒါကို request ပို့တယ်လို့ ခေါ်ဝေါ်ကြောင်း သိလောက်ရောပေါ့။ HTTP request တခုမှာ server ပေါ်က ဘယ် resource ကိုဆိုလိုကြောင်း ညွှန်းတဲ့ url နဲ့ အဲဒီ resource ကိုဘာလုပ်ချင်တယ်ဆိုတဲ့ HTTP verb (ဥပမာ GET, POST) တို့ပါဝင်ကြတယ်။ server ဖက်က ဒီ request ကို လက်ခံရရှိတဲ့အခါ စိစစ်ပြီး အကြောင်းပြန်လိုက်တာကို response ပြန်တယ်လို့ ခေါ်တယ်။ အဲဒီ response မှာ တောင်းဆိုလာတဲ့ request က ပြီးမြောက်လား၊ ငြင်းခံရသလား ဒါမှမဟုတ်ပဲ နောက်တနေရာကို ထပ်တောင်းဆိုရမလား စသဖြင့် နားလည်စေမယ့် HTTP Status Code တခု ပါပါမယ်။ browser တွေမှာ မြင်နေရကျ 404 Not Found ဆိုတာ တောင်းဆိုလိုက်တဲ့ resource ကို server မှာရှာမတွေ့တဲ့အတွက် request မအောင်မြင်ပါလို့ အကြောင်းပြန်လိုက်တဲ့ သဘောပါပဲ။ ဒီတော့ request တခု အောင်မြင်သည်ဖြစ်စေ၊ အငြင်းခံရသည်ဖြစ်စေ server ဖက်က response ပြန်ကိုပြန်မှာဖြစ်လို့ request ရဲ့ အခြေအနေကို သိချင်ရင် status code ကိုသာ ဖတ်ရမှာဖြစ်တယ်။ ရှေ့တခေါက်မှာ RESTful API တွေအကြောင်း ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ HTTP protocol ကို device တွေပေါ်က application program တွေကြား အချက်အလက် ဖလှယ်ဖို့အတွက် သုံးတာဖြစ်လို့ HTTP ကို application protocol လို့လည်း ရည်ညွှန်းကြပါတယ်။ ဥပမာ Facebook Mobile App က /posts ဆိုတဲ့ url မှာ GET ဆိုတဲ့ HTTP verb အသုံးပြုပြီး Facebook Server ဆီက post တွေ လှမ်းတောင်းယူနိုင်တယ်။ ဒါပေမယ့် GET အစား DELETE နဲ့ကော post တွေ တောင်းယူနိုင်အောင် Facebook Server က ပြင်ထားပေးလို့ မရဘူးလားလို့ မေးရင် ရပါတယ်လို့ ဖြေရပါလိမ့်မယ်။ ဒါပေမယ့် အဲလို​လုပ်ချင်သလိုသာ လုပ်ကြမယ်ဆိုရင် အင်္ဂလိပ် စကားချင်း အတူတူ တမြို့မှာ အဓိပ္ပါယ်တမျိုး ဆိုသလို ဖြစ်တော့မှာပေါ့။ ဒါကြောင့် REST ရဲ့ အခြေခံ အိုင်ဒီယာက HTTP ကို ကမောက်ကမတွေ မလုပ်ကြပဲ စနစ်တကျ အသုံးပြုကြဖို့ ကြပ်မတ်ထိန်းသိမ်းထားဖို့ ဖြစ်တယ်။ HTTP က application protocol သာဖြစ်တဲ့အတွက် သူ့မှာ program တွေကြား ဖလှယ်ကြတဲ့ အချက်အလက်တွေကို ဘယ်လိုဖော်ပြမယ်ဆိုတဲ့ သတ်မှတ်ချက်တွေတော့ မပါဝင်ပါဘူး။ ဖော်ပြဖို့အတွက် ရွေးချယ်စရာတွေထဲမှာ Json နဲ့ XML နှစ်ခုက လူသုံးအများဆုံးဖြစ်တယ်။ ဥပမာ Facebook Server အနေနဲ့ Facebook App ဆီက /posts အတွက် GET request ကိုလက်ခံရတဲ့အခါ response နဲ့အတူ post တွေ ပြန်ထည့်ပေးမှာဖြစ်တယ်။ ဒါပေမယ့် post တွေကို JSON နဲ့ပေးသလား။ XML နဲ့ပေးမှာလား ဆိုတာကတော့ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်အောင် ရွေးချယ်နိုင်တာဖြစ်တဲ့အတွက် ဆန္ဒရှိရင် REST အစား HTTP နဲ့ XML ကိုပူးတွဲအသုံးချတဲ့ SOAP API တွေလည်း တည်ဆောက်နိုင်သေးတယ်။ ဒီလောက်ဆိုရင် HTTP က အင်တာနက် ကွန်ယက်ကြီးရဲ့ Communication မှာ အရေးပါတဲ့ ထောက်တိုင်တခုဖြစ်တဲ့အကြောင်း ဆက်စပ်နားလည်သွားမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အင်တာနက်ကို ဒီထက် ပိုနားလည်စေချင်သေးလို့ ဒီအကြောင်းတွေ ထပ်ပြောကြပါမယ်။ ဒါကတော့ software engineering ရဲ့ HTTP အကြောင်း ဖြစ်ပါတယ်။ မှတ်ချက်။ ။ CodeHub with Harry မှ Harry Yan ရဲ့ ၂၀၂၃၊ သြဂုတ်လမှ စာတပုဒ်မှ ကောက်နှုတ်ထားပါတယ်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
လူတွေက ဒိုင်နိုဆောကမ္ဘာမှာ ဘယ်လောက်ကြာကြာနေလဲ။
2-3 နာရီခန့် များသောအားဖြင့် ကျွန်ုပ်တို့သည် ၂-၃ နာရီခန့်ကြာတတ်သည်။ ကျွန်ုပ်တို့သည် ပန်းခြံတစ်ခုလုံး လမ်းလျှောက်ကာ ဒိုင်နိုဆောအရိုးများကို ရှာဖွေရန်၊ ကစားကွင်း၌ ကစားကြပြီး ကျောက်မျက်ရတနာများတူးဖော်ရန် တူးကြသည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
software engineering မှာ scaling ဆိုတာ ဘာကို ပြောတာလဲ။ မတူညီတဲ့ scaling လုပ်တဲ့ ပုံစံတွေကို နားလည်အောင် အကျယ်ချဲ့ ရှင်းပြပေးပါလား
Amazon website က စက္ကန့်တိုင်းမှာ စျေးဝယ်သူတွေဆီက traffic သောင်းနဲ့ချီ ရှိနေနိုင်တဲ့အတွက် Amazon Web System ဆော့ဝဲကို စက်တလုံးတည်းပေါ်မှာပဲ အလုပ်လုပ်စေပြီး ကျားကန်ထားဖို့ မဖြစ်နိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် လိုအပ်တဲ့ resource တွေကို ချဲ့ထုတ် ( scale out ) ရမှာပါ။ software engineering ရှုထောင့်ကကြည့်ရင် ဒါကို scaling လုပ်တယ်လို့ ခေါ်တာဖြစ်တယ်။ scaling အကြောင်းပြောရရင် ယေဘုယျအားဖြင့် ၂ မျိုး ရှိပါတယ်။ ဒီဆော့ဝဲကိုပဲ ပိုအားကောင်းတဲ့ စက်နဲ့ အလုပ်လုပ်စေမလား။ ဒါမှမဟုတ် ​ဒီဆော့ဝဲကိုပဲ အရေအတွက်ပွားပြီး အလုပ်လုပ်စေမလားဆိုတဲ့ နှစ်မျိုးပေါ့။ ပထမတခုကိုတော့ vertical scaling လို့ခေါ်တယ်။ 3D sketch ထုတ်ပေးတဲ့ program လို့ဆိုပါစို့။ ရလဒ်ထွက်ဖို့ အရမ်းစောင့်ရတယ်လို့ user တွေ ကွန်ပလိန်းတက်နေပြီ။ ဒီနေရာမှာ လွယ်တဲ့ အဖြေက program ကို CPU ပိုကြမ်းတဲ့ စက်တခုပေါ် ပြောင်းတင်လိုက်တာပါပဲ။ ဒါမှမဟုတ် ကိုယ့် program က file system ကိုမှီခိုနေရပြီး အဲဒီနေရာက အဓိက နှေးကွေးနေစေတာဆိုရင် IOPS များများရအောင် storage ခပ်ကြီးကြီးထည့်လိုက်ပြီး Scale Up လုပ်နိုင်ပါတယ်။ vertical scaling မှာ အရေးကြီးတဲ့အချက်က လက်ရှိ သုံးနေတဲ့ user တွေကို မထိခိုက်စေဖို့ပါ။ ဒါကြောင့် များသောအားဖြင့် ပြုပြင်ထိန်းသိမ်းရေးကာလတခု ထားပြီး vertical scaling လုပ်ကြပါတယ်။ ဒါပေမယ့် program ကိုပိတ်မချပဲ live migration လုပ်ဖို့ လိုအပ်လာတဲ့အခါ memory snapshot ယူဖို့၊ ဟန်ချက်ညီညီ cluster management coordination လုပ်ဖို့နဲ့ data မဆုံးရှုံးရအောင် storage replication လုပ်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ဒီခေတ်မှာ ကုမ္ပဏီတိုင်း cloud environment ကို မှီခိုလာပြီး လိုအပ်တဲ့ software တွေကလည်း အသင့်ရနိုင်တာဖြစ်လို့ အရင်လောက် ခေါင်းစားစရာ သိပ်မရှိတော့ပါဘူး။ vertical scaling က ရုတ်တရက်ကြည့်ရင် ရိုးရှင်းတယ်လို့ ထင်ရပေမယ့် သူ့မှာ ကန့်သတ်ချက်တွေ ရှိပါတယ်။ ပထမတချက်က ကိုယ်စိတ်ကြိုက် အဆုံးမရှိ scale up လုပ်လို့ မရပါဘူး။ ကိုယ့် program က Memory 300 TB နဲ့မှ user တွေ အဆင်ပြေမယ်လို့ ခန့်မှန်းရတယ်။ ဒါပေမယ့် လက်ရှိ hardware နည်းပညာက 250 TB ထိပဲရနိုင်ဦးမယ်ဆိုရင် vertical scaling နဲ့ Scale Up လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ နောက်တချက်က ပိုက်ဆံ ကုန်ပါတယ်။ CPU, Memory, Storage ပိုများလာလေလေ ပိုက်ဆံ ပိုပေးရလေလေပါပဲ။ နောက်ဆုံးတချက်ကတော့ ဒီစက်ကြီးပဲရှိတဲ့အတွက် ဒီစက်ကြီး ကျသွားရင် အကုန် ကုန်သွားပါပြီ။ ဒီအချက်ကို SPOF (single point of failure) လို့ခေါ်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ horizontal scaling ကိုကျင့်သုံးကြတယ်။ ဒီပုံစံမှာ Amazon ရဲ့ Web program ကို ခုနကလို ပိုကောင်းတဲ့စက်ပေါ် မရွှေ့တော့ပါဘူး။ အဲဒီအစား စက်တွေ အများကြီးပေါ်မှာ Amazon Web program အပွားတွေ အများကြီး တင်ပြီး အလုပ်လုပ်စေပါတယ်။ အစကတည်းက ဒီ mindset နဲ့တည်ဆောက်ခဲ့တဲ့ program တွေက UX ကို လုံးဝမထိခိုက်စေပဲ နောက်ထပ်စက်တွေ ထည့်လိုက် လျှော့လိုက် လုပ်နေလို့ရပါတယ်။ ဒါပေမယ့် horizontal scaling ကလည်း ပြီးပြည့်စုံနေတာ မဟုတ်ပါဘူး။ စက်တွေ ဆော့ဝဲတွေက တခုတည်း မဟုတ်တော့ပဲ cluster တခု fleet တခုဖြစ်လာတဲ့အခါ အချင်းချင်း အဆက်အသွယ် မပြတ်ဖို့၊ ဟန်ချက်ညီနေဖို့၊ လုပ်ရမယ့် တာဝန်တွေကို ခွဲဝေပေးနိုင်ဖို့၊ တယောက်တည်း မနိုင်ဝန် မထမ်းနေရဖို့ စသဖြင့် စီမံထားဖို့ လိုအပ်လာပါတယ်။ ကိုယ့် software အလုပ်လုပ်နေရဲ့လားလို့ စောင့်ကြည့်တဲ့အခါ အရင်လို တခုတည်း တနေရာတည်းကို အာရုံစိုက်လိုက်ရုံနဲ့ မပြီးတော့ပါဘူး။ software version အတင်အချ လုပ်ချင်တဲ့အခါမှာလည်း စက်တိုင်းကို ကိုင်တွယ်ဖို့ လိုအပ်လာတယ်။ နောက်တချက်ကတော့ software တခုအလုပ်လုပ်ဖို့အတွက် သီးသန့်စက်တခု လိုချင်မှ လိုပါလိမ့်မယ်။ ဒါကြောင့် horizontal scaling မှာမလိုအပ်ပဲ အပိုဖြုန်းတီးမှု ဖြစ်နိုင်တယ်။ နောက်တခေါက်မှာ ဒီပြဿနာတွေကို containerization နဲ့ container orchestration နည်းပညာတွေက ဘယ်လိုဖြေရှင်းပေးသလဲလို့ ဆက်ပြောကြပါမယ်။ vertical scaling နဲ့ horizontal scaling မှာ တကယ်တမ်း ဘယ်ဟာက အမှန်ရယ်လို့ မရှိပဲ ကိုယ့်လိုအပ်ချက်အပေါ် မူတည်ပါတယ်။ Amazon နဲ့ Netflix တို့က ထောင်ချီတဲ့ program အပွားတွေနဲ့ အလုပ်လုပ်နေပေမယ့် ကျွန်တော်တို့ ချစ်တဲ့ Stack overflow က ပင်မစက်ကြီးတခုထားပြီး အရံတွေနဲ့ အလုပ်လုပ်နေတာဖြစ်တယ်။ ဒါကြောင့် မူတည်တယ်လို့ ပြောတာပါ။ ဒါကတော့ software engineering ရဲ့ scaling ဖြစ်ပါတယ်။
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
ဆံပင်ကျွတ်ခြင်းကို ကာကွယ်ရန် အကောင်းဆုံးဆံပင်ပုံစံက ဘာလဲ။
ဆံပင်ကျွတ်ခြင်းမဖြစ်အောင် ရိုးရှင်းသောဆံပင်ပုံစံများ ကျစ်ဆံမြီး ကျစ်ဆံမြီးသည် ဆံပင်ကျွတ်ခြင်းမဖြစ်အောင်နှင့် ရိုးရှင်းလှပတဲ့ ဆံပင်ပုံစံတစ်ခုဖြစ်သည်။ ဆံချည်မျှင်များ လုံးထွေးမနေတော့ပဲ ဆံပင်ကျွတ်ခြင်းကိုသက်သာစေပါသည်။ ကျစ်ဆံမြီးတစ်ခုတည်း၊ pigtails၊ boxer braids သို့မဟုတ် fishtail braid ကိုပင်သင်ရွေးချယ်နိုင်သည်။ ဆံပင်ကျစ်လျှင် အမြစ်များမနာစေရန် တင်းကြပ်စွာမကျစ်မိအောင် သတိထားရပါမည်။
Burmese
mya
re-annotations
8788b7336e0e8943d25fdfe3441fd19e4f6dcf3073bd5a5a148861453151a474
software engineering မှာ HTTP ဆိုတာက ဘာလဲ။ HTTP ကို ကွန်ပျူတာတွေအကြားက ဘာသာစကားလို့ ဘာကြောင့် တင်စားကြတာလဲ။ HTTP နဲ့ REST API တူသလား။
အင်တာနက် ကွန်ယက်ကြီးထဲမှာ ဖုန်း၊ ကွန်ပျူတာ စသဖြင့် မတူညီတဲ့ device တွေက ဘီလီယံနဲ့ချီပြီး ရှိကြပါတယ်။ ဒီ device တွေအကြား အချင်းချင်း ဆက်သွယ်ဖို့ တူညီတဲ့ ဘုံ ဘာသာစကာား တခုခု ရှိမထားဘူးဆိုရင် ကွန်ယက်ကြီးက သူပြောတာကိုယ်နားမလည်၊ ကိုယ်ပြောတာ သူနားမလည်ဖြစ်နေမှာပါ။ HTTP ကို ကျွန်တော်တို့ ဒီရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့ကြတာပါ။ ကမ္ဘာရဲ့ ဒီဖက်ခြမ်းမှာရှိတဲ့ ဖုန်းကနေ တခါမှ မမြင်ဖူးတဲ့ ​မြောက်အမေရိကတိုက်က device တခုကို လှမ်းဆက်သွယ်တဲ့အခါ အချင်းချင်း နားလည်ကြဖို့ဆိုရင် ဘယ်လိုအချက်ပြမယ်၊ ဘယ်စကားလုံးက ဘာကိုဆိုလိုပါတယ် စသဖြင့် ကြိုဇာတ်တိုက်ထားရပါလိမ့်မယ်။ ဒါကိုပဲ protocol လို့ခေါ်တာဖြစ်တယ်။ အချင်းချင်း တခါမှမမြင်ဖူးတဲ့ လူနှစ်ယောက် ရုပ်ရှင်ရုံရှေ့ ချိန်းထားကြတယ်လို့ မြင်ယောင်ကြည့်ပါ။ ငါအနီလေး ဝတ်လာခဲ့မယ်။ ငါ့ကိုတွေ့ရင် လက်ထောင်ပြလိုက်၊ ဒါဆို ငါ နင့်ဆီလျှောက်လာခဲ့မယ်လို့ ကြိုညှိထားတယ်လို့ ဆိုပါစို့။ ဒါက protocol ရဲ့သဘောဖြစ်တယ်။ device နှစ်ခုကို စက်ရုံတခုတည်းက ထုတ်ထားတာ ဖြစ်ဖို့ မလိုသလို သူတို့ချင်း ဆက်သွယ်နိုင်ဖို့ သီးသန့် ညှိနှိုင်းစရာလည်း မလိုပါဘူး။ ဒီလိုမျိုး device တိုင်းက နားလည်နိုင်အောင် ကြိုတင် သဘောတူထားတဲ့ protocol တွေထဲမှာမှ HTTP protocol ကတော့ နာမည်အကျော်ဆုံးနဲ့ အင်တာနက်ပေါ် နေရာအယူထားဆုံး protocol တခုဖြစ်တယ်။ HTTP အကြောင်းပြောရင် client - server မော်ဒယ်အတွဲက မပါမဖြစ်ပါပဲ။ device တခုက HTTP protocol ကိုသုံးပြီး နောက်ထပ် device တခုကို ဆက်သွယ်တယ်လို့ ဆိုပါစို့။ စဆက်သွယ်တဲ့ device ကို client လို့ သမုတ်ကြပါတယ်။ မှတ်ထားရမှာက ကိုယ့်ဖက်က စဆက်သွယ်ချင်ရင် ဆက်သွယ်နိုင်ဖို့ လိုအပ်တာတွေကို ပြင်ဆင်ထားရပါမယ်။ ဆက်သွယ်ခံရတဲ့ device ကိုတော့ server လို့သတ်မှတ်ကြပါတယ်။ ဒီနေရာမှာလည်း ခုနကလိုပဲ ဆက်သွယ်ခံချင်ရင် ဆက်သွယ်ခံနိုင်အောင် ပြင်ဆင်ထားဖို့ လိုအပ်ပြန်ပါတယ်။ HTTP ကမ္ဘာမှာ ကိုယ့်ဖက်က စဆက်သွယ်နိုင်ဖို့အတွက် device ပေါ်မှာ HTTP client ရှိထားဖို့ လိုအပ်ပါတယ်။ HTTP client က connection တည်ဆောက်တာနဲ့ စီမံခန့်ခွဲတာ၊ request တည်ဆောက်တာနဲ့ ပေးပို့တာ၊ response ကိုစောင့်ကြည့်ပေးတာ စသဖြင့် တာဝန်ယူပြီး Chrome, Safari, Firefox စတဲ့ Browser တွေက အတွေ့ရများဆုံး HTTP client တွေပဲဖြစ်တယ်။ ဒါတင်မကပဲ terminal ကနေ တိုက်ရိုက်သုံးနိုင်တဲ့ curl စတဲ့ CLI HTTP client တွေရှိသလို Android OS နဲ့အတူ ပါရှိတဲ့ Apache လို Client Library အနေနဲ့လည်း တွေ့ရနိုင်တယ်။ HTTP server အကြောင်း မပြောခင်မှာ server ဆိုတဲ့ အသုံးအနှုန်းအကြောင်း အရင်နားလည်ထားစေချင်ပါတယ်။ software တခုလည်ပတ်ဖို့ လိုအပ်တဲ့ hardware ကို physical host လို့ခေါ်ပြီး အဲဒီ hardware ကို server လို့ခေါ်တယ်။ တခါ server ဆီရောက်လာမယ့် request တွေကို hardware ရဲ့ port တခုခုမှာ မပြတ်စောင့်ကြည့်နေနိုင်ဖို့ software တွေလိုအပ်ပြီး အဲဒီ software တွေကိုတော့ web server လို့ခေါ်ကြပါတယ်။ Apache နဲ့ Nginx တို့က နာမည်ကျော် web server software တွေပေါ့။ ဒါပေမယ့် အဲဒီ web server တွေက ကြားခံသက်သက်သာဖြစ်ပြီး request ကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်တဲ့ အစိတ်အပိုင်းတွေ မဟုတ်ပါဘူး။ တကယ်တမ်း web server တွေဆီက request ကို လက်ခံပြီး စိစစ်ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ကတော့ C++ Java PHP စတဲ့ programming language တွေနဲ့ server-side program တွေကိုတည်ဆောက်ရပါတယ်။ ဒီတော့ HTTP ကမ္ဘာမှာ server လို့ပြောရင် ကြားခံဖြစ်တဲ့ Web Server ကလည်း HTTP protocol ကိုနားလည်ဖို့ လိုအပ်သလို server program ကလည်း HTTP ကိုနားလည်ပြီး request တွေဖြည့်ဆည်းပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့ HTTP protocol ကိုအသုံးပြုပြီး ဆက်သွယ်မှုတခု ပြုလုပ်ခဲ့ရင် ဒါကို request ပို့တယ်လို့ ခေါ်ဝေါ်ကြောင်း သိလောက်ရောပေါ့။ HTTP request တခုမှာ server ပေါ်က ဘယ် resource ကိုဆိုလိုကြောင်း ညွှန်းတဲ့ url နဲ့ အဲဒီ resource ကိုဘာလုပ်ချင်တယ်ဆိုတဲ့ HTTP verb (ဥပမာ GET, POST) တို့ပါဝင်ကြတယ်။ server ဖက်က ဒီ request ကို လက်ခံရရှိတဲ့အခါ စိစစ်ပြီး အကြောင်းပြန်လိုက်တာကို response ပြန်တယ်လို့ ခေါ်တယ်။ အဲဒီ response မှာ တောင်းဆိုလာတဲ့ request က ပြီးမြောက်လား၊ ငြင်းခံရသလား ဒါမှမဟုတ်ပဲ နောက်တနေရာကို ထပ်တောင်းဆိုရမလား စသဖြင့် နားလည်စေမယ့် HTTP Status Code တခု ပါပါမယ်။ browser တွေမှာ မြင်နေရကျ 404 Not Found ဆိုတာ တောင်းဆိုလိုက်တဲ့ resource ကို server မှာရှာမတွေ့တဲ့အတွက် request မအောင်မြင်ပါလို့ အကြောင်းပြန်လိုက်တဲ့ သဘောပါပဲ။ ဒီတော့ request တခု အောင်မြင်သည်ဖြစ်စေ၊ အငြင်းခံရသည်ဖြစ်စေ server ဖက်က response ပြန်ကိုပြန်မှာဖြစ်လို့ request ရဲ့ အခြေအနေကို သိချင်ရင် status code ကိုသာ ဖတ်ရမှာဖြစ်တယ်။ ရှေ့တခေါက်မှာ RESTful API တွေအကြောင်း ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ HTTP protocol ကို device တွေပေါ်က application program တွေကြား အချက်အလက် ဖလှယ်ဖို့အတွက် သုံးတာဖြစ်လို့ HTTP ကို application protocol လို့လည်း ရည်ညွှန်းကြပါတယ်။ ဥပမာ Facebook Mobile App က /posts ဆိုတဲ့ url မှာ GET ဆိုတဲ့ HTTP verb အသုံးပြုပြီး Facebook Server ဆီက post တွေ လှမ်းတောင်းယူနိုင်တယ်။ ဒါပေမယ့် GET အစား DELETE နဲ့ကော post တွေ တောင်းယူနိုင်အောင် Facebook Server က ပြင်ထားပေးလို့ မရဘူးလားလို့ မေးရင် ရပါတယ်လို့ ဖြေရပါလိမ့်မယ်။ ဒါပေမယ့် အဲလို​လုပ်ချင်သလိုသာ လုပ်ကြမယ်ဆိုရင် အင်္ဂလိပ် စကားချင်း အတူတူ တမြို့မှာ အဓိပ္ပါယ်တမျိုး ဆိုသလို ဖြစ်တော့မှာပေါ့။ ဒါကြောင့် REST ရဲ့ အခြေခံ အိုင်ဒီယာက HTTP ကို ကမောက်ကမတွေ မလုပ်ကြပဲ စနစ်တကျ အသုံးပြုကြဖို့ ကြပ်မတ်ထိန်းသိမ်းထားဖို့ ဖြစ်တယ်။ HTTP က application protocol သာဖြစ်တဲ့အတွက် သူ့မှာ program တွေကြား ဖလှယ်ကြတဲ့ အချက်အလက်တွေကို ဘယ်လိုဖော်ပြမယ်ဆိုတဲ့ သတ်မှတ်ချက်တွေတော့ မပါဝင်ပါဘူး။ ဖော်ပြဖို့အတွက် ရွေးချယ်စရာတွေထဲမှာ Json နဲ့ XML နှစ်ခုက လူသုံးအများဆုံးဖြစ်တယ်။ ဥပမာ Facebook Server အနေနဲ့ Facebook App ဆီက /posts အတွက် GET request ကိုလက်ခံရတဲ့အခါ response နဲ့အတူ post တွေ ပြန်ထည့်ပေးမှာဖြစ်တယ်။ ဒါပေမယ့် post တွေကို JSON နဲ့ပေးသလား။ XML နဲ့ပေးမှာလား ဆိုတာကတော့ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်အောင် ရွေးချယ်နိုင်တာဖြစ်တဲ့အတွက် ဆန္ဒရှိရင် REST အစား HTTP နဲ့ XML ကိုပူးတွဲအသုံးချတဲ့ SOAP API တွေလည်း တည်ဆောက်နိုင်သေးတယ်။
Burmese
mya
re-annotations
cb9cb96c96687d80a63f87d50451dcdbb5a9e1158d6331541d42d7ac09485ded
ဆွစ်ဇာလန် အယ်လ်ပစ် တောင်တန်းတွေက ဘယ်မှာလဲ။ အထက်ပါမေးခွန်းကို ကြည့်ပြီး အဖြေပါဝင်တဲ့ စကားစပ်ကို ရေးပါ။ ဝါကျ ၁-၂၀ လောက်လည်း ဖြစ်နိုင်တယ်။ နောက်ခံအကြောင်းအရာ:
အဲလ်ပ်စ်သည် ဥရောပတိုက်အလယ်ပိုင်းတွင် အမြင့်ဆုံးနှင့် အကျယ်ပြန့်ဆုံးသော တောင်တန်းစနစ်ဖြစ်သည်။ တောင်တန်းသည် မိုင်ပေါင်း ၇၅၀ ခန့် (ကီလိုမီတာ ၁၂၀၀) ခန့် ရှည်လျားပြီး အယ်လ်ပိုင်းဒေသ ရှစ်နိုင်ငံ ဖြစ်သည့် ပြင်သစ်၊ ဆွစ်ဇာလန်၊ မိုနာကို၊ အီတလီ၊ လစ်ချ်တင်စတိန်း၊ သြစတြီးယား၊ ဂျာမနီနှင့် စလိုဗေးနီးယားတို့ ကိုဖြတ်သွားသည်။
Burmese
mya
re-annotations
fb7a8800746abd247a1156d056f869b5dffa1b941e662c0151d974cde6de0cd8
ပထမဝါကျ: ဒါက Hanover Township ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး နောက်မှာ Florham Park အဖြစ် ၁၈၉၉ မှာ Chatham Township အဖြစ် မှတ်တမ်းတင်မထားခင်ပါ။ ဝါကျ (၂): ဒါက Hanover Township ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး နောက်တော့ Florham Park အဖြစ် ၁၈၉၉ မှာ Chatham Township အဖြစ် မပေါင်းစည်းခင်ပါ။ မေးခွန်း၊ ပထမဝါကျနဲ့ ဒုတိယဝါကျက တူညီတဲ့ အဓိပ္ပါယ်ကို ဖော်ပြလား? ဟုတ်လား၊ မဟုတ်ဘူးလား။
ဟုတ်ပါတယ်
Burmese
mya
re-annotations
d4fb278183f44a5951d097c2cdb246e4261dfd31f681f3a92fae310059a2016a
မေး: Mr နဲ့ Mrs Bigger တို့မှာ ကလေးတစ်ယောက်ရှိရင် သူတို့မိသားစုသုံးယောက်ထဲမှာ ဘယ်သူက အကြီးဆုံးဖြစ်မလဲ။ ဖြေ : ကလေးက နည်းနည်းပိုကြီးနေလို့ပါ! အထက်က ဟာသက ဘာလိုချင်တယ်လို့ ထင်လဲ။
ရှင်းပြချက်- တစ်ခုခုက အခြားတစ်ခုထက် နည်းနည်းပိုကြီးနေရင် ဒါက ပိုကြီးတယ်လို့ ဆိုလိုပါတယ်။ ဥပမာ၊ ဂရိတ်ဖရုသီးက လိမ္မော်သီးထက် နည်းနည်းကြီးတယ်လို့ ပြောနိုင်ပါတယ်။ တစ်ခါတစ်လေ အတော်ကြီးမားပါတယ်။ လူတစ်ယောက်ရဲ့ မိသားစုအမည်က Bigger ဆိုရင် အခြေအနေတွေက ပိုရှုပ်ထွေးလာပါတယ်။ ဒီကိစ္စမှာ ကလေးငယ်ကို သေးငယ်သူ (သို့) သေးငယ်တဲ့ ပိုကြီးသူ(a little bigger) လို့ ရည်ညွှန်းတယ်၊ တကယ်တော့ ကလေးဖြစ်တာကြောင့် ပိုသေးတဲ့သူပါ။ ဒီပြက်လုံးက ရယ်စရာဖြစ်တာက ကလေးက မိဘတွေထက် နည်းနည်းလေး မကြီးနိုင်လို့ပါ။
Burmese
mya
re-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
backend မှာ JWT token ကို invalidate လုပ်ချင်တယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ Beginners တွေ နားလည်အောင် ပြောပြပေးနိုင်မလား
JWT နဲ့မရင်းနှီးတဲ့သူတွေအတွက် အကြမ်းပြောရရင် Jwt ဆိုတာ OAuth token တမျိုးပါပဲ။ token ရဲ့ပိုင်ရှင် ဘယ်သူဖြစ်တယ်၊ token ကို ဘယ်အချိန်က တည်ဆောက်ခဲ့တယ်၊ ဘယ်အချိန်မှာ expire ဖြစ်မယ်စတဲ့ claim တွေပါတဲ့ payload ကို server ကပဲသိနိုင်တဲ့ signature နဲ့ဆက်တယ်။ token ကို ဘယ်သူမဆို decode လို့ရပြီး token ထဲဘာတွေပါလဲ ဖွင့်ကြည့်နိုင်တယ်။ JWT ရဲ့အားသာချက်က federated trust ပါ။ token ထဲမှာ လိုအပ်တဲ့ အချက်အလက်တွေ အကုန်ပါပြီးတဲ့အတွက် backend service တွေအနေနဲ့ တောင်းဆိုလာတဲ့ request ကို လိုက်လျောမလျော ဆုံးဖြတ်ဖို့ token က ကောင်းသေးရဲ့လားလို့ စစ်ဆေးရုံပါပဲ။ ဥပမာ ရုံးထဲဝင်ဖို့ ဝန်ထမ်းကဒ်လိုပေါ့။ တာဝန်ကျ လုံခြုံရေး အနေနဲ့ ဝန်ထမ်းကဒ်ကို ကြည့်ပြီး ပေးဝင်မဝင် ဆုံးဖြတ်နိုင်တယ်။ JWT token ကို invalidate လုပ်လို့ရလားဆိုရင် ရပါတယ်။ ဘယ် user ဒါမှမဟုတ် ဘယ် audience ရဲ့ token ကို invalidate လုပ်လိုက်တယ်ဆိုတဲ့ မှတ်တမ်းကို db ထဲထည့်သိမ်းထားလို့ ရပါတယ်။ ဒီအတွက် redis လို in-memory db ကိုသုံးကြပေမယ့် ချွင်းချက်တခုက Auth service ခွဲတွေ အများကြီး ရှိလာတဲ့အခါ consistency ထိနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ Lua instruction တိုက်ရိုက်ပေးပြီး အလုပ်လုပ်စေနိုင်ပေမယ့် ဒါကလည်း durable ဖြစ်လှတဲ့ အဖြေတော့ မဟုတ်ဘူး။ လစဥ်ကြေးပေးပြီး သုံးရတဲ့ subscription-oriented platform တွေမှာဆိုရင် ဒီအချက်က အရေးကြီးတဲ့အတွက် disk နဲ့တွဲပြီး eventual consistent model ကို အသုံးပြုသင့်တယ်။ ဥပမာ DynamoDb ဒါပေမယ့် JWT token တွေကို invalidate လုပ်တာ လုံးဝအားမပေးပါဘူး။ အဲဒီအစား JWT မသုံးပဲ နေသင့်ပါတယ်။ ဘာလို့လဲဆိုတော့ JWT ရဲ့သဘာဝက token ဘယ်အချိန်မှာ expire ဖြစ်မလဲလို့ ပါပြီးသား ဖြစ်တဲ့အတွက် server က အဲအချိန်အတိုင်ခင် ကြိုပြီး invalidate လုပ်ဖို့ ရှိလာပြီဆိုရင် အနှစ်သာရဖြစ်တဲ့ federated trust ကျိုးပေါက် သွားပါလိမ့်မယ်။ app တခုရဲ့ Identity flow အကြမ်းဖျင်းက ဒီလိုရှိနိုင်တယ်။ token service အနေနဲ့ user credential ကို တိုက်ရိုက် ဒါမှမဟုတ် လိုအပ်ရင် 3rd party (ဥပမာ Facebook, Google) နဲ့ ပြန်စစ်ပြီး user identity ကိုအတည်ပြုမယ်။ မှန်ကန်ရင် Authorizer service ကိုဆက်သွယ်ပြီး token တည်ဆောက်မယ်။ ဒီနေရာမှာ AWS စတိုင်ဆိုရင် Authorizer က faas (lambda function) ပေါ့။ ရလာတဲ့ token က client အတွက် ဝန်ထမ်းကဒ်ပါပဲ။ ဝန်ထမ်းကဒ်ပြပြီး သတ်မှတ်အခန်းတွေကို ဝင်လို့ရပါတယ်။ gateway အနေနဲ့ ပို့လာတဲ့ token မကျိုးပေါက်သရွေ့၊ expire မဖြစ်သေးသရွေ့ request ကိုလိုက်လျောဖို့ တာဝန်ရှိတယ်။ ဒါပေမယ့် token ကို invalidate လုပ်ဖို့ ဆုံးဖြတ်ခဲ့ရင် gateway အနေနဲ့ Token service ဆီ စုံစမ်းရပါတော့မယ်။ အခုတော့ လုံခြုံရေးအရာရှိက ကဒ်ကို ကြည့်ရုံတင်မကဘူး။ ဝန်ထမ်းဌာနကို ဖုန်းဆက်ပြီး ဒီကဒ်က တရားဝင်သေးလားလို့ အကြိမ်တိုင်းမှာ လှမ်းမေးရတော့မှာပါ။ ဒီ overhead ကိုလျှော့ချဖို့အတွက် identity service တွေကို gateway ဆီ ပို့ပစ်ထားသင့်ပါတယ်။ တခါ token ကို ထပ်အတည်ပြုရဦးမှာဖြစ်လို့ token encryption နဲ့ encode/decode အတွက် CPU cycle တွေ မသုံးတော့ပဲ jwt လောက် overhead မများမယ့် token မျိုး သုံးသင့်တယ်။ အရေးကြီးဆုံးအချက်က jwt ကို session လိုမသုံးဖို့ပါပဲ။ ဒါပေမယ့် အခု ပြောသွားသမျှက principle တွေမဟုတ်ပဲ ကျွန်တော့်အမြင်သက်သက်ပဲမို့ လိုအပ်သလို adapt လုပ်သင့်ပါတယ်ခင်ဗျာ။ မှတ်ချက်။ ။ CodeHub with Harry မှ Harry Yan ရဲ့ ၂၀၂၃ သြဂုတ်လမှ ဆောင်းပါးတပုဒ်ဆီက ကောက်နှုတ်ထားပါတယ်
Burmese
mya
original-annotations
50e1969f113153c8928e4305090b0fdefd46918cba4440577c9ded9b69d1010d
Ai ဆိုတာဘာလဲ။
Artificial Intelligence ဆိုသည်မှာ လူသားတို့၏ ဉာဏ်ရည်ဉာဏ်သွေး လုပ်ငန်းစဉ်များ အထူးသဖြင့် ကွန်ပျူတာစနစ်များကို စက်များဖြင့် ပုံဖော်ခြင်း ဖြစ်သည်။ AI ၏ သီးခြားအပလီကေးရှင်းများတွင် ကျွမ်းကျင်သူစနစ်များ၊ သဘာဝဘာသာစကားဖြင့် လုပ်ဆောင်ခြင်း၊ စကားပြောမှတ်သားခြင်းနှင့် စက်ရူပါရုံတို့ ပါဝင်သည်။ ယေဘုယျအားဖြင့်၊ AI စနစ်များသည် တံဆိပ်တပ်ထားသော လေ့ကျင့်ရေးဒေတာ အများအပြားကို ထည့်သွင်းကာ ဆက်စပ်မှုနှင့် ပုံစံများအတွက် ဒေတာများကို ပိုင်းခြားစိတ်ဖြာကာ အနာဂတ်အခြေအနေများနှင့် ပတ်သက်၍ ခန့်မှန်းချက်များကို ပြုလုပ်ရန် ဤပုံစံများကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်သည်။ ဤနည်းအားဖြင့်၊ စာသားနမူနာများကို ကျွေးမွေးသော chatbot သည် လူများနှင့် တစ်သက်တာ ဖလှယ်မှုများ ပြုလုပ်ရန် သင်ယူနိုင်သည်၊ သို့မဟုတ် ရုပ်ပုံမှတ်သားမှုတူးလ်တစ်ခုသည် ဥပမာသန်းပေါင်းများစွာကို ပြန်လည်သုံးသပ်ခြင်းဖြင့် ပုံများတွင် အရာဝတ္ထုများကို ခွဲခြားဖော်ပြရန်နှင့် ဖော်ပြရန် သင်ယူနိုင်သည်။ အသစ်၊ လျင်မြန်စွာ တိုးတက်လာသော AI နည်းပညာများသည် လက်တွေ့ဆန်သော စာသားများ၊ ရုပ်ပုံများ၊ ဂီတနှင့် အခြားမီဒီယာများကို ဖန်တီးနိုင်သည်။
Burmese
mya
original-annotations
2ded88a25d5820971b7158ebbad34357e8b5d33a77535d24a6213ccce8ddeacc
Roselyn က Mara ကို Rebecca ထက်စာအုပ် ၃ဆ ပိုပေးတော့ ၆၀ ပဲကျန်ပါတယ်။ Rebecca မှာ စာအုပ် ၄၀ ရှိတယ်ဆိုရင် Roselyn မှာ အရင်က ဘယ်နှအုပ်ရှိလဲ။
Roselyn က Rebecca ကို စာအုပ် ၄၀ နဲ့ Mara ကို အဲဒီထက် ၃ ဆ ပေးခဲ့ရင် Mara မှာ ၃ x ၄၀ = ၁၂၀ ရှိတယ်။ Rebecca နဲ့ Mara ရဲ့ စုစုပေါင်း စာအုပ် အရေအတွက်က ၁၂၀ + ၄၀ = ၁၆၀ ပါ။ Roselyn က Mara နဲ့ Rebecca ကို စာအုပ် ၁၆၀ ပေးတယ်ဆိုရင် သူ့မှာကျန်တဲ့ စာအုပ် ၆၀နဲ့ အစက သူ့မှာ စုစုပေါင်း ၆၀ + ၁၆၀ = ၂၂၀ ရှိပါတယ်။ နောက်ဆုံး အဖြေက ၂၂၀ ပါ။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c
ဦးအောင်ဆန်းဦးရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မှတ်ချက်တချို့ ကို ပြောပြပေးပါဦး။
နိုင်ငံလူထုက လေးစားချစ်ခင်ရတဲ့ ညီမအရင်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဦးအောင်ဆန်းဦးက သူတို့နှစ်ဦးကြားမှာ ငယ်ဘဝ အမှတ်တရတွေလည်း ဘာမှမရှိသလို သူမရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာလည်း ဂုဏ်ယူစရာ ဘာမှမရှိဘူးလို့ အတိအလင်း ဖြေဆိုခဲ့ဖူးပါတယ်။
Burmese
mya
re-annotations
1c6b93dcb7d4116e9d2b73bf32b8619794945e4ebe97956aacc6705c1d42029c